Subscribe to our RSS Feed

ရုပ်ရှင်အစည်းအရုံးမှ မိတ္ထီလာရှိဒုက္ခသည်များသို့ သွားရောက်ကူညီမည်

From : ..myanmar age


ရုပ်ရှင်အစည်းအရုံးအဖွဲ့ အနုပညာရှင်များသည် မိတ္ထီလာမြို့ရှိ ဒုက္ခသည်များအား ဧပြီလ ၁ရက်နေ့တွင် သွားရောက်ကူညီ ရန် အစီအစဉ်ရှိကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားသည်။
“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံး အဖွဲ့အပါအဝင် ပွင့်လင်းအဖွဲ့အစည်းနဲ့ အမျိုးသမီးရေးရာအဖွဲ့တို့ ပေါင်းပြီး ဧပြီလ ၁ရက်နေ့မှာ မိတ္ထီလာကို သွားမှာဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့ အတွက်ဆိုရင် ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးနဲ့ အနုပညာရှင်တွေကလည်း ပူးပေါင်းဖို့အသင့်ပါပဲ” ဟု မတ်လ ၃၀ရက်နေ့ မြန်မာငြိမ်းချမ်းရေး စင်တာ၌ ပြုလုပ်သည့် အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် ဘာသာရေး အဖွဲ့အစည်းတို့၏ ဆွေးနွေးပွဲ၌ ပြောကြားခြင်းဖြစ်သည်။
ထို့ပြင် ၎င်းတို့ရုပ်ရှင်အစည်းအရုံး အဖွဲ့အနေဖြင့် ဒုက္ခသည်များအား ကူညီထောက်ပံ့ရန်နှင့် ပညာပေးခြင်းများဖြင့်သာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နိုင်မည်ဖြစ်ပြီး တကယ်တမ်း ပြုလုပ်ရမည်မှာ နိုင်ငံတော် အစိုးရအဖွဲ့မှ သိရှိပြီးဖြစ်သည့် ကောလာဟလနှင့် ပဋိပက္ခဖြစ်ပွားရန် နောက်ကွယ်မှ ကြိုးကိုင်သူများအား မြန်မြန်အရေးယူ ပေးသွားရန်မှာ အဓိကဖြစ်ကြောင်း ပြောကြားသွားသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ ဒုဥက္ကဋ္ဌ ဦးလူမင်းတို့နှင့် အနုပညာရှင်အဖြစ် ပြေတီဦးတို့ တက်ရောက်ကြကြောင်း သိရသည်။

.. www.MyanmarExpress.net
 

1 comments:

နိုင် ငံ တော် အ ကြိး အ ကဲ များ ခင် ဗျား လေး စား စွာ တင် ပြ အပ် ပါ သည်

ဦး နေဝင်း လက် ထက် နှင် ယ ခု လက် ရှိ အ ခြေ အ နေ ကို နိုင်း ရှင် ကြည့် လျှင် ဦးနေ ဝင်း လက် ထက် က အ ရက် ဆိုင် ကာ ရာ အို ကေ ဆိုင် အ နှိပ် ခန်း များ ဘိန်း ဆေး ပြား များ မြန် မာ ပြည် အလည် ပိုင်း တွင် လုးံဝ မ ရှိ သ လောက် ပါ ယ ခု တော့ လမ်း တိုင်း ရပ် ကွက် တိုင်း မြို့ တိုင်း တွင် ပေါ များ စွာ ရှိ နေ ပါ သည် လူ ငယ် လေး များ များ စွာ ပျက် စီး လျှက် ရှိ ပါ သည် ပ ခုက္ကူ တွင် ထောင် ချီပြိး ဆေး ပြား ရောင်း သူ ရှိ ပါ သည် အာ ဏာ ပိုင် များ မှ မ ဖမ်းကြ ပါ နေ ပြည် တော် လမ်းမ ပေါ် တွင် ကား မီး လောင် ၍ မီး မ ငြိမ်း နိုင် သ ဖြင့် ကား ထား ခဲ့ ပြိး ထွက် ပြေး ခဲ့သူ သည် ပခုက္ကူ သား ပါ တာဝန် ရှိ သူ များ မီး လောင် နေ သော ကား ကို စစ် ဆေး ကြည့် ရာ တွင် ဆေး ပြား များ ထောင် ချီ ၍ မိ ပါ သည် လူ တော့ မ မိ ပါ ဆေး ပြား ရောင်း သူ သည် ၂ ခါ ပြ သာနာ ဖြစ် ပြိး ခ ဏ ရှောင် နေ ရ ပါ သည် ကြာ မှ လူ ပြန် ပေါ် လာ သည် အဲ ဒီ လောက် လူ ကြား သူ ကြား ဆေး ပြား ရောင်း တာ သိ နေ ပါ လျှက် ပ ခု က္ကူ အာ ဏာ ပိုင် အ ဖွဲ့ အ စည်း မှ အ ရေး မ ယူ ခြင်း မ ဖမ်း ခြင်း သည် စဉ်း စား ကြည့်  စ ရာ မ လို ပါ ငွေ ကို တ ဦး လျှင် ရာ ချီ ယူ ထား ခြင်း ကြောင့် ဖြစ် ပါ သည် လူ ငယ် များ လဲ ပျက် စိး ကုန် ပါ ပြိ လူငယ် လေး တွေ သုးံ စွဲ နေ ပြိ ဆို မှ အ ဖမ်း ပြ ချင် ပုံ ရ ပါ သည် ဆေး ပြား ထောင် ချီ ပြိး ရောင်း သူ ကို သိ ပါ သည် ပ ခုက္ကူ အာ ဏာ ပိုင် အဖွဲ့ ကို အ ရေး ယူ ပေး ပါ ရန်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်