Subscribe to our RSS Feed

“ဖြူစင်မြတ်နိုး၊ ကိုးခြောက်ကိုး (၉၆၉)






 “၉၆၉-အဓိပ္ပါယ်”
          (၉၆၉) ဂဏန်းသုံးလုံးတွင် ပထမ(၉)သည် ဘုရားဂုဏ်တော် (၉)ပါးကို ရည်ညွှန်းသည်။
          ဒုတိယ ဂဏန်း(၆)သည် တရားဂုဏ်တော် (၆)ပါးကို ရည်ညွှန်းသည်။
          တတိယ(၉)သည် သံဃာ့ဂုဏ်တော် (၉)ပါးကို ရည်ညွှန်းသည်။
          (၉၆၉)သည် ဘုရား၊ တရား၊ သံဃာရတနာသုံးပါးကို ကိုယ်စားပြုသော ဂဏန်းသုံးလုံးသာ ဖြစ်သည်။
“၉၆၉-၏ ပန်းတိုင်”
          (၉၆၉)၏ အဓိကပန်းတိုင်မှာ အမျိုးဘာသာ သာသနာအဓွန့်ရှည် တည်တန့်ခိုင်မြဲရေး ဖြစ်သည်။
          တိုင်းရင်းသူဦးရေ မလျော့ပါးရေး
          တိုင်းရင်းသားဦးရေ အိမ်ခြေ မလျော့ပါးရေး
          တိုင်းရင်းသား နယ်မြေ မလျော့ပါးရေး.. တို့သည် (၉၆၉)၏ အဓိကပန်းတိုင်ဖြစ်သော အမျိုးဘာသာ သာသနာ အဓွန့်ရှည်တည်တန့် ခိုင်မြဲရေးတွင် အကျုံးဝင်သည်။
“၉၆၉-လုပ်ငန်းစဉ်”
          ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသား အချင်းချင်းသာ အိမ်ထောင်ပြုခြင်း၊
          ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသား အချင်းချင်းသာ အိမ်/မြေ အငှားထား ရောင်းချခြင်း၊
          ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသားပိုင် ဈေးဆိုင်များမှာသာ ဈေးဝယ်ခြင်း၊
          အိမ်ဖော်၊ အလုပ်သမား ငှားသည်ဖြစ်စေ၊ အိမ်ဖော်အလုပ်သမား လုပ်သည် ဖြစ်စေ- ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသား အချင်းချင်းသာ ငှားရမ်းလုပ်ကိုင်ခြင်း-များကိုသာ ဦးစားပေး ဟောပြောစည်းရုံးသည်။
“၉၆၉-မူဝါဒ”
          (၉၆၉)သည် လူသတ်ဝါဒ မဟုတ်သလို၊ လူသတ်ဝါဒကို လက်မခံ အားမပေး၊ ကန့်ကွက် ရှုတ်ချသည်။
          (၉၆၉)သည် အကြမ်းဖက်ဝါဒ မဟုတ်သလို၊ အကြမ်ဖက်ဝါဒကိုလက်မခံ အားမပေး ကန့်ကွက်ရှုတ်ချသည်။
          (၉၆၉)သည် အနိုင်ကျင့်ဝါဒ မဟုတ်သလို၊ အနိုင်ကျင့်ဝါဒကို လက်မခံ အားမပေး၊ ကန့်ကွက် ရှုတ်ချသည်။
          (၉၆၉)သည် လူ့အသက်မပြောနှင့် တိရစ္ဆာန်အသေးအမွှားလေးများ၏ အသက်ကိုပင် တန်ဖိုးထားလေးစားသည်။ ကြင်နာသနားသည်။ စာနာမှုအပြည့်ရှိသည်။ (၉၆၉)၏ အဆုံးအမလာ ကံငါးပါးလုံခြုံရေးတွင် ပါဏာတိပါတကံ (သူ့အသက်မသတ်ရ ပညတ်ချက်) ပါဝင်သည်။
          (၉၆၉)သည် သွေးစွန်းခြင်း၊ သွေးဆာခြင်း၊ သွေးတောင်းခြင်းကို မလိုလားသလို သွေးစွန်းသော လက်နှင့် သွေးဆာသွေးတောင်းသူများကိုလည်း မေတ္တာရေဖြင့် သန့်စင်ဆေးကြော ဆုံးမမှုကိုသာ ဆောင်ရွက်လေ့ရှိသည်။
          (၉၆၉)သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးကို လိုလားပြီး၊ ထိုသို့ နေထိုင်နိုင်ဖို့အတွက် လိုအပ်သော အချက်အလက်များကို အခွင့်သင့်တိုင်း ထုတ်ပြန်ကြေညာလေ့ရှိသည်။
          (၉၆၉)သည် နိုင်ငံရေးလှုံ့ဆော်မှု၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများဖြစ်ပွားအောင် လှုံဆော်ခြင်း အလျဉ်းမရှိသလို၊ ငါနှင့်မတူ ငါ့ရန်သူ မူဝါဒကိုလည်း ကျင့်သုံးလေ့မရှိသည့်အပြင်၊ မိမိဘာသာ သာသနာမှတစ်ပါး အခြားသော ဘာသာ သာသနာကို ထိပါးပုတ်ခတ်ခြင်း၊ ကျူးကျော်စော်ကားခြင်း၊ ရန်လိုရန်မူခြင်းလည်း လုံးဝမရှိပေ။
          (၉၆၉)သည် လွတ်လပ်စွာကိုးကွယ်ခွင့်ကို ရာနှုန်းပြည့်ကျင့်သုံးပြီး၊ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ချိုးဖောက်နေသူများကိုလည်း ပြင်းထန်စွာ ရှုတ်ချလေ့ရှိသည်။
          (၉၆၉)သည် အမျိုးသမီးအခွင့်အရေးကို အပြည့်အဝပေးထားပြီး၊ အမျိုးသမီးများကို ဖိနှိပ်ချုပ်ခြယ် ကန့်သတ်တားမြစ်မှုများကိုလည်း ပြင်းထန်စွာ ကန့်ကွက်လေ့ရှိသည်။
          (၉၆၉)သည် (၂၄)ရာစုမှာ တစ်ကမ္ဘာလုံး ဗုဒ္ဓဘာသာဝင်ဖြစ်ရေး အိပ်မက်ရှည်ကြီး မက်လေ့မရှိသလို ကေသမုတ္တိသုတ္တန် (ကာလာမသုတ္တန်)လာ ဘာသာတရားတစ်ခုကို လက်တွေ့ကျင့်သုံးပြီးမှ လက်ခံထိုက်သည့် ဗုဒ္ဓအဆုံးအမကို အမြဲတစေလေးစားဆောက်ရွက်သည်။
          (၉၆၉)သည် ငြိမ်းချမ်းရေးကို အစဉ်အမြဲ လိုလားပြီး၊ အသားအရောင် ခွဲခြားခြင်း၊ လူမျိုးဘာသာခွဲခြားခြင်း၊ အဆင့်အတန်းခွဲခြားခြင်းမျိုးကို လူသားမဆန်မှုဟု ရှုမြင်သည်။
          (၉၆၉)သည် ဘာသာလူမျိုးကွဲပြားသူများနှင့် ပြဿနာဖြစ်လျှင် အမျိုးသားရေး ပြဿနာအဆင့်သို့ မရောက်စေရန် ဥပဒေဘောင်အတွင်းမှ ထိရောက်စွာ အရေးယူမှုကို လိုလားပြီး အနိုင်ကျင့်ခြင်း၊ အကြမ်းဖက်ခြင်းကို လုံးဝမလိုလားပေ။
          (၉၆၉)သည် အတ္တကို ဗဟိုပြုသည့် မူဝါဒကို မကျင့်သုံးသလို အနတ္တကို ယုံကြည်ရေးကိုသာ အလေးထားသည်။
“၉၆၉-တီထွင်သူ”
          (၉၆၉)ကို ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ စာရေးဆရာနှစ်ဖက်လှကျော်လွင် (သာထွန်းပြန့် ညွှန်ချုပ်-ငြိမ်း)က တီထွင်ပြီး ခရစ်နှစ် 1998-1999-ခုနှစ်ခန့်မှာ “နှစ်ဖက်လှ၏ နှစ်ဖက်လှ” စာအုပ်မှာ စ,တင်သုံးစွဲခဲ့သည်။
“၉၆၉ သုံးစွဲသူ”
          (၉၆၉) ကို မော်လ်မြိုင်မြို့၊ ဂဏဝါစက သံဃာ့ကွန်ရက်မှ စတင်သုံးစွဲပြီး စတေကာများပြုလုပ်ကာ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓသာသနာ၏ အထိမ်းအမှတ် သင်္ကေတအဖြစ် သာသနာ့အလံတော်၊ ဓမ္မစကြာစက်ဝိုင်း၊ အသောကကျောက်စာတိုင်တို့ကို နောက်ခံထား၍ ဒီဇိုင်းရေးဆွဲသည်။
“၉၆၉ နှင့် မိတ္ထီလာ”
          (၉၆၉) အဖွဲ့ဟု အများသိသော မော်လမြိုင် ဂဏဝါစက သံဃာ့ကွန်ရက် အဖွဲ့သည် မိတ္ထီလာမြို့သို့  မရောက်သေးသလို၊ (၉၆၉)တံဆိပ် စတေကာများလည်း မိတ္ထီလာမြို့မှာ ဖြန့်ဝေထားခြင်း လုံးဝမရှိပါ။
          သို့ ဖြစ်ပါ၍ (၉၆၉)သည် ရတနာသုံးပါးကို ကိုယ်စားပြုသည့် အပြစ်ကင်းစင်သော ဂုဏ်ပုဒ်များဖြစ်သလို၊ ဗုဒ္ဓဘာသာဝင်တို့ အသက်ထက်ဆုံး ယုံကြည်ကိုးကွယ်သော၊ ဗုဒ္ဓဘာသာဝင်တို့ အမြတ်တနိုး တန်ဖိုးထားသော အဖိုးအနဂ္ဃထိုက်တန်သည့် ရတနာမြတ်များသာ ဖြစ်ပါသည်။ ထို့ကြောင့် (၉၆၉)ဆိုင်းဘုတ်များကို ဖြုတ်ချ ဟန့်တား နှောက်ယှက်ခြင်းဖြင့် ဗုဒ္ဓသာသနာကို မစော်ကားမိဖို့ အနူးအညွတ် တောင်းပန်အပါသည်။
                                                                    ဦးပဉ္စင်း
                                                               ဝီရသူ (မစိုးရိမ်)
                                                            ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ
                                                      ဓမ္မသဟာယကျောင်း နာယက
                                                              မစိုးရိမ်တိုက်သစ်
                                                         မဟာအောင်မြေမြို့နယ်
                                                               မန္တလေးမြို့
                                                       26.3.2013 (10း 07-am)
.. www.MyanmarExpress.net
 

25 comments:

Imitate 786!Buddha will get shamefulness coz of this group.By the way,is this group a branch of meg?ka

ဒို့မြန်မာလူမျိုးတွေညီညွတ်ကြပါ
အသိရှိကြပါ
သတိရှိကြပါ
သတ္တိရှိကြပါ
၉၆၉ညွှန်ကြားချက်အတိုင်းသဝေမတိမ်းလိုက်နာကျင့်သုံးဆောင်ရွက်ပါ

ဒို့မြန်မာလူမျိုးတွေညီညွတ်ကြပါ
အသိရှိကြပါ
သတိရှိကြပါ
သတ္တိရှိကြပါ
၉၆၉ညွှန်ကြားချက်အတိုင်းသဝေမတိမ်းလိုက်နာကျင့်သုံးဆောင်ရွက်ပါ

ရို သေ လေး စား စွာ ယုံ ကြည် ပါ သည် ။

စတန့် လဲထွင် လိုက် ကြတာ။ အဲ့ ဒီ ၉၆၉ ကြီးကို လိုက်ပြီး နဖူး ပေါ် တက်တူး ထိုးရမယ့် အတိုင်းပဲ။ ဂုဏ်တော် တွေ ဆိုတာမှန် ပါတယ်။ မူစလင်တွေ ကို လိုက်တုနေ သလားလို့။ မိမိ စိတ်ထဲ မှာ ပဲ ဗုဒ္ဓမြတ်စွာ တရားတော် အဆုံးအမ တွေကို အမြဲတမ်း လိုက်နာ မိအောင် ရှမ်းကြီး လဲ ကြိုးစားနေတုန်းပဲ။ ၉၆၉ ကြီး ကို ရေးထား ဆွဲထား ပြီးယုံနဲ့ ပြီးမလား။ ဟာဗျာ ဒါက စတန့် ထွင် မှု သက်သက်ပါ။ ရှမ်းကြီးလဲ မြတ်စွာ ကို တုနိုင်းမဲ့ သတ်မှတ် ကိုးကွယ်သူတစ်ယောက်ပါ။ အပိုလုပ်ပြီး ဇတ်ထုပ်မ ရူပ် ခြင် ဘူးဗျာ။

၉၆၉ ဗုဒ္ဓဘာသာ အကြမ်းဖက်ဂိုဏ်း

ဦးဝီရသူ သည် ကုလားကို အပုတ်ချလိုက် အခြားဘာသာကို လေးစားရမည်ဟု ပြောလိုက်နဲ့ စကားနှစ်ခွ ပြောဆိုတတ်ခြင်း ပြသနာဖွခြင်းများ လုပ်ဆောင်နေသဖြင့် သံဃာအဖြစ် လက်မခံပါ

သာသနာတော် ကိုစော်ကာသူများသည် မြတ်ဗုတ္တ၏ ဆိုဆုံးမကိုခံရမည်

တရားဝင် တံဆိပ်ဖြစ်အောင် သာသနာရေးဝန်ကြီးဌာနမှာ မှတ်ပုံတင် ပေးကြပါ

ခုတ်ရာတခြား - ရှရာတခြား (သို့မဟုတ်) မရောင်ရာဆနွင်းလူးသူများ

မာဃမောင်

၂၀၁၂ နဲ့ ၂၀၁၃ နှစ်တွေက အလွန်ကိုဝမ်းနည်းကြေကွဲဖွယ်ရာ
နှစ်တွေပဲဖြစ်ပါတယ်။
ဒီနှစ်တွေထဲမှာ ရခိုင်ပဋိပက္ခဖြစ်တယ်။

ကချင်စစ်ပွဲဖြစ်တယ်။
မြန်မာနိုင်ငံအထက်ပိုင်းမှာ
မြေငလျင်တွေလှုပ်တယ်။ လက်ပံတောင်းတောင်သပိတ်စခန်း
ရက်ရက်စက်စက် ဖြိုခွဲခံရတယ်။
လယ်သမားတွေနဲ့ ရဲတွေရိုက်ပွဲဖြစ်တယ်။
တစ်ခါ သာကေတနဲ့ လှိုင်သာယာမှာ လူမျိုးရေးမုန်းတီးမှု၊
ပဋိပက္ခတွေ...ဖြစ်တယ် စတဲ့ အနိဌာရုံတွေဖြစ်ပေါ်ခဲ့တာ ပြည်သူပြည်သားအားလုံးအသိပဲဖြစ်ပါတယ်။

တစ်ဖက်က လက်ပံတောင်းတောင်
အရေးကိစ္စမှာ ဗုဒ္ဓဘာသာရဟန်းသံဃာတွေက ပြည်သူနဲ့ အတူ ဘ၀တိုက်ပွဲဆင်နွှဲရင်း ထိတ်လန့်စရာကောင်းတဲ့ သေရာပါဒဏ်ရာတွေရရှိခဲ့ကြပါတယ်။
အလား တူပဲ ကချင်စစ်ပွဲကိစ္စမှာလည်း ရဟန်းသံဃာတွေဟာ ပြည်သူဘက်ကနေ ကူညီထောက်ပံ့လှူဒါန်းနေ တာဟာလည်း
အလွန်ပဲ မုဒိတာပွားစရာ၊ ကြည်ညိုလေးစားဖွယ်ရာဖြစ်ပါတယ်။

အဲဒီမှာ စိတ်ပျက်စရာကောင်းတာကတော့ ရခိုင်ပဋိပက္ခပဲဖြစ်ပါတယ်။
အဲဒီကိစ္စမှာ ဗုဒ္ဓဘာသာ
ရဟန်းသံဃာများနဲ့ ဗုဒ္ဓဘာသာရခိုင်တွေဟာ
လောဘ၊ ဒေါသ၊ မောဟတွေ
ကိန်းအောင်းပြီး အတ္တကြီး စွာနဲ့
အင်အားနည်းပါးသူကို
ဗိုလ်ကျအနိုင်ကျင့်တာတွေ
တွေ့မြင်ရပါတယ်။
ရခိုင်ပဋိပက္ခငြိမ်သက်တဲ့
အခါမှာတော့ အဲဒီ လှုပ်ရှား
သွေးဆာခဲ့ကြတဲ့အုပ်စုဟာ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့
ရန်ကုန်တိုင်းတွေကို ၀င်ရောက်စည်းရုံးမှုတွေပြုခဲ့တာကြောင့် အဲဒီဒေသတွေမှာလည်း မတည်ငြိမ်မှု တွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

ဗုဒ္ဓဘာသာလမ်းစဉ်ဟာ မေတ္တာကိုအခြေခံတဲ့လမ်းစဉ်တစ်ရပ်ဆိုတာ ကမ္ဘာမှာကျော်ကြား ထင်ရှားလှပါတယ်။ မြန်မာလူမျိုးဟာ ရှေးယခင်ကတည်းက ခရီးသွားတွေတည်းခိုဖို့ ဇရပ်ကြီးတွေ ဆောက်လုပ်လှူဒါန်းကြတဲ့လူမျိုးပါ။ ငှက်လေးတွေ ကွန်းခိုရာရဖို့အတွက် သစ်သားတွေနဲ့ ငှက်အိမ် လေးတွေဆောက်လုပ်လှူဒါန်းကြတဲ့လူမျိုးပါ။

အခြားနိုင်ငံတွေထက်သာတာက
ထမင်းငတ်နေတဲ့ လူတွေကို ရှာကြံပြီး ကျွေးမွေးတဲ့လူမျိုးပါ။ ယုတ်စွအဆုံး သာမန်ဗုဒ္ဓဘာသာတယောက်ပင်လျင် ကံငါးပါး လုံရမယ်ဆိုတာတော့သိပါတယ်။

အခုတော့ ဗုဒ္ဓဘာသာအမည်ခံတဲ့ ရခိုင်တွေဟာ လူတွေကိုရက်စက်စွာသတ်ဖြတ်၊ လူနေအိမ် တွေကိုမီးရှို့တဲ့ အကုသိုလ်အလုပ်တွေကို ထမင်းစားရေသောက်လုပ်လာကြတာကို
မြင်ရတဲ့အခါ ဗုဒ္ဓ ဘာသာအတွက် အလွန်ပဲ ရင်လေးစရာဖြစ်လာပါတယ်။

အရင်ကဆိုရင် တာလီဘန်တွေ၊ အယ်လ်ကိုင်ဒါတွေကိုသာ အကြမ်းဖက်သမားတွေလို့ ကျွန်တော်ထင်မြင်ခဲ့တာပါ။ အခုတော့ဖြင့် အဲဒီတာလီဘန်တွေ အဘခေါ်ရမယ့်သူတွေက မြန်မာနိုင်ငံ မှာ ပေါ်ပေါက်ခဲ့ပါပြီ။ အလွန်ပဲ ၀မ်းနည်းကြေကွဲဖွယ်ဖြစ်ရပါတယ်။

အခုတော့ ဗုဒ္ဓဘာသာအမည်ခံ သံဃာအချို့ကလည်း မွတ်စလင်မ်ကုလားမုန်းတီးရေးကို တရားလုပ်ပြီးဟောနေကြလေရဲ့။ ဗုဒ္ဓ၀ါဒရဲ့ရေသောက်မြစ်ဟာ အတ္တကင်းစင်ခြင်းကိုတော့ သဘော ပေါက်သင့်ပါတယ်။

အဲဒီသံဃာတော်တွေဟောတဲ့တရားခွေ ကျုပ်နားထောင်လိုက်ရပါတယ်။ တရားနဲ့တူတာဆိုလို့ ၀ါကျတပုဒ်တောင်မပါတာကို မတရားသောအတင်းအဖျဉ်းတွေကို တရားလုပ်ဟောတာကတော့ ဗုဒ္ဓ ဘာသာအတွက် အဆိပ်အတောက်ပဲဖြစ်ပါတယ်။ အဲဒီတရားခွေမှာ မွတ်စလင်မ်ကုလားတွေက ဆောက်လုပ်ရေးကံထရိုက်တွေဖြစ်နေကြတာ၊ မော်တော်ယာဉ်လိုင်းတွေမှာ ကုလားတွေပိုင်တဲ့ လိုင်းတွေရှိနေတာ၊ ကုလားတွေ လူဦးရေတိုးပွားနေတာ ဒါတွေကိုပဲ အံတကြိတ်ကြိတ်နဲ့အမျိုးသားရေး ဆိုတဲ့ခေါင်းစဉ်တပ်ပြီး ဗုဒ္ဓဘာသာကို အနှစ်သာရမဲ့အောင်လုပ်နေကြတာဖြင့် အလွန်ပဲလွန်လွန်းနေပြီ ထင်ပါတယ်။

သူတို့က နိုင်ငံတော်အခွန်ရှောင်ပြီး စီးပွားရေးလုပ်ရင်ပြောပေါ့။ သူတို့စီးပွားရေးက တခြားသူ တွေကို ခေါင်းပုံဖြတ်နေတယ်ဆိုရင်ပြောပေါ့။ မသမာတဲ့ ဘိန်းဖြူတွေ ကုန်ကူးနေရင်ပြောပေါ့။ လူကုန် ကူးပြီး မြန်မာအမျိုးသမီးတွေကို ရောင်းစားနေရင်ပြောပေါ့။ ဇိမ်ခန်းတွေ၊ အရက်ဆိုင်တွေ မှိုလိုပေါက် အောင်ဖွင့်ပြီး စီးပွားရှာကြတယ်ဆိုရင် ပြောပေါ့။ ဒီလိုမဟုတ်ဘဲ သမ္မာအာဇီဝ ရှာစားတာဆိုရင်တော့ မုဒိတာပွားရမှာက ဗုဒ္ဓဘာသာတွေရဲ့ ကျင့်စဉ်တစ်ခုပဲမဟုတ်လား။ ဒီကုလားတွေက တကယ် လေ့လာကြည့်ရင် သူတို့အချင်းချင်းလည်း မသင့်မြတ်မှုတွေ တပုံတပင်ရှိနေတာပဲ။ သူတို့အထဲမှာ မုတ်ဆိတ်ရှည်တာ၊ အ၀တ်ဖြူအရှည်ဝတ်တဲ့အရှည်မျိုးတွေရှိသလို တိုက်ပုံကို ခုံခုံမင်မင်နဲ့ ရိုးမြေကျ ၀တ်နေတဲ့ အတိုအုပ်စုလည်း ရှိနေပါတယ် အဲဒီမုတ်ဆိတ်ရှည်အဖွဲ့ကလည်း သူတို့က သာသနာပြု အဖွဲ့အမည်ခံထားတာ၊ တကယ်တော့ အဲဒီအဖွဲ့ဟာ ကုလားအချင်းချင်းကို ကုလားဗလီတက်ဖို့ လိုက် ပြောစည်းရုံးတာကလွဲရင် ကျန်တာ ဘာမှမရှိဘူး။ သူတို့ကို တိုက်ပုံဝတ်ပြီး မြန်မာဆန်တဲ့ကုလားတွေ ကလည်း အစာမကြေကြပါဘူး။ မြန်မာပြည်မှာနေပြီး ကုလားအဆောင်အယောင်တွေဝတ်တာကို သူတို့လည်း မနှစ်မြို့ကြပါဘူး။ ဒါပေမယ့် ဒီမုတ်ဆိတ်တွေက အယူတော့သီးတယ်။ ဒါကြောင့် တိုက်ပုံ ကုလားတွေနဲ့ မတည့်တာဖြစ်မှာပါ။ ကဲ… ထားလိုက်ပါတော့။

တကယ်ဆိုရင် လက်ပံတောင်းတောင်စီမံကိန်းမှာ ဘယ်သူတွေခေါင်းပုံဖြတ်နေတာလဲ။ ရခိုင် ကမ်းမြှောင်ဒေသမှာ ဘယ်သူတွေအကျိုးရှိမှာလည်း။ ပြည်တွင်းမှာ ထိပ်တန်းလုပ်ငန်းရှင်တွေဟာ ဘယ်သူတွေလဲ။ မြန်မာအမျိုးသမီးတွေ လူကုန်ကူးပြီး ၀ယ်ယူနေတာက ဘယ်သူတွေလဲ၊ သူတို့က ဘာအတွက်ကြောင့် ၀ယ်ကြတာလဲ၊ မြောင်းဆီ၊ လူဆီနဲ့ လူကိုအန္တရာယ်ဖြစ်စေတဲ့အစားအစာတွေ၊ ဓာတ်မြေသြဇာတွေ၊ ခြင်ဆေးခွေတွေ၊ ဘယ်သူကသွင်းပြီး ဘယ်သူက၀ယ်ကြတာလဲ၊ အရက်ဆိုင်ကြီး တွေ၊ လောင်းကစားဒိုင်ကြီးတွေ၊ ဇိမ်ခန်းတွေဖွင့်ပြီး မြန်မာအမျိုးသမီးများနဲ့ မြန်မာလူငယ်တွေပျောက် အောင်လုပ်နေတာဘယ်သူလဲ? မန္တလေးမြို့တော်နဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ကို သေနတ်သံ တစ်ချက်မကြားရဘဲ ဘယ်သူသိမ်းပိုက်သွားပြီလဲ? ဒါတွေတောင်မသိဘဲ မဆိုင်တဲ့အပေါက်ကို ဂလိုင်နဲ့ ခေါက်နေတာလား။ ဒါမှမဟုတ်ရင် မသိချင်ယောင်ဆောင်နေတာလား-ဒါမှမဟုတ်ရင် အခကြေးငွေယူ ပြီး လုပ်ဇာတ်ခင်းနေကြတာလားဆိုတာ ပြည်သူတွေက သုံးသပ်နေကြပါပြီ။

ခင်ဗျားတို့ကြောင့် ဗုဒ္ဓဘာသာ မြောင်းထဲမရောက်ပါစေနဲ့။ ဗုဒ္ဓဘာသာဟာ ဗြဟ္မစိုရ်တရားလေး ပါးဆိုတဲ့ မေတ္တာကွန်ရက်နဲ့ ဖွဲ့စည်းထားတာပါ။ ခင်ဗျားတို့က မူဆလင်ကုလားတွေ လူဦးရေတိုးနှုန်း ကြောက်စရာကောင်းတယ်လို့ပြောတယ်။ သင်္ချာနည်းနဲ့တောင် မဟုတ်မဟပ်လုပ်ပြီး တွက်ပြလိုက် သေးတယ်။ အဲဒါ ငတုံးတွေကိုပဲ လှည့်စားလို့ရမှာပေါ့။ ခင်ဗျားတို့သိအောင် ပြောပြမယ်။ ၁၉၆၀ ၀န်း ကျင်က မြန်မာနိုင်ငံအစိုးရထုတ်ပြန်ချက်အရ မြန်မာပြည်မှာ မူဆလင်ကုလား ၂.၃% ရှိတယ်လို့ပြော တယ်။ အခု ဦးသိန်းစိန်အစိုးရလက်ထက်မှာ မူဆလင်ကုလား ၃.၇% ရှိတယ်လို့ပြောတော့ နှစ် ၅၀ အတွင်းမှာ အဲဒီကိန်းဂဏန်းအရ တိုးတက်တာကို နည်းသလား/များသလားဆိုတာ ခင်ဗျားကိုယ်တိုင် ပြန်တွက်ကြည့်ပါ။
ခင်ဗျားတို့က ဘုရား-တရား-သံဃာဆိုတာကို ၉၆၉ ဆိုပြီး လုပ်ချလိုက်ပြန်တော့ ကျုပ်က ဗုဒ္ဓဘာသာဝင်တွေ အလေးအနက်ထားရတဲ့ ဓမ္မပဒ ရဲ့ သွန်သင်မှုကို ဒီလိုပြောပြချင်တယ်။ “မကောင်း သောစိတ်ဖြင့် ပြောဆိုခြင်း၊ ပြုလုပ်ခြင်း၊ ကြံစည်ခြင်းတို့ကြောင့် ထိုသူ့နောက်သို့ လှည်းဘီဝန်ကို ဆောင်သော နွား၏ခြေရာအစဉ်လိုက်သကဲ့သို့ ဆင်းရဲခြင်းသည်လည်း အစဉ်လိုက်လေ၏” မီးမောင်း ထိုးပြသလို ကျေးဇူးရှင် အရှင်ဇနကာဘိဝံသဆရာတော်ကြီးကလည်း ဒီလိုမိန့်ကြားခဲ့ပါတယ်။

“လောကကြီးထဲမှာ အတုတွေများလာရင် အစစ်တွေကွယ်တတ်တယ်။ ၀ိနည်းသိက္ခာပုဒ် တွေကို မလေးစား၊ ကိုယ်ကျင့်သိက္ခာမဲ့သူတွေ ဖုံးလွှမ်းလာရင် အကျင့်မှန်သူတွေ ကွယ်ရစမြဲပေါ့။ သူတို့က ဗြဟ္မဏ၀ါဒတွေကို ဘုရားဟောခဲ့လေဟန် ဂမ္ဘီရဆန်ဆန် လုပ်နေကြတယ်”ဟု ဟောကြား ဆုံးမခဲ့သည်ကို ဗုဒ္ဓဘာသာဝင်များ နှလုံးပိုက်ရန် လိုအပ်လှပေသည်။
ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးရဲ့မိန့်မှာချက်ကိုလည်း သတိပြုသင့်ပါတယ်။ ဆရာ တော်ကြီးက ဒီလိုမိန့်ကြားခဲ့ပါတယ်
“လူတို့က ၀ိနည်းကိုသိ၍ ၀ိနည်းရှိတိုင်း ညီညွတ်အောင်မကျင့်သောရဟန်းကို လှူဒါန်းသူ၊ ကိုး ကွယ်သူမရှိဘဲနေခဲ့မူကား သာသနာသည် အလွန်ကောင်းဖို့ရာသာဖြစ်သည်”လို့ မိန့်ကြားခဲ့တာကို လည်း အခုခေတ်ဗုဒ္ဓဘာသာဝင်တွေ အထူးသတိကပ်ဖို့ လိုအပ်ပါပေတယ်။

“မြတ်စွာဘုရားဟာ ထာဟီရသုတ္တန်တရားတော်တွင် အယူအမြင်မှန်ကန်ခြင်းနှင့် သီလစင် ကြယ်ခြင်းသည် ကောင်းမှုကုသိုလ်တို့၏ အစအမွန်”ဟု ဟောကြားခဲ့သည်ကိုလည်း သတိလက်လွှတ်၍ မရပါ။ ဗုဒ္ဓတရားတော် ၀စီဒုစရိုက်သုံးပါး - မနောဒုစရိုက်သုံးပါး - ကာယဒုစရိုက် သုံးပါးတို့ကို ရှောင်ကြဉ်ခြင်းသည်ပင်သီလဖြစ်ပေတယ်လို့ မှာကြားခဲ့ပါတယ်။
သီလနဲ့ပတ်သက်ပြီး ပထမရွှေကျင်ဆရာတော်ဘုရားကြီးက ဒီလိုမိန့်တော်မူခဲ့ပါတယ်။
“ဗဟုသုတရှိလျက် သီလမရှိလျင် မဆည်သောကန်နှင့်တူ၏။ ပညာရှိလျက် သီလမရှိလျင် အသီးမရှိသောအပင်နှင့်တူ၏။ စာပေပို့ချနိုင်လျက် သီလမရှိလျှင် အသီးမချိုသော သစ်ပင်နှင့်တူ၏။ တရားဟောကောင်းလျက် သီလမရှိလျင် မမွှေးသောပန်းနှင့်တူ၏။ ကျမ်းဂန်တတ်လျက် သီလမရှိလျင် အဆိပ်သီးပင်နှင့်တူ၏”လို့ မိန့်ကြားခဲ့ပါတယ်
သို့ဖြစ်၍ ယခုလှုံ့ဆော်နေသော (၉၆၉)သည် သီလမရှိသူများ၊ စိတ်ရင်းစေတနာမမှန်ကန် သူများ၊ အကျင့်မမှန်သူများရဲ့ လုပ်ရပ်တွေသာဖြစ်ပါတယ်။ တကယ်တော့ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ နှလုံးသားမှာ (၉၆၉)တော့ရှိ/မရှိမသိပါ။ ဘုရား၊တရား၊သံဃာတည်းဟူသော ရတနာမြတ်(၃)ပါး ကတော့ နှလုံးသားတိုင်းမှာ ရှိနေကြပါတယ်။ ဒီရတနာသုံးပါးဆိုတဲ့ မြင့်မြတ်တဲ့ဂုဏ်ပုဒ်ကြီးဟာ လူသတ်လက်နက်မဖြစ်ပါစေနဲ့။ မုန်းခြင်းတည်းဟူသော အာဃာတလက်နက်မဖြစ်ပါစေနဲ့။ အကုသိုလ် သံသရာလည်စေမယ့် ၀ါဒဖြန့်လက်နက်မဖြစ်ပါစေနဲ့။ ပြတ်ပြတ်သားသားပြောချင်ပါတယ်။ ခင်ဗျားတို့ တကယ်ပဲ အမျိုးသားရေးအကျိုးဖြစ်ထွန်းမှု လိုလားတယ်ဆိုရင် လက်ပံတောင်းတောင်သပိတ်စခန်းမှာ ဒဏ်ရာအနာတရ ရခဲ့ကြတဲ့ ကိုယ်တော်တွေကို ကူညီပါ။ ရခိုင်နဲ့ ကချင်က ငတ်ပြတ်နေတဲ့ ဒုက္ခသည် တွေကို ကူညီပါ။ ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေနဲ့ ဘုရားကျောင်းကန်တွေကို ကူညီပါ။ မိမိကိုယ် တိုင် အကောင်းမလုပ်တတ်ရင် အကောင်းတကာ့အကောင်းတွေကိုပဲ ဦးတည်လုပ်ဆောင်နေကြတဲ့ သီတဂူဆရာတော်၊ အရှင်ဆေကိန္ဒဆရာတော်နဲ့ ဦးကျော်သူစတဲ့ ပုဂ္ဂိုလ်တွေနောက်ကိုလိုက်ပါဆောင် ရွက်ကြပါ။

ခင်ဗျားတို့ကိုယ်တိုင် မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ အရပ်ရှစ်မျက်နှာမေတ္တာသုတ်ကို နေ့စဉ်ရွတ်ဆိုရင်း ဘာဝနာပွားမေတ္တာထားနိုင်ကြပါစေလို့ ဆုတွေတောင်းရင်း….။
(လူသားအားလုံး ငြိမ်းချမ်းသာယာပြီး ဘေးဘယာ ကင်းကြပါစေ)
မာဃမောင်

၉၆၉ ဟာ အကြမ်းဖက်အဖွဲ့ လို့  ဘယ်သူတွေကများ

မတရား စွပ်စွဲနေတာပါလဲ
ဂဃနဏ လေ့ လာပြိးမှ ဝေဖန်ကြပါ
ဒါဟာသာမာန်နိင် ငံရေးမဟုတ်ပါ

လူသားအားလုံးအတွက် ဧချမ်းမူ လွှတ်မြောက်မူ

နိဗ္ဗာအစစ်ကို ပေးမည့်  တခုတည်းသော သစ္စာတရား

နည်းမှန် ကို ။ အခွင့် အရေးထူးကြိးကို အထူးကာကွယ်နေကြတာပါ
လူသားအားလုံးက ကြည်ညီု လေးစားအားထားကြပါ

ဘုရားဂုဏ်တော် (၉)ပါး၊ တရားဂုဏ်တော်(၆)ပါး၊ သံဃာဂုဏ်တော်(၉)ပါးသည် လူသားတိုင်း လေးစားကြည်ညိုထိုက်တဲ့ ဂုဏ်အင်္ဂါတွေဖြစ်ပါတယ်။ အဲဒီဂုဏ်တော်တွေက လူသားအားလုံးအတွက် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးနဲ့ ပြည့်လျှမ်းနေတဲ့ ဂုဏ်တော်တွေဖြစ်တယ်လို့ သိထားပါတယ်။
၉၆၉ တံဆိပ်က အရုပ်က လုံးလုံး စိတ်ညစ်စရာပါ။ ထေရဝါဒဗုဒ္ဓဘာသာမှာ တိရစ္ဆာန်ကိုအမြင့်မှာထား ကိုးကွယ်တာမရှိဘူး... ၉၆၉ ထက် အရဟံ ကိုအစဉ်တစိုက်သုံးခဲ့ကြတာပါ ဂဏန်းက သူတို့တွေသုံးသလို လိုက်လုပ်တဲ့ပုံစံဖြစ်နေပါတယ် ..... မနေ့တနေ့ကမှထွင်တဲ့ ၉၆၉ ကို လက်မခံတာနဲ့ပဲ ဗုဒ္ဓဘာသာမဟုတ်ဘူးဆိုပြီး လည်း ပြောနေကြပါတယ်။.... မူဆလင်တွေက ၇၈၆ မလို့ ငါတို့ က သူတို့ နဲ့ အပြိုင် ၉၆၉ လိုက်လုပ်တာလား တွေးတက်ရင် ရှက်ဖို့ ကောင်းပါတယ် ။ ၉၆၉ က ဂုဏ်တော်ကိုးပါးကို ရည်ညွန်းနေတယ်လို့ ပြောတယ် ..ဒါကတရားသစ်တီတွင်မှု့ ပါ အရင်ဗုဒွဘာသာဆိုင်မှာရှိတဲ့  ဗုဒ္ဓံ ဓမ္မံ သံဃံ ၊ အရဟံ အစရှိဒါတွေထက် ဒီ ၉၆၉ ကပိုပြီး မြက်တယ်လို့ ထင်နေမှ ဗုဒွဘာသာက ဂိုဏ်ကွဲဖို့ ဖြစ်လာပြီး

မြန်မာလူမျိုးမပျောက်အောင် ထိန်းသိမ်းကြ

တံဆိပ်ထဲကအရုပ်အကြောင်းကိုနားမလည်ပဲလျှောက်မပြောနဲ့အဲ့တာအာသောကကျောက်တိုင်လို့ခေါ်တယ်အာသောကမင်းကြီးကဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အထင်ကရရှိတဲ့နေရာတွေမမှားယွင်းမပျောက်ပျက်ရလေအောင်စိုက်ထူခဲ့တဲ့အထိမ်းအမှတ်ကျောက်တိုင်တွေပေါ့အာသောကမင်းကြီးရဲ့ကျေးဇူးကြောင့်နေရာအတော်များများကိုဗုဒ္ဓဘာသာသာသနာပြုဖို့ရဟန်းတွေကိုစေလွှတ်ရာကသာသနာပြန့်ပွားပြီးငါတို့တွေကိုးကွယ်ရာအစစ်အမှန်ကိုရရှိနေရာတာအိန္ဒိယနဲ့နီပေါနိုင်ငံမစ္ဇျိမဒေသဘုရားဖူးထွက်ရင်၉၆၉ပုံမှာပါတဲ့အာသောကကျောက်တိုင်တွေကိုတွေ့မြင်ရမှာပါ

ဦးဝိရသူ(၉၆၉) အကြမ်းဖတ်အဖွဲ့ ခေါင်းဆောင်ဖြစ်တယ်
ရိုးသားတဲ့ မြန်မာများအပေါ်လှည့် စားခုတုံးလုပ်ပြီး
နိုင်ငံရေးအမြတ်ထုတ်တဲ့ ဘုန်းကြီးအယောင်ဆောင်
နိုင်ငံရေးသမားအခြောက်တယောက်သာဖြစ်ပါတယ်
သူ့ နေက်လိုက်တွေကလည်းနလပိန်တုံးတွေ
အဆင့် မရှိတဲ့ လမ်းဘေးကခွေးဝဲစားတွေထောင်ထွက်
လူသတ်သမားနှင့် ဖါခေါင်းတွေများတယ်
၉၆၉မှာငွေကြေးတတ်နိုင်တဲ့ သူတွေလည်းပါတယ်
အဲဒိလူတွေက အမှားနှင့် အမှန် မခွဲခြားတတ်တဲ့ 
ခွေးသာသာအောက်တန်းစားကောင်တွေပါ။
Budish ဘာသာကိုထွန်းကားအောင်လုပ်နေတဲ့ ကောင်တွေ
မဟုတ်ဘူး
သာသနာကွယ်ပျောက်အောင်လုပ်နေတဲ့ 
ကောင်တွေမို့ သတိကြီးစွာထားဖို့ တိုက်တွန်းလိုက်ပါတယ်။

ဘာသာရေးကိုနွားတွေးပြီးနွားလိုcomment ရေး နဲ့  သူ တွေက လည်း စိတ် ပျက် စရာ ဘဲ ။

ဒီမှာကွန်မင့်ရေးခဲ့တဲ့ကောင်တွေ အားလုံးဟာ စောက်မွတ်ဆလင်ကုလားများသာ ဖြစ်ပါသည် မှန်ကန်ကြောင်း တာဝန်ယူပါသည်

We public support n recommend 1st comment.Now persuaded letter from U Wirathu is on meg again.How they connect?

ဆိုင်း ဘုတ် ထက် ခန္ဓာ အ ရှိ ဥာဏ် အ သိ ဖြစ် အောင် ကြိုး စား ကြ ။

ဗုဒ္ဓ သာ သ နာ တော် ကို ဘယ် သူ မှ မ ဖျက် ဆီး နိုင် ။

ကိုယ့် ကိုယ် ကို ဖျက် မှ ပျက် စီး မှာ ။

we also write 969 in foreign languages such as english,chinese,japanese,hindustani,spanish,french,german,russian,malay etc...
thank you for all sayadaws,writers,and all contributed for this unity campaign to wake up our myanmar.
please keep going without stopping.
unity is strength.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်