Subscribe to our RSS Feed

မြစ်ကြီးနားတွင် ကျောက်မျက်ဈေး တည်ဆောက်မည်

From : ..7day



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တွင် တရားဝင်ကျောက်မျက်ဈေး တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မြစ်ကြီး နား)မှ သတင်းရရှိသည်။

နိုင်ငံတော်အစိုးရ၊ ကချင် ပြည်နယ်အစိုးရတို့၏ ခွင့်ပြုချက် ဖြင့် မြစ်ကြီးနားမြို့၊ စီတာပူရပ်၊ စက်မှုရပ်ကွက်ဘေးရှိ မြေ ၁၅ ဧကပေါ်တွင် ဧပြီလဆန်း ၃ ရက် မှစ၍ ကျောက်မျက်ဈေးတည် ဆောက်မည်ဖြစ်ကြောင်း မြစ်ကြီးနားကျောက်မျက်အသင်း ဒု-ဥက္ကဋ္ဌ ဦးလခရိလအောင်က ပြောသည်။

မြစ်ကြီးနားမြို့တွင် ကျောက်မျက်တရားဝင် တင်ဆောင်ရောင်းဝယ်ခွင့်မရှိသေးဘဲ လတ်တလောတွင် တရားမ၀င်ကြိတ်ဝိုင်းအနေဖြင့် ကျောက်မျက်အရောင်းအ၀ယ်လုပ်နေရကြောင်း၊ ဈေးတည်ဆောက်ပြီးလျှင်မူ တရားဝင်ခွင့်ပြုချက်ဖြင့် ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းဝယ်လာနိုင်မည်ဖြစ်ကြောင်းမြစ်ကြီးနား ကျောက်မျက်အသင်း အတွင်းရေးမှူးဦးတူးခေါင်က ဆိုသည်။

ဈေးတည်ဆောက်ရာတွင် ကျောက်မျက်အချောထည်ထုတ် စက်ရုံများ၊ ဈေးတွင် အခွန်ဆောင်ပြီး ပြည်ပတိုက်ရိုက်ရောင်းချနိုင် သည့် (OSS) ကဲ့သို့ လိုင်စင်ထုတ်ပေးခြင်းများ၊ နိုင်ငံတကာအဆင့်မီ ကျောက်မျက်အရောင်းပြခန်းများ၊ စူပါမားကက်စသည်တို့ပါဝင်ရန် ဇုန်လေးဇုန်ခွဲ၍ အဆင့်လိုက် တည်ဆောက်မည်ဖြစ်ကြောင်း ပထမအဆင့်ဇုန်တစ်အနေဖြင့် တစ်ထပ်ဆိုင်းခန်း ၁၄၀ ကျော်ကို အချိန်ခြောက်လအတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ဦးလခရိလအောင်က ပြောသည်။

မြစ်ကြီးနားတွင် တရားဝင် ကျောက်ဝိုင်းမရှိသဖြင့် ခိုးကြောင်ခိုးဝှက် အရောင်းအ၀ယ်လုပ်နေရပြီး နိုင်ငံတော်အတွက်လည်း အခွန်ငွေမရရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ထံ ခွင့်ပြုချက်တောင်းခံခဲ့ပြီး တရားဝင်ကျောက်မျက် ရောင်းဝယ်ခွင့်၊ နိုင်ငံတော်အတွက် အခွန်ငွေ၊ ဒေသတွင်း အလုပ်အကိုင်များ ရရှိစေရန် ကျောက်မျက်ဈေး တည်ဆောက်ခြင်းဖြစ်ကြောင်း ဦးလခရိလအောင်က ဆိုသည်။

ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မြစ်ကြီးနားတို့တွင် နိုင်ငံတကာအဆင့်မီ ကျောက်မျက်ဈေးသစ်များ တည်ဆောက်နေပြီး လာမည့်နှစ်များမှစ၍ ၎င်းဈေးသစ်များ၌ အဆင့်နိမ့်ကျောက်မျက်ပြပွဲများ ကျင်းပနိုင်ရန် စီစဉ်နေကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရဖွဲ့ သစ်တောနှင့်သတ္တုဝန်ကြီးဦးသန်းစိုးမြင့်က ပြောသည်။


 .. www.MyanmarExpress.net
 

1 comments:

oမ ကွေး တိုင် ပ ခုက္ကူ မြို့ မြို့ ပတ် လမ်း (အာ စီယံ ) တွင် အိမ် များ စား သောက် ဆိုင် များ ဆီပန့် ဆိုင် များ လမ်းဘေး ဝဲရာ တွင် ပခုက္ကူ အာ ဏာပိုင် အ ဖွဲ့အ စည်း မှလဒ် လာ ဘတ် ယူ ပြိး အကွက် ချ ယူ ခြင်း ယာ မြေ များ ကို အ ခြား လူ များ မှ ဝယ် ပြိး အာ ဏာ ပိုင် အ ဖွဲ့ နှင့် ပေါင်း ပြိး နေ ရာ များ ခွဲ ယူ ခြင်း ပြု လုပ် နေ ပါ သည် ပ ခုက္ကူ မြို့ ပတ် လမ်း သည် အ နီး ငယ် ကျင်း ပါ သည် ဒါ ကြောင့် လမ် ဘေး ဝဲ ရာ ဆိုင် များ အိမ် ရာ များ ဆီပန့် ဆိုင် များ မ ထား သင့် ပါ သံ စ ကာ ခပ် သင့် ပါ သည် နေ ပြည် တော် မှ ဆင်း ပြိး စစ် ဆေး ပေး ပါ ရန် တင် ပြ အပ် ပါ သည်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်