Subscribe to our RSS Feed

ဆိပ်ကမ်းရောက် ကုန်သေတ္တာများ စစ်ဆေးသော ပုံစံပြောင်းလဲ

From : ..7day

အကောက်ခွန်ဦးစီးဌာန ဆိပ်ကမ်းသို့ ရောက်ရှိလာသော ကုန်သေတ္တာများကို တစ်လုံးချင်း ဖွင့်ဖောက်စစ်ဆေးသောစနစ် မပြုလုပ်တော့ဘဲ မဲနှိုက်စစ်ဆေးသောစနစ် ပြောင်းလဲကျင့်သုံးနေကြောင်း အကောက်ခွန်ဦးစီးဌာနမှ သတင်းရရှိသည်။

ကုန်သေတ္တာများ စစ်ဆေးရာတွင် ယခင်က တစ်လုံးချင်း ဖွင့်ဖောက်စစ်ဆေးခဲ့ပြီး ယခု မဲနှိုက်စစ်ဆေးသော စနစ်အရ ကုန်သေတ္တာ ၁၀ လုံးလျှင် တစ်လုံးကို X-Ray ဖြင့် စစ်ဆေးပြီး နှစ်လုံးကို အလုံးစုံ ဖွင့်ဖောက်စစ်ဆေးသည်။
ကျန်ခုနစ်လုံးအားစစ်ဆေးခြင်း မရှိတော့ကြောင်း အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူက ပြောကြားသည်။

“အခု ဒီ Risk Management (စွန့်စားစီမံခန့်ခွဲမှု) စနစ်ကို အေးရှားဝေါလ် ဆိပ်ကမ်းနဲ့ အမ်အိုင်ပီ (မြန်မာ့စက်မှုဆိပ်ကမ်း) မှာစပြီး အသုံးပြုနေပါပြီ” ဟု အကောက်ခွန်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညွန့်စိန်က ပြောကြားသည်။

ယခုကဲ့သို့ အကောက်ခွန် ဦးစီးဌာနက ဖြေလျှော့ပေးလိုက်သောကြောင့် ဆိပ်ကမ်းများတွင် ကုန်သေတ္တာသယ်ကားများ ကျပ်တည်းမှု မရှိတော့ကြောင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ဒါက အကောက်ခွန်ရဲ့ အကြီးမားဆုံး ဖြေလျှော့မှုပါပဲ” ဟု ၎င်းက ပြောသည်။

နိုင်ငံတကာတွင် အသုံးပြုနေသော Risk Mangement (စွန့်စားစီမံခန့်ခွဲမှု) စနစ်သည် ကုန်သေတ္တာတင်ပို့သော ကုမ္ပဏီ၏ နာမည်ကျော် ရှိ၊ မရှိကို ကြည့်ခြင်း၊ ကုန်သေတ္တာတွင်ပါသော ပစ္စည်းမှာ အလွယ်တကူ စစ်ဆေးရသော ပစ္စည်းများဖြစ်ခြင်း၊ အမျိုးအမည် နည်းသော ပစ္စည်းများဖြစ်ခြင်းတို့ကိုကြည့်၍ ကျင့်သုံးခြင်းဖြစ်သည်။

ယင်းစနစ်ကို အကောက်ခွန်ဦးစီးဌာနက မတ်လ ၄ ရက်မှ စတင်အသုံးပြုနေခြင်း ဖြစ်သည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်