Subscribe to our RSS Feed

ပဲခူးတိုင်း ဒေသကြီး အုတ်ဖို၊ နတ်တလင်း၊ သဲကုန်း၊ ဇီးကုန်းမြို့နယ် တို့တွင် ဆူပူ အကြမ်းဖက် မှုများ ဖြစ်ပွားခဲ့၊ တာဝန်ရှိသူများက လုံခြုံရေး ဆောင်ရွက်ပြီး မသင်္ကာ သူများ အား ခေါ်ယူ စစ်ဆေးလျက်ရှိ

From : ..မြဝတီ

နေပြည်တော် မတ် ၂၇
ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်၊ နတ်တလင်း မြို့နယ၊် သဲကုန်းမြို့နယ်နှင့် ဇီးကုန်းမြို့နယ် တို့၌ ဆူပူအကြမ်းဖက် လိုသူများက ဘာသာရေး အဆောက် အအုံများ၊ ဈေးဆိုင်များ၊ လူနေ အိမ်များ အား ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ဝင်ရောက် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် တာဝန် ရှိသူများက ထပ်မံ မဖြစ်ပွား စေရေး လြုံခုံရေး ဆောင်ရွက်လျက် ရှိကြောင်း၊ မသင်္ကာသူ အချို့အား ခေါ်ယူ ထိန်းသိမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။ အုတ်ဖိုမြို့နယ်၌ မတ် ၂၆ရက် မွန်းလွဲပိုင်းတွင် လူအုပ်စုများက ဘာသာရေး အဆောက်အအုံ၊ ဈေးဆိုင်၊ နေအိမ် အချို့အား ဖျက်ဆီးမှုများ ပြုလုပ် ခဲ့ကြသဖြင့် လုံခြုံရေး အဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရ ကြောင်း သိရှိသည်။ ထို့ပြင် နတ်တလင်း မြို့နယ်၌ မတ် ၂၆ ရက် ညပိုင်းမှ စတင်၍ လူအုပ်စု များက ဘာသာရေး အဆောက် အအုံများ ဖျက်ဆီးခြင်း၊ ဈေးဆိုင်ခန်းများ ဖျက်ဆီးခြင်း၊ နေအိမ်များ ဖျက်ဆီးခြင်းများ ဆောင်ရွက် ခဲ့ကြသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ သာယာဝတီ ခရိုင် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များက လူစုခွဲ ခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်တွင် နေအိမ်ရှစ်လုံး၊ ဆိုင်ခန်း ၁၂ ခန်း၊ ဘာသာရေး အဆောက်အအုံ တစ်လုံး ပျက်စီးခဲ့ကြောင်း၊ ယနေ့ ည နေ ၅ နာရီတွင် နတ်တလင်း မြို့၌ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားကြောင်း သိရသည်။
အလားတူ သဲကုန်းမြို့နယ် အင်းမကျေးရွာ အုပ်စု၌ မတ် ၂၇ ရက် နံနက်ပိုင်းတွင် လူအုပ်စု တစ်စုက ဘာသာရေး အဆောက်အအုံ တစ်လုံးအား လေးခွများဖြင့် လာရောက် ပစ်ခတ်ခဲ့ကြသဖြင့် သဲကုန်း ရဲစခန်းမှ တပ်ဖွဲ့ဝင် များက လူစု ခွဲခဲ့ရကြောင်း၊ ယခုအခါ လုံခြုံရေး ဆောင် ရွက် ထားမှုကြောင့် ဆူပူ ဖျက်ဆီးမှုများ ထပ်မံဖြစ်ပွားခြင်း မရှိကြောင်း သိရသည်။
ထို့အတူ ဇီးကုန်း မြို့နယ်၌ မတ် ၂၇ ရက် နံနက်ပိုင်းတွင် လူအုပ်စုဖြင့် လူနေအိမ်များအား ခဲဖြင့် ပစ်ပေါက်ခြင်း၊ ဘာသာရေး အဆောက်အအုံအား ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက် လူစု ခွဲခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်တွင် နေအိမ် ၁၄ လုံး၊ ဘာသာရေး အဆောက်အအုံ တစ်လုံးတို့ ပျက်စီး ခဲ့ကြောင်း၊ ဇီးကုန်းမြို့နယ် အတွင်း ဖြစ်ပွား ခဲ့သည့် ဖြစ်စဉ်တွင် မသကာင်္သူ ၁ဝဦးအား ခေါ်ယူ ထိန်းသိမ်း စစ်ဆေးလျက် ရှိကြောင်း၊ ယနေ့ ညနေ ၄ နာရီတွင် ဇီးကုန်းမြို့နယ်၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း သိရှိရသည်။
ပဲခူးတိုင်း ဒေသကြီးအတွင်း ဆူပူ အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပေါ် စေရေးအတွက် ကြို့ပင် ကောက်၊ အုတ်ဖိုမင်းလ၊ှ ဇီးကုန်း နှင့်နတ်တလင်း မြို့နယ်တို့၌ ပုဒ်မ ၁၄၄ တားမြစ်မိန့် ထုတ်ပြန်ပြီး တည်ငြိမ်အေးချမ်းမှု ရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များက ပြည်သူလူထု နှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပဋိပက္ခများ ကျယ် ပြန့် မလာစေရေး အတွက် ပြည်သူ တစ်ရပ်လုံးက အသိစိတ်ဓာတ် ရှိရှိဖြင့် နိုင်ငံတော် အစိုးရ နှင့်အတူ လက်တွဲ ပူးပေါင်း ဆောင်ရွက်ကြစေ လိုကြောင်းဖြင့် သက်ဆို

5 comments:

အကြမ်းဖက်သူများမဟုတ်ကြပါသာသနာသန့်ရှင်းရေးအတွက်နှင့်မြန်မာလူမျိုးစုအဓွန့်ရှည်တည်တံ့နိုင်ရေးအတွက်အစိုးရအသုံးမကျသောကြောင့်အနစ်နာခံဆောင်ရွက်နေကြသောသူရဲကောင်းများဖြစ်ကြပါသည် ဂုဏ်ယူပါ၏

အကြမ်းဖက်သူများမဟုတ်ကြပါသာသနာသန့်ရှင်းရေးအတွက်နှင့်မြန်မာလူမျိုးစုအဓွန့်ရှည်တည်တံ့နိုင်ရေးအတွက်အစိုးရအသုံးမကျသောကြောင့်အနစ်နာခံဆောင်ရွက်နေကြသောသူရဲကောင်းများဖြစ်ကြပါသည် ဂုဏ်ယူပါ၏

ပြည်ခရိုင်က မြီု့နယ်တွေကို ပုဒ်မ ၁၄၄ ထုတ်ပြန်သင့်ပြီ

မြန်မာ့ တိုင်းရင်းသား တည်မြဲရေး
သာသနာ သန့်ရှင်းရေး တို့ အတွက်ပြည်သူတိုင်း
တာဝန် ရှိသည်
မိမိ ထိုင်ခုံ တည်မြဲရေး လုပ်ဆောင်နေသူများ
ကို အားမကိုးစေချင်ပါ

ဒီမိုကရေစီမလိုချင်ပါဘယ်စနစ်နဲ့အုပ်ချုပ်သည်ဖြစ်စေအုပ်ချုပ်သူလူတန်းစားသာကောင်းစားပါသည်တိုင်းပြည်ကိုအစ္စလာမ်အယူဝါဒကြီးစိုးသည့်မူဆလင်နိုင်ငံမဖြစ်ရေးကိုသာလိုလားပါသည်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်