Subscribe to our RSS Feed

လက်ရှိ ဘဏ္ဍာနှစ် အတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၄ သိန်းကျော် တင်ပို့ နိုင်ခဲ့

From : ..mrtv4


စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းများ အရ လက်ရှိ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှုဟာ တန်ချိန် ၁၄ သိန်း
ကျော်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို တင်ပို့ရာမှာတော့ လက်ရှိ ဘဏ္ဍာနှစ်ရဲ့ မတ်လ ၂၂ ရက်နေ့ အထိ စာရင်းများ အရ ဆန်နှင့် ဆန်ကွဲချိန် ၁၄၂၈၃၁၄ တန် တင်ပို့ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ပြည်တွင်းမှ ဆန်နှင့် ဆန်ကွဲ ပြည်ပ တင်ပို့မှု များပြားလာ တာဟာ ပြည်တွင်း ဆန်ထွက် နှုန်းနဲ့ စားသုံးမှု အချိုးဟာ ညီညွတ်မျှတ နေတဲ့ အတွက် အခုလို ပြည်ပ နိုင်ငံသို့ ပိုမိုတင်ပို့နိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့် အခုလို တင်ပို့မှုဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ရဲ့ တင်ပို့မှုထက် နှစ်ဆခန့် ပိုမိုတင်ပို့ လာနိုင်တာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ တင်ပို့မှုဟာ နိုင်ငံခြား ၀င်ငွေ အနေနဲ့ အမေရိကန် ဒေါ်လာ ၅၅၅.၃၈၁ သန်းဖိုး တင်ပို့ ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ အပြင် ပြည်တွင်း လုပ်ငန်းရှင် များက နိုင်ငံတကာမှ လုပ်ငန်းရှင်များကို ဖိတ်ခေါ်ပြီး ဆန်ပိုမို တင်ပို့နိုင်ရေး ကိစ္စများကိုပါ ဆွေးနွေး လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
  

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်