Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန်လွှတ်တော်အမတ် Mr. Addison Mitchell Mc Connell ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အမေရိကန် အထက်လွှတ်တော်အမတ် Mr. Addison Mitchell Mc Connell ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဇန်နဝါရီ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး အမေရိကန် အထက်လွှတ်တော်အမတ် Mr. Addison Mitchell Mc Connell ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ Mr. Mechael E. Thurston လည်း တက်ရောက်သည်။ ယင်းသို့ တွေ့ဆုံရာ၌ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် ဇန်န၀ါရီလ ၁၇ ရက်နေ့ ညနေ ၃ နာရီတွင် The Washington Post မှ အကြီးတန်းအယ်ဒီတာ Ms. Eizabeth Graham Weymouth နှင့်အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်