Subscribe to our RSS Feed

တပ်မတော်သည် တိုင်းပြည်ကို အမြဲတမ်း ကာကွယ် စောင့်ရှောက်လျက် ရှိပြီး လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခတွေ မဖြစ်အောင် ကာကွယ် ပေးလျက်ရှိ

From : ..မြဝတီ

တပ်မတော်ဟာ တိုင်းပြည်ကို အမြဲတမ်း ကာကွယ် စောင့်ရှောက်လျက် ရှိသလို လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခ တွေမဖြစ်အောင် ကာကွယ်ပေးလျက် ရှိရာမှာ ပြည်သူလူထုနဲ့ တစ်သား တည်း ဆောင်ရွက်လျက်ရှိ နိုင်ငံတော် ကာကွယ်ရေး အတွက် တာဝန်ထမ်းဆောင် နေချိန်မှာ ဘယ်တိုင်းရင်းသား လူမျိုးအပေါ်မှ မုန်းတီးစိတ်နဲ့ ဆောင်ရွက်ခြင်း မရှိ၊ လူမျိုးသုဉ်း သတ်ဖြတ်မှု (Genocide) ဆိုတာ တို့တပ်မတော်ရဲ့ သမိုင်းကြောင်းမှာ လုံးဝမရှိ ပြည်ပနိုင်ငံ များမှ စွက်ဖက် ကျူးကျော်မှုများကို ကောင်းစွာ ကာကွယ်နိုင်ရန် ကာကွယ်ရေး စွမ်းအား မြင့်မား ခိုင်မာရေးအတွက် တပ်မတော်နဲ့ အတူ ပြည်ထောင်စုသား အားလုံးမှာ တာဝန်ရှိ ကြောင်း ပြောကြား
နေပြည်တော် မတ် ၂၇
နိုင်ငံတော်၏ အမျိုးသားရေး မူဝါဒဖြစ်သော ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ဟူသော ဒို့တာဝန် အရေး သုံးပါးကို ကာကွယ် စောင့်ရှောက်ရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တိုင်းရင်းသား ပြည်သူတို့နှင့် အတူ လက်တွဲ၍ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပါဝင် ထမ်း ဆောင်ရေး၊ ပြည်တွင်းပြည်ပ အဖျက်သမားများ၏ အန္တရာယ် မှန်သမျှကို နိုင်ငံတော် စွမ်းအား၊ ပြည်သူ့စွမ်းအား၊ တပ်မတော် စွမ်းအားတို့ဖြင့် ပူးပေါင်း ကာကွယ် တိုက်ဖျက်ရေး၊  နိုင်ငံတော် ၏ လုံခြုံရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေးကို ကာကွယ် စောင့်ရှောက်ရန် အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီမျိုးချစ် တပ်မတော် ဖြစ်ပေါ် လာစေရေး ဆိုသည့် ၂ဝ၁၃ ခုနှစ် (၆၈) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက် များနှင့်အညီ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် စစ်ရေးပြ ကွင်းကြီး၌ ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေ စည်သူ မင်းအောင်လှိုင် တက်ရောက်၍ မိန့်ခွန်း ပြောကြားသည်။ 
အဆိုပါ ၂ဝ၁၃ ခုနှစ် (၆၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားသို့  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သရေစည်သူ လှဌေးဝင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး ဇေယျ ကျော်ထင် သူရ သက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ် ဇေယျကျော်ထင် ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ၊ တပ်မတော်နေ့ ကျင်းပရေး ဦးစီး ကော်မတီ ဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သီရိပျံချီ ရာပြည့်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြား သံရုံးများမှ စစ်သံမှူးများ၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ မီးသတ် ဦးစီးဌာနမှ အရာရှိကြီးများ၊ ကြက်ခြေနီ တပ်ဖွဲ့မှ အရာရှိကြီးများ၊ တက္ကသိုလ် လေ့ကျင့်ရေး တပ်များမှ တပ်ဖွဲ့ဝင် ကျောင်းဆရာ များနှင့် ကျောင်းသားများ၊ ပြည်တွင်း ပြည်ပ သတင်း ဌာနများမှ သတင်းထောက်များ၊ ပြည်တွင်း ဂျာနယ်၊ မဂ္ဂဇင်းများမှ သတင်းထောက်များ၊ အနုပညာရှင် များနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။
(၆၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ စစ်ကြောင်းကြီးများ ချီတက်မည့် စုရပ် သစ်တပ် စစ်ရေးပြ ကွင်းမှ စစ်ရေးပြကွင်းကြီး၏ အဝင်မုခ်ဦး၊ ယင်းမှ စစ်ရေးပြ ကွင်းကြီးတစ်လျှောက် လမ်းဘေး ဝဲ/ယာ တို့တွင် အမြဲစိမ်းပင်များ၊ ပုံဖော်ပင် များ၌ လျှပ်တစ်ပြက် မီးရောင်စုံများ၊ မီးပြေး များကို စနစ်တကျ တပ်ဆင် ထွန်းညှိထားရှိသည်။
ထို့နောက် နံနက် ၅ နာရီတွင် ၂ဝ၁၃ ခုနှစ် (၆၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်း အနား၌ ပါဝင် ချီတက်ကြမည့် ယန္တရား တပ်ဖွဲ့များ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်သည် များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ဖွဲ့ဝင်များသည် စစ်ရေးပြ အခမ်းအနားသို့ စစ်ကြောင်းကြီးများ အလိုက် သစ်တပ် စစ်ရေးပြကွင်း ၌ စတင်စုရုံး ရောက်ရှိ နေရာယူကြပြီး စစ်ရေးပြ အစီအစဉ် အတိုင်း ဆောင်ရွက် ကြသည်။
စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် အေးဝင်း ဦးဆောင်၍ (၆၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ စစ်ကြောင်းကြီးများ စုရပ် စစ်ရေးပြကွင်းမှ တပ်မတော်နေ့ အခမ်းအနား ကျင်းပသည့် စစ်ရေးပြ ကွင်းကြီးဆီသို့ စတင်ချီတက် လာချိန်မှစ၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ၏ဇနီး ဒေါ်သန်း သန်းနွယ်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ၏ဇနီး ဒေါ်မာမာဝေ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ)၏ ဇနီး ဒေါ်ဝေမာမာထွန်း၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ၏ဇနီး ဒေါ်အေးအေးသန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိ ကြီးများ၏ ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ ဇနီးတို့က ဂုဏ်ပြု ပန်းကုံးများ စွပ်၍ ကြိုဆို ကြသည်။
အလားတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ အရာရှိ၊ စစ်သည် မိသားစုများ၊ နေပြည်တော် တိုင်း စစ်ဌာနချုပ်နှင့် တပ်နယ် အသီးသီးတို့မှ အရာရှိ၊ စစ်သည် မိသားစုများ၊ ဒေသခံ မိဘပြည်သူ များကလည်း စစ်ကြောင်းကြီးများ ချီတက်ရာ လမ်းတစ်လျှောက် သောင်းသောင်း ဖြဖြ ကြိုဆိုကာ ဂုဏ်ပြုပန်းကုံးများ စွပ်ကြသည်။
စစ်ရေးပြ စစ်ကြောင်းကြီးများ နေပြည်တော် စစ်ရေးပြ ကွင်းကြီးဆီသို့ မရောက်ရှိမီ ဗဟို စစ်တီးဝိုင်း အဖွဲ့သည် စစ်ရေး ပြကွင်းကြီး အတွင်းရှိ သတ်မှတ် နေရာ၌ နေရာယူသည်။
(၆၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ချီတက် ရောက်ရှိလာသော စစ်ကြောင်းမှူး ဗိုလ်မှူးကြီး တင်အေး ဦးဆောင်သော ကွပ်ကဲမှု ယာဉ်တစ်စီး၊ ယင်းနောက်မှ ဒုတိယ ဗိုလ်မှူးကြီး ထူးမြတ်တိုး ဦးဆောင်သော သံချပ်ကာ ယန္တရားတပ်ဖွဲ့ ညွှန်ကြားရေး မှူးရုံး ကိုယ်စားပြု ကွပ်ကဲမှု ယာဉ်တစ်စီး၊ ဗိုလ်မှူး ရဲကျော်သူ ဦးဆောင်သော တင့်ဖျက် ချေမှုန်း ရေးယာဉ် ၁၂ စီး၊ ယင်းနောက် ဗိုလ်မှူးဟိန်းထက် ဦးဆောင်သော တင့်ဖျက် ချေမှုန်းရေးယာဉ် ၁၂ စီး၊ ဒုတိယ ဗိုလ်မှူးကြီး မြင့်နိုင် ဦးဆောင်သော အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု ကွပ်ကဲမှု ယာဉ်တစ်စီး၊ ဗိုလ်မှူး မင်းအောင်နိုင် ဦးဆောင်သော ယာဉ်တင် ဟောင်ဝစ်ဇာ ခြောက်စီး၊ ယင်းနောက် ဗိုလ်မှူး ဇင်မင်းထက် ဦးဆောင်သော   ယာဉ်တွဲ အမြောက်ခြောက်စီး၊ ဒုတိယ ဗိုလ်မှူးကြီး ဇော်လင်းသိန်း ဦးဆောင်သော လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု ကွပ်ကဲမှုယာဉ် တစ်စီး၊ ဗိုလ်မှူး ချမ်းငြိမ်းထွန် ဦးဆောင်သော ဒုံးတပ်ခွဲယာဉ် ၁၂ စီး၊ ယင်းနောက် ဗိုလ်မှူး အောင်ဇော်လတ် ဦးဆောင်သော အမြောက် တပ်ခွဲယာဉ် ခြောက်စီးနှင့် ဗိုလ်မှူး အောင်မိုးဦး ဦးဆောင်သော လေယာဉ်ပစ် အမြောက်တပ်ခွဲ ယာဉ်ခြောက်စီးတို့က ယန္တရား တပ်ဖွဲ့များ ကိုယ်စားပြု အောင်ဆန်း စစ်ကြောင်း အမည်ဖြင့် ချီတက်ကြသည်။
ယင်းနောက် (၆၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပါဝင် ဦးဆောင်သော စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် အေးဝင်း ဦးဆောင်၍ ယင်းနောက်မှ စစ်ရေးပြ တပ်ရေး ဒုတိယ ဗိုလ်မှူးကြီး သန်းထိုက်၊ ယင်းနောက် အလံတော် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူး ဇေယျ အောင်သင်းက ခေါင်းဆောင်ပြီး ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အလံများနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အလံများ ပါဝင်သော အလံအဖွဲ့၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး မျိုးအောင် ဦးဆောင်ပြီး တပ်ခွဲမှူး ဗိုလ်မှူး ကျော်ကျော်နိုင် ခေါင်းဆောင်သည့် ထောက်ပံ့နှင့်  ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု ဂုဏ်ပြုတပ်ခွဲ၊ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ကျော်မြဝင်း၊ တပ်ခွဲမှူး ဗိုလ်မှူး ရဲဝင်းစိုး ခေါင်းဆောင်သည့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေး မှူးရုံး ကိုယ်စားပြု   စစ်ရေးပြတပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး ကျော်ကျော်သိန်း ခေါင်းဆောင်သည့်  အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု  စစ်ရေးပြတပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး ကျော်သူလင်း ခေါင်းဆောင်သည့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး မျိုးမင်းထွန်း ခေါင်းဆောင်သည့် အနောက်တောင်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး မင်းထင်အောင် ခေါင်းဆောင်သည့် အမှတ်(၆၆) ခြေမြန်တပ်မ ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ စစ်တီးဝိုင်း အဖွဲ့ခေါင်းဆောင်  တပ်ကြပ် ထွန်းစိုး ခေါင်းဆောင်သည့် စစ်တီးဝိုင်း အဖွဲ့တို့မှ တပ်မတော်သားများက အနော်ရထာ စစ်ကြောင်း အမည်ဖြင့်  ချီတက်ကြသည်။
ဆက်လက်၍ အနော်ရထာ စစ်ကြောင်း၏ နောက်တွင် အလံအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူး နေအောင်လွင် ခေါင်းဆောင်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အလံများ ပါဝင်သော အလံအဖွဲ့၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး မြင့်ဦး ဦးဆောင်ပြီး တပ်ခွဲမှူး ဗိုလ်မှူး မျိုးမင်းဦး ခေါင်းဆောင်သည့် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ကိုယ်စားပြု ဂုဏ်ပြုတပ်ခွဲ၊ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ခင်ဇော်သိန်း၊ တပ်ခွဲမှူး ဗိုလ်မှူး နိုင်လတ်ဝင်း ခေါင်းဆောင်သည့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူးရဲစိုး ခေါင်းဆောင်သည့် စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး အေးလွင် ခေါင်းဆောင်သည့် လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး ဇော်မင်း ထွဋ် ခေါင်းဆောင်သော ကာကွယ်ရေးဦးစီးချုပ် (ရေ) ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ(၁)နှင့် စစ်တီး ဝိုင်းအဖွဲ့ ခေါင်းဆောင် ဒုတိယ အရာခံဗိုလ် ကိုကိုလွင် ခေါင်းဆောင်သည့် စစ်တီးဝိုင်း အဖွဲ့တို့မှ တပ်မတော်သားများက ကျန်စစ်သား စစ်ကြောင်း အမည်ဖြင့်လည်းကောင်း၊ အလံအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူး အောင်ကျော်စိုး ခေါင်းဆောင်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အလံများ ပါဝင်သော အလံအဖွဲ့၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး သန့်ဇင် ဦးဆောင်ပြီး တပ်ခွဲမှူး   ဗိုလ်မှူး ကျော်မင်းထွန်း ခေါင်းဆောင်သည့် ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု ဂုဏ်ပြုတပ်ခွဲ၊ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မျိုးသန့်၊ တပ်ခွဲမှူး ဗိုလ်မှူး ခင်မောင်ထွေး  ခေါင်းဆောင်သည့် ဆက်သွယ်ရေး ညွှန်ကြားရေးမှူး ရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး အောင်နေထွန်း ခေါင်းဆောင် သည့် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး မျိုးမင်း ခေါင်းဆောင်သည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး ဇော်လင်း ထွန်း ခေါင်းဆောင်သည့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်တီးဝိုင်း အဖွဲ့ခေါင်းဆောင် တပ်ကြပ်ကြီး ကျော်ရင်ဦး ခေါင်းဆောင်သည့် စစ်တီးဝိုင်း အဖွဲ့တို့မှ တပ်မတော်သား များက ဘုရင့်နောင် စစ်ကြောင်းအမည်ဖြင့် လည်းကောင်း၊ အလံ အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူး ဇော်မင်းဦး ခေါင်းဆောင်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အလံများ ပါဝင်သည့် အလံအဖွဲ့၊ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး ထွန်းအောင် ဦးဆောင်ပြီး တပ်ခွဲမှူး ဗိုလ်မှူး စိုင်းအောင် ခေါင်းဆောင်သည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု ဂုဏ်ပြု တပ်ခွဲ၊ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မောင်မောင်ဦး၊ တပ်ခွဲမှူး ဗိုလ်မှူး ဝင်းကျော်ရွှေ ခေါင်းဆောင်သော ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ရုံးကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး နေလင်းစိုး ခေါင်းဆောင်သည့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု  စစ်ရေးပြ တပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး အောင်အောင်ကျော် ခေါင်းဆောင်သည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး မျိုးမင်းကို ခေါင်းဆောင်သော ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ(၁)၊ စစ်တီးဝိုင်း အဖွဲ့ခေါင်းဆောင် ဒုတိယ အရာခံဗိုလ် ကျော်မင်းထွန်း ခေါင်းဆောင်သည့် စစ်တီးဝိုင်း အဖွဲ့တို့မှ တပ်မတော်သား များက အောင်ဇေယျ စစ်ကြောင်း အမည်ဖြင့် လည်းကောင်း၊ အလံအဖွဲ့ခေါင်းဆောင် ရဲမှူးဥာဏ်မြင့် ခေါင်းဆောင်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊  မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့ ကိုယ်စားပြု အလံများ ပါဝင်သော  အလံအဖွဲ့ စစ်ကြောင်းမှူး ဗိုလ်မှူးကြီး စိုးတင့် ဦးဆောင်ပြီး ရဲမှူး ခိုင်စိုး ခေါင်းဆောင်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကိုယ်စားပြု ဂုဏ်ပြု တပ်ခွဲ၊ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မြတ်မင်းမိုး ဦးဆောင်ပြီး  တပ်ခွဲမှူး ရဲဗလ မျိုးဝင်း ခေါင်းဆောင်သည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး မိုးကျော်စိန် ခေါင်းဆောင်သည့် မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ခွဲ ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူးမျိုး မြင့်အောင် ခေါင်းဆောင်သော အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး ကျော်စိုးလင်း ခေါင်းဆောင်သည့် ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲ၊ တပ်ခွဲမှူး ဗိုလ်မှူး စိုင်းသီဟ ခေါင်းဆောင်သော ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေး ပြ တပ်ခွဲ၊ စစ်တီးဝိုင်းအဖွဲ့ ခေါင်းဆောင် တပ်ကြပ် သိန်းကျော်လတ် ခေါင်းဆောင်သည့် စစ်တီးဝိုင်း အဖွဲ့တို့မှ တပ်မတော် သားများက ဆင်ဖြူရှင် စစ်ကြောင်း အမည်ဖြင့် လည်း ကောင်း ချီတက် ကြသည်။
ထိုကဲ့သို့ စစ်ကြောင်းကြီး ခြောက်ကြောင်းမှ တပ်မတော် သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များ၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား ၈၃၉၄ ဦး တို့သည် စုရပ်သစ်တပ် စစ်ရေးပြကွင်းမှ စတင်၍ သတ်မှတ် အစီအစဉ် အတိုင်း စစ်ရေးပြ ကွင်းကြီးဆီသို့ ချီတက်စဉ် ဇာတိသွေး၊ ဇာတိမာန် အပြည့်ဖြင့် စစ်ချီ တေးများကို သံပြိုင်ဟစ်ကြွေး သီဆိုကြပြီး စစ်ရေးပြ ကွင်းကြီး အတွင်းသို့ ရောက်ရှိ နေရာ ယူကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ကျင်းပရာ စစ်ရေးပြ ကွင်းကြီးသို့ ရောက်ရှိလာပြီး စစ်ရေးပြ ကွင်းကြီးအတွင်းရှိ အလေးပြုခံ စင်မြင့်၌ နေရာယူသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင် လှိုင်အား စစ်ကြောင်းကြီး များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက အလေးပြုကြ သည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် သည် မော်တော်ယာဉ်ဖြင့် စစ်ရေးပြ စစ်ကြောင်းကြီး များအား စစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံအား အလေးပြုကြရာ ဗဟို စစ်တီးဝိုင်း အဖွဲ့က နိုင်ငံတော် သီချင်းကို တီးမှုတ်သည်။
ယင်းနောက် ကျဆုံး လေပြီးသော တပ်မတော်သား များအား အလေးပြုကြပြီး စစ်ကြောင်းကြီး များမှ (ကြည်း၊ ရေ၊ လေ) တပ်မတော် သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက သစ္စာလေးချက်ကို သံပြိုင် ညီညာ ရွတ်ဆိုကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် က  မိန့်ခွန်း ပြောကြားသည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေ စည်သူ မင်းအောင်လှိုင်အား စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် အေးဝင်း ဦးဆောင်သော စစ်ကြောင်းကြီး များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်များ နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဗိုလ်မှူးကြီး တင်အေး ဦးဆောင်သော ယန္တရား တပ်ဖွဲ့ များက အစီအစဉ် အတိုင်း စစ်ကြောင်းပုံဖြင့် ချီတက် အလေးပြုကြသည်။
ထိုသို့  ချီတက် အလေးပြုချိန်တွင် ဒုတိယ ဗိုလ်မှူးကြီး ဇော်လင်းစိုး ဦးဆောင်သော စွန်ရဲ အုပ်ဖွဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးမှ နိုင်ငံတော်အလံ ချိတ်ဆွဲပျံသန်းပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စီးက ဘေးမှ လိုက်ပါခြံရံ ပျံသန်း၍လည်းကောင်း၊ ဒုတိယ ဗိုလ်မှူးကြီး သန်းနိုင်ညွန့် ဦးဆောင်သော ကြိုးကြာအုပ်ဖွဲ့ သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ်သုံးစီးက တပ်မတော် (ကြည်း၊ ရေ၊ လေ) အလံများ အသီးသီး ချိတ်ဆွဲပြီး ပျံသန်း၍ လည်းကောင်း၊   ဒုတိယ ဗိုလ်မှူးကြီး ဟန်ဝင်းသိန်း ဦးဆောင်သော မုန်တိုင်း အုပ်ဖွဲ့ တိုက်ခိုက်ရေး ရဟတ် ယာဉ်လေးစီးက အုပ်ဖွဲ့ပျံသန်း၍ လည်းကောင်း၊ ဒုတိယ ဗိုလ်မှူးကြီး သိန်းထူး ဦးဆောင်သော ရဲမာန်အုပ်ဖွဲ့ တိုက်ခိုက်ရေး လေယာဉ်လေးစီးက Smoke Trace များ ပစ်လွှတ်ပြီး ပျံသန်း ၍လည်းကောင်း၊ ဗိုလ်မှူးကြီး ထူးအံ့ ဦးဆောင်သော သူရိန်အုပ်ဖွဲ့ ကြားဖြတ် တိုက်ခိုက်ရေး လေယာဉ် ငါးစီးက အုပ်ဖွဲ့ ပျံသန်း၍ လည်းကောင်း၊ ဒုတိယ ဗိုလ်မှူးကြီး ဇော်ဝင်းမြင့် ဦးဆောင်သော ရာဇာအုပ်ဖွဲ့ ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ်ငါးစီးက အုပ်ဖွဲ့ပျံသန်း၍ လည်းကောင်း၊ ရာဇာအုပ်ဖွဲ့ ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ် ငါးစီးက Fan Break ခေါ် ယပ်တောင်ပုံစံ ခွဲထွက်ပြီး ဝဲ/ယာ အစွန်နှစ်စီးက Smoke Trace ပစ်ခတ်၍ လည်းကောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား  အလေးပြု ပျံသန်းကြသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည် သူမင်းအောင် လှိုင်သည် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များအား ရင်းရင်းနှီးနှီး လက်ပြ နှုတ်ဆက်၍ စစ်ရေးပြ ကွင်းကြီးမှ ပြန်လည်ထွက်ခွာ သွားပြီး ၂ဝ၁၃ ခုနှစ် (၆၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို နံနက် ၈ နာရီ ၃ဝ မိနစ်တွင် ရုပ်သိမ်းလိုက်သည်။
၂ဝ၁၃ ခုနှစ် (၆၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ ကျင်းပသော နေပြည်တော် စစ်ရေးပြ ကွင်းကြီးတွင် ခံ့ညားစွာ စိုက်ထူထားသည့် ပထမ၊ ဒုတိယနှင့် တတိယ မြန်မာ နိုင်ငံတော် တို့ကို တည်ထောင်ခဲ့ကြသော အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းဘုရား မင်းတရား တို့၏ ကြေးရုပ်တုကြီး (၃)ခု ကိုလည်းကောင်း၊ တပ်မတော်နေ့ မီးရှူးတိုင်နှင့် (၆၈) နှစ်မြောက် တပ်မတော်နေ့ တံတိုင်း ဆိုင်းဘုတ်ကြီးကို လည်းကောင်း၊ ဝင့်ထည်စွာ တွေ့မြင်နိုင်သည့် အပြင် ဗမာ့ လွတ်လပ်ရေး တပ်မတော် အလံ၊ ဗမာ့ ကာကွယ်ရေး တပ်မတော် အလံ၊ တပ်မ တော် (ကြည်း၊ ရေ၊ လေ) အလံများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ညွှန်ကြား ရေးမှူးရုံး အလံများ၊ တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ် အသီးသီးနှင့် တပ်ရင်း တပ်ဖွဲ့များ၏ အမှတ် တံဆိပ်ပါ ရောင်စုံအလံများ တလွင့်လွင့် လွှင့်ထူထား ကြသည် တို့ကိုလည်း တွေ့မြင်နိုင်သည်။
ထို့အပြင် (၆၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် စုရပ် သစ်တပ် စစ်ရေးပြ ကွင်း အနီးရှိ ရန်ကုန်- မန္တလေး ကားလမ်းမနှင့် ပင်လောင်း လမ်းဆုံတွင် မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေမည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်သည်များ၏ လှုပ်ရှားမှု ပုံရိပ်များကို ဖော်ကြူးထားသော ပိုစတာ ကြီးများကိုလည်း ကောင်း၊ စစ်ကြောင်းကြီး များ ချီတက်ရာ လမ်းတစ်လျှောက်တွင် ဒို့တာဝန် အရေးသုံးပါး၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်၊ လူထုအားကို အများကြီး လိုသည်၊ တပ်မ တော်ကြီးကို အင်အားရှိအောင် အရာရာ မှာကူညီ၊ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် စသည့်  တပ်မတော်၏ ဆောင်ပုဒ် စာတန်းပါ ဆိုင်းဘုတ် များကိုလည်း ကောင်း၊ တပ်နှင့် ပြည်သူ မြဲကြည်ဖြူ သွေးခွဲလာသူ ဒို့ရန်သူ၊ ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်း လုံးမည်၊ သစ္စာလေးလီ ဦးထိပ်တည် စွမ်းရည်သုံးရပ် ကျေပွန်အပ်၊ အသက်သွေး ချွေး စဉ်မ နှေး ပေးဆပ် သည်မှာ တပ်မတော်ပါစသည့် အဝတ်ပိတ်စ စာတန်း များကိုလည်း ချိတ်ဆွဲထား ကြောင်း သတင်း ရရှိသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်