From :
..myanma age
သထုံမြို့ တွင် နေထိုင်လျက်ရှိသော လေးတန်း ကျောင်းသူ
လေးအား အဓမ္မပြုကျင့်ရန ကြံစည်သူကို ဖခင်ဖြစ်သူမှ အမှု
ဖွင့်ရာ တရားခံ မိသားစုမှ ပိုင်နက်ကျူးလွန်မှုဖြင့် ပြန်လည်
တရားစွဲဆိုမှုတွင် လေးတန်းကျောင်းသူလေး၏ ဖခင်မှာ ရင်
ဆိုင်နေရကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အသက်၁၀ နှစ်အရွယ် စတုတ္ထ
တန်း ကျောင်းသူလေးကို ကျောင်းကြိုကျောင်းပို့ ဘေးတွဲ ဆိုက်ကယ်
မောင်းနှင်သူ ကိုပြည့်ဖြိုးအောင် အသက်၂၂ မှ ကျောင်းဆင်းချိန်တွင်
အိမ်သို့ပြန်လည် မပို့ဘဲ လူသူပြတ်လတ်သည့် သထုံမြို့ လေယာဉ်ကွင်း
ဟောင်း ရှိရာနေရာသို့ ခေါ်ဆောင်သွားကြောင်း၊ ယင်းလေယာဉ်ကွင်းပျက်
အနီးတွင် အထက (၁) ကျောင်း အနောက်ဘက် အုတ်တံတိုင်းရှိရာသို့ စတုတ္ထတန်းကျောင်းသူလေးအားခေါ်ဆောင်သွားပြီး တရားခံ ကိုပြည့်ဖြိုးအောင်က နောက်ဆိုရင် နင်နေရမယ့်ကျောင်းကို
ပြမည်ဟုဆိုကာအုတ်တံတိုင်းတဖက် ကျောင်းအတွင်းဘက်သို့
ခေါ်ဆောင်ရန်ကြိုးပမ်းခဲ့ကြောင်း၊ ကလေးမှာကြောက်ရွံ့ ကာ
နေအိမ် သို့ပြန်ပို့ရန်ပြောဆိုသောအခါ ဆိုက်ကယ်ရှိရာ သို့ပြန်
လည် ခေါ်ဆောင်ကာ၊ ဆိုက်ကယ်ပေါ်တွင် ကလေးအားထိုင်
ခိုင်းပြီး ကလေး၏ ခန္ဒာကိုယ်အနှံ့ ကို ပွတ်သတ်ကာ အဓမ္မပြု
ကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ကလေးမှာ ကြောက်လန့်ငိုယိုကာ
အိမ်သို့သာ ပြန်လည်ပေးပို့ရန် ပြောဆိုနေသဖြင့် နောက်ဆုံးတွင်
အိမ်သို့ပြန်လိုက်ပို့ ခဲ့ကြောင်းသိရသည်။.
“အရင်တုန်းကဆိုရင် ၃နာရီ ကျောင်းဆင်းရင် အိမ်ကို ၃နာရီ ၁၅
လောက် ဆိုရောက်ပြီ၊ အဲ့နေ့က ၄နာရီထိုးခါနီးလောက်မှ ပြန်
ရောက်တယ်။ ဆိုက်ကယ်ဘေးတွဲ မောင်းတဲ့သူက အရင်ဆို
လမ်းထိပ်မှာပဲ ကလေးကို ဆင်းခိုင်းတာ အဲ့နေ့က အိမ်အထိ
လိုက်ပို့တယ်။ ပြီးတော့ ဆိုက်ကယ်ပျက်လို့ နောက်ကျသွားတာပါ
တောင်းပန်ပါတယ်ဆိုတဲ့ စကားကို အကြိမ်ကြိမ်ပြောတယ်။ ကလေးကလည်း ငိုမဲ့မဲ့ဖြစ်နေတယ်။ ပြီးတော့ အဲ့လူက မပြန်ပဲ အိမ်နားမှာ ၀ဲလည်ဝဲလည်
လုပ်နေတယ်။ ဒါနဲ့ ကလေးကို မေးကြည့်တော့မှ အကုန်သိရတယ်။
အဓမ္မကျင့်ဖို့ပဲကြံတာ အထမမြောက်ဘူး ဆိုတော့မှ ကျွန်တော်တို့လည်း
စိတ်အေးရတယ်” ဟု စတုတ္ထန်း ကျောင်းသူလေး၏ ဖခင်က ပြောကြားသည်။
ထိုဆိုက်ကယ် ဘေးတွဲမောင်းနှင်သူ ကိုပြည့်ဖြိုးအောင်မှာ တစ်ရပ် ကွက်ထဲတွင် နေထိုင်သူဖြစ်သဖြင့် နောက်နောင်တွင် တခြားသော
ကလေးများကို အဓမ္မပြုကျင့်ရန် ကြံစည်မှုများ မဖြစ်စေရန်နှင့်
ဆုံးမနိုင်ရန် ကိုပြည့်ဖြိုးအောင်၏ မိဘများထံသို့ သွားရောက်ကာ အဖြစ်အပျက်ကို ပြောကြားရာ မိဘများမှာ လက်မခံနိုင်ပဲ “ကလေးပြောတိုင်း
လျှောက်မယုံနဲ့” ဟုပြောကြားကာ စတုတ္ထတန်း ကျောင်းသူလေး၏ ဖခင်ကို ထိုးကြိတ်ကျကြောင်း၊ ထို့ကြောင့် သထုံမြို့ နယ် ရဲစခန်းသို့ သွားရောက်ကာ ကိုပြည့်ဖြိုးအောင်၏ လုပ်ရပ်အပေါ် ခေါ်ယူဆုံးမပေးရန် တိုင်ကြားခဲ့ရာ
စခန်းမှူးမှာ ဖြစ်စဉ်မှာ သာမာန် မဟုတ်သည့်အတွက် ကိုပြည့်ဖြိုးအောင်ကို
ခေါ်ယူ စစ်ဆေးခဲ့ရာ ၀န်ခံသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၅၁၁ဖြင့်
အမှုဖွင့်ခဲ့ကြောင်း၊ ထိုသို့အမှုဖွင့်ပြီး လေးရက်ခန့်အကြာတွင် တရားခံ
မိသားစု ဘက်မှ စတုတ္ထတန်း ကျောင်းသူလေး၏ ဖခင်အား ပုဒ်မ၄၅၁
ပိုင်နက်ကျူးလွန်မှု၊ ပုဒ်မ၃၂၃ နာကျင်စေမှုတို့ဖြင့် ပြန်လည် အမှုဖွင့်ခြင်းကို
ခံရကြောင်း သိရသည်။
“ကျွန်တော် သူတို့ အိမ်ကို သွားတုန်းကလည်း ၀င်ခွင့်တောင်းပြီး
မှ ၀င်တာပါ။ ကိုယ်ထိလက်ရောက်လုပ်ဖို့ မပြောနဲ့ လက်နဲ့တောင်
မရည်ရွယ်ခဲ့ပါဘူး။ သူတို့သားကို နောက်နောင်ဒီလို အပြုအမူမျိုးတွေ
မလုပ်အောင် မိဘတွေ အနေနဲ့ သွန်သင်ဆုံးမနိုင်အောင် သွားပြီး
ပြောတာပဲရှိတာပါ။ ကိုယ်ထိလက်ရောက် ကျူးလွန်တာက သူတို့
ဘက်က ကျူးလွန်တာပါ။ ကျွန်တော် အခု အမှုဖွင့်တယ် ဆိုတာ
ကလည်း စခန်းမှူးက အဓမ္မပြုကျင့်တဲ့ အဆင့်ကို ကျူးလွန်လို့
မရလိုက်ပေမယ့် အဓမ္မပြုကျင့်ဖို့ ကြိုးစားတဲ့အတွက် ပြစ်မှုမြောက်
တယ် ဆိုလို့ပါ။ ကျွန်တော့်ကို တကယ်ထိုးတာကိုတောင်
ကျွန်တော်က အမှုမဖွင့်ခဲ့ပါဘူး။ သူတို့ဘက်ကနေ ကျွန်တော့်ကို
အမှုဖွင့်ချင်တယ်ဆိုရင် ကျွန်တော်တိုင်တဲ့ နေ့ကတည်းက တိုင်
လို့ရတယ်။ သူတို့လာတောင်းပန်တာကို ကျွန်တော်က လက်မခံလို့
လေးရက်လောက်နေမှ အမှုကို ဖန်တီးပြီးဖွင့်တာ။” ဟု စတုတ္ထတန်း
ကျောင်းသူလေး၏ ဖခင်က ပြောကြားသည်။
“ကလေးကို အဓမ္မပြုကျင့်ဖို့ ကြံစည်လို့ ပြစ်မှုမြောက်လို့ အမှုဖွင့်
ပေး လိုက်တာပါ။ ဟိုဘက်က မိဘတွေက ဆေးစာတွေနဲ့ သူတို့
ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတယ်လို့ ပြန်ပြီးတိုင်ကြား
လာတဲ့အတွက် ကလေးရဲ့ ဖခင်ကို အမှုပြန်ဖွင့်လိုက်တာပါ။ ဥပဒေ
အတိုင်းပဲ ကျွန်တော်တို့ လုပ်စရာရှိတာကို လုပ်ပေးတာပါ။”ဟု
သထုံမြို့ နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခုအခါ စတုတ္ထတန်း ကျောင်းသူလေးနှင့် သူမ၏ ဖခင်တို့ ရင်ဆိုင်
နေရသော အမှုများကို ဖြေရှင်းရန် ရှေ့ နေမငှားရမ်းနိုင်သည့်အတွက်
အစိုးရရှေ့ နေနှင့် အမှုကို ဖြေရှင်း နေရသော်လည်း ထိရောက်မှုမရှိ
ဖြစ်နေကြောင်း၊ သထုံမြို့ တွင် ယခုကဲ့သို့ အသက် မပြည့်သေးသူ
ကလေးသူငယ်များကို အဓမ္မပြုကျင့်မှုများစွာရှိပြီး ကလေးမိဘများမှာ အမှုမဖွင့်ရဲကြပဲ ငွေကြေးညှိုနှိုင်းခြင်းများဖြင့်သာ ပြီးဆုံးသွားသည်က
များကြောင်း၊ ထိုသို့ အမှုမဖွင့်ပဲ ထားသဖြင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားသူများမှာ ပိုမိုအတင့်ရဲလာခြင်း ဖြစ်သောကြောင့်
အမှုဖွင့်ကာ တိုင်ကြား လိုက်ခြင်း ဖြစ်ကြောင်း စတုတ္ထတန်းကျောင်းသူ၏
ဖခင်က
ပြောကြားသည်။
“သထုံမှာက ဒီလိုအမှုတွေ အများကြီးပဲ။ တရားစွဲရင်လည်း အချိန်
အကြာကြီးဆွဲပြီး စစ်တယ်။ နောက်ဆုံး ငွေနဲ့ ညှိုနှိုင်းတာနဲ့ပဲ ပြီးသွား
တာက များတယ်။ တချို့ ကလေးတွေဆိုရင် ဖားကန့်က အနှိပ်ခန်း
တွေကို အပို့ခံရတာတွေတောင်ရှိတယ်။ ခံလည်း ခံရသေးတယ် ပြီးရင်
ငွေရှိတဲ့လူတွေကပဲ နိုင်သွားတာက များနေတယ်” ဟုလည်း စတုတ္ထတန်း
ကျောင်းသူ၏ ဖခင်ကထည့်သွင်းပြောကြားသည်။
.. www.MyanmarExpress.net

.jpg)

11 comments:
ဒါ ကို အ စိုး ရ အ နေ နဲ့ လစ် လူ ရူ ထား လို့ မ ရ ပါ ဘူး သ က် ဆိုင် တဲ့ အာ ဏာ ပိုင် အ ဖွဲ့ စည်း တွေ ကို ထိ ထိ ရောက် ရောက် အ ရေး ယူ ပေး ပါ
ဒီလို ဖြစ်စဉ်မျိုး လုံးဝလက်မခံပါဘူး။အမှန်အတိုင်းပဲ ဖြစ်စေချင်ပါတယ် ငွေများတရားနိုင်ခေတ် မဟုတ်တော့ပါဘူး။
တရားသူကြီးတွေ အကျင့်ကမပြောင်းသေးဘူးဗျ။တကယ်ပြောတာပါ။တရားစီရင်ရေးမှန်ကန်ဖို့က စစ်စင်ရေးတခုလို လုပ်ရမှာပါ။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လိုအရေးယူမလဲ ဆိုတာ စောင့်ကြည့်နေပါတယ်။
How photo related to this news , I shame on you Myanmar express,very very low standard media and like bull shit very low standard peoples working in Myanmar express media
raper ကို တစ် ကျွန်း ပို့ ပါ။
This photo related to u. That is your father & father in law's photo
ရတနာ့မေတာ အဖွဲ့နဲ့ unicef တိုးပူးပေါင်း လမည့် ဧပြီလတွင် အမျိုးသမီး များ နှင့် ကလေး သူ ငယ် များ ထိခိုက် ခံ ရ သည့် ကိစöရပ် များ ပေါ် ပေါက် လာ ပါ က အ ခ မဲ့ ရှေ့ နေ လိုက် ပေးမည့် အစီ အ စဥ်တစ်ရပ် ရှိ သည် ဟု အ ဖွဲ့ ဥ က ဌ ဦး မြင့် ဆွေ ပြော တာ ကို popular myanmar တွင် ဖတ် လိုက် ရ သည်။ လို အပ် လျှင် စုံ စမ်း ကြည့် နိုင် ပါ သည်။
တစ်ကျွန်းပို့သင့်တယ်။ သူတို့သမီးဆိုရင် ဒီလိုဘယ်နေမလဲ။
သားသမီးချင်းကိုယ်ချင်းမစာနာ။
ဒီလိုကောင်တွေ ရှိလို့တိုင်းပြည်နာတယ်။
Like this,photo goooooooooooooooood,,,,,,,
အဲ့တာ ကလေးသူငယ်တွေကို အနိုင်ကျင့် စော်ကားတာ
ထိထိရောက်ရောက် အရေးယူပေးပါ.
နိုင်ငံတော် သမ္မတ ဆီစာတင်ကြပါ..
အဲ့ဒီ မုဒိမ်းကောင်ကို ကြီူးလေးသော အပစ်ဒဏ် ချမှတ်ပေးပါ
.
.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်