Subscribe to our RSS Feed

ယခုနှစ် သင်္ကြန်တွင် မဏ္ဍပ်ကြီးများကို အမှိုက်ခွန် တိုးမြှင့် ကောက်ခံသွားရန်ရှိ

From : ..mrtv4



ယခုနှစ် သင်္ကြန်မှာ မဏ္ဍပ်ကြီး များကို အမှိုက်ခွန် တိုးမြှင့် ကောက်ခံ သွားမှာ ဖြစ်တယ်လို့  ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ မဏ္ဍပ်ကြီးများကို ယခင်နှစ် သင်္ကြန်မှာ ၅ ရက်စာကို ကျပ်ခြောက်သောင်း ကောက်ခံတာ ဖြစ်ပြီး ယခုနှစ်မှာ ၄ ရက်စာ ကျပ် ၇၅၀၀၀ ကောက်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို မဏ္ဍပ်ကြီးများကို အမှိုက်ခွန် တိုးမြှင့် ကောက်ခံရ တာဟာ မဏ္ဍပ်ကြီးများ သိမ်းဆည်းရတဲ့ အမှိုက်များ ဟာများပြား တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ မဏ္ဍပ် အလတ်ကို ကျပ် လေးသောင်း၊ မဏ္ဍပ် အသေးတွေကို ကျပ် နှစ်သောင်း ယခင်နှစ်က နှုန်းထား အတိုင်း အမှိုက်ခွန်ကို ကောက်ခံ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မဏ္ဍပ်များမှ အမှိုက် စွန့်ပစ်မှုတွေကို ယခင်နှစ်က ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ နေ့စဉ် မဏ္ဍပ် ပိတ်ချိန်မှသာ သန့်ရှင်းရေး ၀န်ထမ်းများက လိုက်လံ သိမ်းဆည်း တာဖြစ်ပြီး ယခုနှစ် သင်္ကြန် မှာတော့ နေ့လည် မဏ္ဍပ် များနားချိန်နဲ့ ညနေမဏ္ဍပ် ပိတ်ချိန်များမှာ အမှိုက်များကို သိမ်းဆည်း သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မဏ္ဍပ်များ အနီးမှာ အမှိုက်ပုံကြီး များကိုလည်း ထားရှိပေး သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
  

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်