Subscribe to our RSS Feed

မြန်မာအပေါ် အရေးယူပိတ်ဆို့မှု ဖယ်ရှားပေးရန် ဖိလစ်ပိုင်က ပထမဆုံးအကြိမ် တောင်းဆိုကြေညာချက် ထုတ်ပြန်


မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပယ်ဖျက်ပေးရန် ဖိလစ်ပိုင်နိုင်ငံက တောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံကို အသိအမှတ်ပြုစေလိုကြောင်းနှင့် မြန်မာနိုင်ငံသည် ရှေးရိုးအစဉ်အလာစွဲကြီး မရှိတော့သော နိုင်ငံဖြစ်ကြောင်း ထောက်ခံပြောဆိုလိုက်သည်။ ဖိလစ်ပိုင်နိုင်ငံသည် အာရှနိုင်ငံများအကြားတွင် မြန်မာနိုင်ငံအကြောင်း ပြောကြားလေ့ရှိသူ မဟုတ်ဘဲ ယခုတစ်ကြိမ်တွင် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုဂုဏ်ပြုစွာဖြင့် ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့အစိုးရက ဒီမိုကရေစီလမ်းကြောင်းပေါ်ကို သွားနေပြီဖြစ်သလို နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရေးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းဆောင်တာတွေ အများကြီးလုပ်နေပါပြီ” ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးက သတင်းထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။ “ရှေးရိုး စဉ်လာစွဲမရှိတော့တဲ့ နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကိုသွားနေပြီဖြစ်သလို နိုင်ငံတကာနဲ့ ပနံသင့်အောင် နိုင်ငံတကာအသိုင်းအဝိုင်းထဲကို သူတို့ဝင်လာကြပါပြီ။ ဒါကို ကြိုဆိုတဲ့အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖြုတ်ပေးသင့်ပါပြီ” ဟု ယင်းကြေညာချက်တွင် ပါရှိသည်။ US နှင့် EU တို့သည် ၁၉၉၀ ပြည့်နှစ်ကတည်းက မြန်မာအပေါ် အရေးယူပိတ်ဆို့မှုများပြုလုပ်ခဲ့ပြီး ဦးသိန်းစိန်က နိုင်ငံတော် သမ္မတရာထူးကို ၂၀၁၁၊ မတ်လအတွင်းက ရယူခဲ့ပြီးနောက် နိုင်ငံတကာ အသိအမှတ်ပြုလာရန် အစဉ်တစိုက် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်လာနေခဲ့သည်ဟု သိရသည်။ EU အနေဖြင့် မြန်မာနိုင်ငံအပေါ် အမြင်ဝါဒများ စတင်ပြောင်းလဲလာနေသလို၊ အမေရိကန်အနေဖြင့်လည်း ပြီးခဲ့သောတစ်ပတ်က နိုင်ငံရေးရင်းနှီးဆက်ဆံမှုများ ပိုမိုပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။ ဖိလစ်ပိုင်အနေဖြင့် ယခုတစ်ကြိမ် ပထမဆုံးအဖြစ် မြန်မာ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးယူပိတ်ဆို့မှုများကို ပယ်ဖျက်ပေးသင့်ကြောင်း တောင်းဆိုလိုက်ပြီး ယင်းတို့အနေဖြင့် ပြီးခဲ့သော အကျဉ်းသားလွှတ်ပေးမှုကိစ္စအပေါ် ကြိုဆိုဂုဏ်ယူပါကြောင်း၊ ယင်းကြောင့် ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်ကြောင်း၂၀၁၂ ခုနှစ်ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်


2 comments:

http://taipeitimes.com/News/world/archives/2012/01/19/2003523602

အင်းးးးးအစ ကတည်းက ဒီလိုဖြစ်ရမှာကိုးးးး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်