Subscribe to our RSS Feed

မူလတန်းပြ ဆရာ၊ ဆရာမ တစ်သောင်း တိုးမြှင့်ခန့်မည်

From : ..myanmar times

ဘုန်းတော်ကြီးသင် စာသင်ကျောင်းတစ်ကျောင်း၌ ဆရာမတစ်ဦးက ကလေးငယ်များကို စာပေသင်ကြားပေးနေစဉ်။ ကောင်းထက်/မြန်မာတိုင်း(မ်)ဘုန်းတော်ကြီးသင် စာသင်ကျောင်းတစ်ကျောင်း၌ ဆရာမတစ်ဦးက ကလေးငယ်များကို စာပေသင်ကြားပေးနေစဉ်။ ကောင်းထက်/မြန်မာတိုင်း(မ်)
သင်ကြားရေး ဆရာ၊ ဆရာမအင်အား လိုအပ်ချက်ရှိနေသည့် အခြေခံပညာ ရေးကဏ္ဍအတွက်
လာမည့်ပညာ သင်နှစ်အမီ မူလတန်းပြ ဆရာ၊ ဆရာမ အင်အား တစ်သောင်းတိုးမြှင့်ခန့်ထားမည်
ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက မတ်လ ၁၉ ရက်နေ့တွင် ပြော
ကြားသည်။
"နေရာဒေသအလိုက် လိုအပ်ချက်အရ အင်အားဖြည့်တင်းတဲ့သဘောပါ။ ဒေသအားလုံးမှာ မူပြ
ဆရာ၊ ဆရာမတွေ ခန့်ထားဖြည့်ဆည်းသွားမှာပါ။ ဦးစား ပေးအနေနဲ့ လိုအပ်ချက်ရှိနယ်တွေကို
ဦးတည်ဖြည့်ဆည်းသွားမယ်။ မူလတန်းပြ တစ်သောင်းဝန်းကျင်လောက် ခန့်အပ်သွားပါမယ်" ဟု
ပညာရေးဝန်ကြီးဌာန၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးကိုကိုတင်က ပြောကြားသည်။
သင်ကြားရေးဆရာ၊ ဆရာမအင်အား နှစ်သိန်းနီးပါးရှိသည့် မူလတန်းနှင့် မူလွန် အဆင့် အခြေခံ
ပညာရေးကဏ္ဍ အင်အားဖြည့်တင်းရာ၌ နယ်ဒေသများတွင် လက်ရှိလုပ်ကိုင်နေသော ဆွဲခန့် ဆရာ၊
ဆရာမများအား ဦးစားပေးခန့် အပ်သွားမည်ဟု သိရသည်။
မူလတန်းပြ ဆရာ၊ ဆရာမ၀န်ထမ်း၊ အခြေခံပညာ ကျောင်းများအတွက် အထွေထွေလုပ်သား
ဝန်ထမ်း၊ အငယ်တန်းစာရေးရာထူးနှင့် ရုံးအကူနေရာများအတွက် ၀န်ထမ်းလျှောက်လွှာများ ခေါ်ယူ
ခြင်းကို နိုင်ငံပိုင်သတင်းစာများတွင် မတ်လ ၁၇ ရက်နေ့မှ စတင်ပြီး ပညာရေး ၀န်ကြီးဌာနမှ
ကြေညာခဲ့သည်။
မူလတန်းပြဆရာ၊ ဆရာမ၀န်ထမ်း နေရာလျှောက်ထားလိုသူများအနေဖြင့် ဧပြီလ ၉ ရက်နေ့တွင်
ရေးဖြေစာမေးပွဲ ဖြေဆိုရမည်ဖြစ်ပြီး လာမည့်ပညာသင် နှစ်အမီ သင်ကြားရေးဆိုင်ရာ သင်တန်းများ
ကိုလည်း မေလအတွင်း တက်ရောက်ရမည်ဖြစ်သည်ဟုလည်း ဦးကိုကိုတင်က ပြောကြားသည်။
အစိုးရအဖွဲ့အနေဖြင့် နှစ်စဉ် ပညာရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ပြီး၊ ၂၀၁၂-၁၃
ပညာသင်နှစ်တွင် ငွေကျပ်ဘီလျံ ၆၀၀ ကျော် အသုံးပြုခဲ့သော်လည်း လာမည့်ပညာသင်နှစ်
အတွက် ငွေကျပ် ဘီလျံ ၉၀၀ အထိ တိုးမြှင့်သုံးစွဲမည်ဟု ဖေဖော်ဝါရီလအတွင်း ကယားပြည်နယ်
သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားခဲ့ဖူး
သည်။
ပြည်ထောင်စုအစိုးရအဖွဲ့၏ မလိုအပ်သော ရုံးအသုံးအဆောင်ပစ္စည်းများ ၀ယ်ယူအသုံးပြုရန်လျာ
ထားသည့် ငွေကျပ် ဘီလျံ ၃၀ ကျော်အား အခြေခံ ပညာရေးကဏ္ဍတွင် ဖြည့်ဆည်းပေးနိုင်ရန်
ဖေဖော်ဝါရီလအတွင်းက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သဘောတူညီခဲ့ပြီးဖြစ်သည်။
၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ပညာရေးကဏ္ဍ ဘတ်ဂျက်တိုးမြှင့်ရရှိခဲ့ရာ ပညာ ရေးဝန်ကြီးဌာနအနေ
ဖြင့် မူလတန်းပြ ဆရာ၊ ဆရာမအင်အား ဖြည့်တင်းခြင်း အပြင် အခြေခံပညာကျောင်းများ တည်
ဆောက်ပြုပြင်ခြင်းနှင့် ပညာရေးမှူးရုံးများ တိုးချဲ့ခြင်း၊ ဆောက်လုပ်ခြင်းတို့ အတွက် ဘတ်ဂျက်ခွဲဝေ
အသုံးပြုသွားမည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးကိုကိုတင်က ပြောသည်။
"ဥပဓိရုပ်ကောင်းမွန်တဲ့ အခြေခံပညာကျောင်းတွေဖြစ်လာဖို့ ပြင်သင့်တာပြင်၊ အသစ်ဆောက်သင့်
တာ ဆောက်သွားဖို့ရှိပါတယ်။ အသုံးပြုဖို့ အန္တရာယ်အဆင့်ရှိတဲ့ ကျောင်းတွေ လည်းရှိနေပါတယ်။
ပထမအနေနဲ့ အခြေခံပညာကျောင်း တစ်ထောင် လောက်ကို ဦးစားပေးပြုပြင်သွားဖို့ ရှိတယ်" ဟု
ဦးကိုကိုတင်က ပြောသည်။
မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပညာရေးမှူးရုံး ၁၈ ရုံးနှင့် မြို့နယ်ပညာရေးမှူးရုံး
ပေါင်း ၃၀၀ ကျော် ရှိသည့်အနက် လာမည့်ပညာသင်နှစ်မှ စတင်ပြီး တစ်နိုင်ငံလုံးရှိ ခရိုင် ၅၂ ခရိုင်
တွင် ခရိုင်ပညာရေးမှူးရုံးများ တိုးချဲ့ ဖွင့်လှစ်နိုင်ရန် အသစ်တည်ဆောက်သွားမည်ဖြစ်ကြောင်း
သိရသည်။
ပြီးခဲ့သည့်နှစ်တွင် ပညာရေးကဏ္ဍ အတွက် စုစုပေါင်းအသုံးစရိတ်၏ ၄ ဒသမ ၃ ရာခိုင်နှုန်းအသုံးပြု
ခဲ့သော်လည်း ယခုနှစ်တွင် ၅ ဒသမ ၈၄ ရာခိုင်နှုန်းခန့် တိုးမြှင့် သုံးစွဲသွားမည်ဖြစ်ကြောင်း
ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့သည့် ၂၀၁၃ - ၂၀၁၄ ပြည်ထောင်စု အစိုးရ၏ ရသုံးခန့်မှန်း
ခြေငွေစာရင်းအရ သိရသည်။

.. www.MyanmarExpress.net
 

11 comments:

ဖြစ်သင့်နေတာကြာပါပြီ နှစ်ပေါင်း ၂၀ လောက်နောက်ကျ နေပါတယ်

အရေအတွက်အရလိုအပ်နေတာမှန်ပါတယ်

ပိုအရေးကြီးတာက စေတနာ ဝါသနာ

အနစ်နာနဲ့ အရည်အချင်းတွေပါဖို့ လိုပါတယ်။

မင်းထက်တော့အရည်အချင်းရှိတဲ့လူတွေချည်းပါပဲ သားကြီးရယ်

မင်းထက်တော့အရည်အချင်းရှိတဲ့လူတွေချည်းပါပဲ သားကြီးရယ်

မင်းထက်တော့အရည်အချင်းရှိတဲ့လူတွေချည်းပါပဲ သားကြီးရယ်

ဗိုလ်တထောင်အထက(၄)ကျောင်းတွင်
အခြေခံကျောင်းများအတွတ်လုပ်သားဝန်ထမ်းများ
ခေါ်ရာမှာကျောင်းဝင်းတွင်းရှိကုလားများသာ
အဓိကထားခေါ်ဆိုနေပါတယ် ။
အထက(၄)မိန်းကလေးကျောင်းဝင်းထဲတွင်ကုလားတွေကိုလုပ်ပိုင်ခွင့်များ
ပေးထားပါတယ်ကျောင်းစောင့်ကုလားတဦးမှပေါက်ဖွားပြီးခုအချိန်မှာ
မိသားစုများစွာဖြင့်ကုလားလူပျိုပေါက်များစွာနေထိုင်နေပါတယ်
ကုလားများဟာကျောင်းဝင်းအတွင်းအအေးဘူးများထဲတွင်မူးယစ်စေသော
အရာများထည့်ရောင်းခြင်း၊ကုလားလူပျိုပေါက်များမှမိန်းကလေးများအား
မဖွယ်မရာလုပ်ပြခြင်းများရှိနေပါသဖြင့်မိန်းကလေးသီးသန့်ကျောင်းဖြစ်ပါ
သဖြင့်မွတ်ကုလားမိသားစုများကိုပြောင်းရွှေ့ သင့်ပါကြောင်းသက်ဆိုင်ရာ
ဌာနသို့အကြံပြုပါတယ်။

မြို့ ပေါ် ကျောင်း များ မှ ဆ ရာ ။ ဆ ရာ မ အ ချို့ စာ ကောင်း ကောင်း

မ သင် ကြ ပါ ။ နယ် ကျောင်း များ မှ ဆ ရာ ။ ဆ ရာ မ များ တစ် ပတ်

၃ ရက် ခန့် သာ အ လုပ် ဆင်း ပြီး တစ် ချို့ လုံး ဝ မ ဆင်းကြ ဘဲ မိ မိ

တို့ စီး ပွါး ရေး ကို သာ လုပ် နေ ကြပါ သည်။ထို သူ တို့ ကို ထိ ရောက်

စွာ အ ရေး ယူ လို က် လျှင် ပ ညာ ရေး လည်း တိုး တက် လာ ပြီး

အ လုပ် လက် မဲ့ ဘွဲ့ ရ လူ င ယ် များ လည်း အ လုပ် အ ကိုင် ရ ရှိ

လာ ကြ မည် ဖြစ် ပါ သည်။

ပညာရေးဝန်ထမ်းတွေတော့အလုပ်မှန်မှန်ဆင်းမဆင်းမသိဘူးမြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတောင်ဒဂုံမြို့နယ်နဲ့ဒဂုံဆိပ်ကမ်းရုံးကဝန်ထမ်းတွေကတော့တစ်ပတ်မှာတစ်ရက်တောင်ရုံးမှာမရှိကြဘူးရုံးဝင်းထဲမှာလက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ကောင်လေးကရုံးအဖွင့်အပိတ်သော့ကိုင်လုပ်ပြီးသူကနေမှတစ်ဆင့်ကိစ္စရှိတဲ့လူတွေကဝန်ထမ်းတွေကိုဖုန်းဆက်သွယ်ပြီးဝန်ထမ်းတွေနေအိမ်နဲ့ပြင်ပတစ်နေရာရာမှာချိန်းဆိုပြီးလာဘ်ပေးဆောင်ရွက်နေရတယ်မြေကွက်အရောင်းအဝယ်လုပ်ချင်ရင်လည်းဝန်ထမ်းတွေကနေတစ်ဆင့်ရောင်းဝယ်လို့ရတယ်ဝန်ထမ်းအားလုံးရုံးမတက်ပဲပြင်ပပွဲစားပဲလုပ်နေကြတယ်မြို့နယ်ဦးစီးမှူးဆိုရင်နောက်ဆုံးပေါ်Hilux Surfဝယ်စီးပြီးပွဲစား
လုပ်လိုက်လာဘ်စားလိုက်နဲ့ဟန်ကိုကြလို့

ပညာရေးဝန်ထမ်းတွေတော့အလုပ်မှန်မှန်ဆင်းမဆင်းမသိဘူးမြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတောင်ဒဂုံမြို့နယ်နဲ့ဒဂုံဆိပ်ကမ်းရုံးကဝန်ထမ်းတွေကတော့တစ်ပတ်မှာတစ်ရက်တောင်ရုံးမှာမရှိကြဘူးရုံးဝင်းထဲမှာလက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ကောင်လေးကရုံးအဖွင့်အပိတ်သော့ကိုင်လုပ်ပြီးသူကနေမှတစ်ဆင့်ကိစ္စရှိတဲ့လူတွေကဝန်ထမ်းတွေကိုဖုန်းဆက်သွယ်ပြီးဝန်ထမ်းတွေနေအိမ်နဲ့ပြင်ပတစ်နေရာရာမှာချိန်းဆိုပြီးလာဘ်ပေးဆောင်ရွက်နေရတယ်မြေကွက်အရောင်းအဝယ်လုပ်ချင်ရင်လည်းဝန်ထမ်းတွေကနေတစ်ဆင့်ရောင်းဝယ်လို့ရတယ်ဝန်ထမ်းအားလုံးရုံးမတက်ပဲပြင်ပပွဲစားပဲလုပ်နေကြတယ်မြို့နယ်ဦးစီးမှူးဆိုရင်နောက်ဆုံးပေါ်Hilux Surfဝယ်စီးပြီးပွဲစား
လုပ်လိုက်လာဘ်စားလိုက်နဲ့ဟန်ကိုကြလို့

အမှန်ပါပဲဗျာကျုပ်လည်းကြုံခဲ့ရဘူးပြီတော်တော်စိတ်ကုန်ဖို့ကောင်းတဲ့လူတွေ

မူ ပြ အ ရေ အ တွက် ထက် လက် ရှိ တွေရဲ့အ ရေ အ သွေး ဖြည့် ပေး ပါ တော မှာ တာ ဝန် ထမ်း ဆောင် နေ တဲ့ ဆရာ ဆရာမ တွေ ကိုယ့် ဒေ သ ပြန် ထမ်း ဆောင်ခွင့် ဆောင် ရွက် ပေး ပါ မြို့ ကျောင်း မှာ ထိုင် ပြီး မိ ဘ များ ထံမှ အေးဓမြ တိုက် နေ မှု ကို အ ရေး ယူ ပေး ပါ ပညာ ရေး ဝန် ထမ်း များ အ မျိုး သား စည်း ကမ်း အစ စာ သင် ကျောင်း က ဆို သည့် ဆောင် ပုဒ် နှင့် ညီ အောင် ဦး စွာ ဆောင် ရွက် ပေး ပါ ဆု ပေး ဒဏ် ပေး စ နစ် သုံး ပေး ပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်