ဒီ မက်ဆေ့ခ်ျ ကိုဘယ်သူဖြန့်ချိတယ်ဆိုတာ ကျွန်တော်မသိပေမယ့် ဖြစ်ရပ်ကိုလိမ်လည်ပြီး ဖေါ်ပြထားတာကိုသိပါတယ်
ဖြစ်ရပ်မှန် က အဆိုပါကျောင်းသားဟာ ကျောင်းဝင်းအတွင်းရှိ မုန့်စားဆိုင်မှ မုန့်ခိုးစားတာကို ကျောင်းစာင့်က တွေ့ရှိဖမ်းဆီးပြီး ကျောင်းအုပ်ကြီးထံအပ်နှံ၍
အမည် နေရပ်လိပ်စာ မိဘအမည် စသည်တို့ကို မေးမြန်းစဉ်မှာ အမည် လွဲပြောခြင်း တောင်ဒဂုံမှာနေတယ် မြောက်ဒဂုံမှာနေတယ် စသည်ဖြင့် လှီးလွှဲဖြေဆိုပြီးမိဘတွေဆီမပို့ပါနဲ့ သားကြောက်တယ် သားကြောက်တယ် လို့သာဖြေပါတယ်။
၎င်းကလေးမှာ ကျောင်းသားဟု ပြောခြင်းကြောင့် နစ်နာမည်စိုး၍ ရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခြင်းမပြုဘဲ ကိုယ်တိုင်စစ်ဆေးသည်ဟု ထင်မြင်မိပါသည်
ထိုကျောင်းမှ ကျောင်းသားမဟုတ်သောကလေး ဖြစ်ခြင်း နေရပ်လိပ်စာအမှန် မပြောခြင်း ကျောင်းတွင်းရှိ မုန့်စားဆောင် ထိ ၀င်ရောက်လာခြင်း ကျောင်းပိတ်ရက်ဖြစ်ခြင်း မျက်နှာစိမ်း ကြီးကောင်ပေါက် အရွယ်ဖြစ်သောကြောင့် ဗုံးအန္တရယ် စိုးရိမ်ရခြင်းတို့ကြောင့်
ကလေးကို ခေတ္တထိန်းသိမ်းသည့်အနေဖြင့် ကြိုးတုပ်ကာ ကျောင်းဝင်းအတွင်းလုံခြုံရေးအရ အမှိုက်ပုံးများ အခန်းများနှင့် နေရာအနှံလည့်လည်စစ်ဆေးခဲ့စဉ် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းပတ်ဝန်းကျင်တွင်ပြော

ထို့ပြင် မနှင်းပွင့်ဖြူ နှင့် သူ၏မောင်ဖြစ်သူတို့ အချီအချ စကားပြောဆိုဟန်များမှာ ဖတ်ကောင်းပြီး ဇတ်နာဟန်ပေါက်သော်လည်း ခေါင်းစဉ်က အစ လွဲနေပါသည် ဖြစ်သင့်သည်က ဦးဋ္ဌေးလွင်မှ ကျောင်းသားကို ကြိုးတုပ် မရိုက် ဟုသာ...
ထိုဖြစ်ရပ်ကို အခွင့်ကောင်းယူ၍ မိဘဖြစ်သူများက ၀တ္ထု ဆန်ဆန် ချဲ့ကား ရေးဖွဲ့ ပြီး လျော်ကြေးငွေ ၁၅ သိန်းတောင်းယူနေကြောင်း သိရှိရသဖြင့် မလိုလားအပ်သော ငွေညှစ်မှု ပုံစံ ဖြစ်နေသောကြောင့် အိမ်နီးချင်းတစ်ဦးအနေဖြင့် အများပြည်သူ အထင်အမြင် မလွဲမှားအောင် ရေးသားပါသည်။
(ဘယ်ကနေ ဘယ်သူက ဘာအထောက်အထားမှမပါပဲ အခြေအမြစ်မရှိရေးတဲ့ ပစ်စာ များကို သတင်းလုပ်ပြီး တင်ကြသူများ၊ အဟုတ်ကြီးလုပ်ပြီး ခံစား ဆွေးနွေး ပြစ်တင်ကြသူများ သတိထားစရာ)
6 comments:
စောက်ဆင့်မရှိတဲ့ ဒီမို မီဒီယာတွေ ...မြန်မာနိုင်ငံမှာ ရုတ်၂ရုတ်၂ဖြစ်စေချင်မှန်းသိသာတယ်...ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲအောင်
လုပ်နေတယ်... အကိုတယောက်ပြောသလိုပဲ (မဲ)တော့ မထည့်ဘူး
ဘောပဲထည့်မယ်...ရိုင်းသွားတယ် ...ဆောရီးနော်
ball htae tot min south chout pyit thwar mar pop.. ball ma shi tae kg kyi so bi . . har har
ဟုတ် ပ ကွာ.....တော် တော် ကျက် သ ရေ တုံး တဲ့ ကောင် တွေ...။အ လ ကား ရန် လိုက် တိုက် နေ တယ်
တော် တော် အောက် တန်း ကျ တဲ့ ကောင် တွေ ကွာ အ လ ကား နေ ရင်း အ ပုတ် ချ ဖို့ ပဲ သိ တယ်
ကျောင်းဆရာ တစ်ယောက်အနေ့နဲ့ အဲ့ဒီလောက် ကျောင်းသားတစ်ယောက်အပေါ် မသက်မညာရိုက်လိမ့်မည်မဟုတ် ပြည်သူများစိတ်ဝမ်းကွဲအောင်သာ ပြောဆိုခြင်းဖြစ်မည်ဟုထင်ပါသည်။
တော်တန်ရုံစိတ်ဓာတ်ဖြင့် ကျောင်းဆရာမလုပ်နိုင်ပါ။
အန္တဂိုဏ်းဝင်များဖြစ်ပါသည်။ မသေချာဘဲမရေးသင့်ပါ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်