Subscribe to our RSS Feed

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်ပါဝင်ရန် လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်ပါဝင်ရန် လိုအပ်ကြောင်းနှင့် တပ်မတော်ပါဝင်ရန် လိုလားကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ထိုသို့ ပြောဆိုမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေသော ဒီလှိုင်းစာစောင် အတွဲ(၁)၊ အမှတ်(၂) ဇန်နဝါရီလ ၂၃ ရက်နေ့ထုတ် စာစောင်တွင် ဖော်ပြခဲ့သည့် အင်တာဗျူး၌ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ “မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ပြန်လှည့်လို့မရတော့တဲ့ အဆင့်တော့ မဟုတ်သေးဘူး။ တကယ်ကို ပြုပြင်ပြောင်းလဲမှုတွေဟာ ပြန်လည့်လို့ မရတော့တဲ့အထိ စိတ်ချရဖို့ဆိုရင်တော့ တပ်မတော်က ပါဝင်ပူးပေါင်းဖို့ လိုလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူး၌ ပြောကြားခဲ့ပါသည်။ “တပ်မတော်မပါဘဲနဲ့တော့ ကျွန်မတို့ဟာ အောင်မြင်ပြီလို့ ပြောလို့မရသေးပါဘူး။ ကျွန်မအနေနဲ့ တပ်မတော်ရဲ့ ပါဝင်ပတ်သက်မှုရှိမှ ဒီမိုကရေစီရေးရာ အောင်မြင်နိုင်မယ်လို့ ပြောတာဟာ လိုအပ်ချက်အရရော၊ လိုလားချက်အရပါ ပြောတာပါ။ လိုအပ်ချက်ဆိုတာက မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ တပ်မတော်က ပါဝင်ပူးပေါင်းဖို့ လိုအပ်တယ်။ ကျွန်မအနေနဲ့လည်း စစ်တပ်က ပူးပေါင်းပါဝင်လာတာကို လိုလားပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူးထဲ၌ ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။

Myanmar Express

4 comments:

တပ်မတော်ကို စိုးရိမ်စိတ်များနေတာလား.....တပ်မတော်ကကော မစိုးရိမ်ရတော့ဘူးလား....တပ်မတော်ဆိုတာ အများကို ကိုယ်စားပြုနေတော့ အမှားမခံနိုင်ဘူး..ဘွာတေးမရဘူး...တပ်မတော်မှားရင် သမိုင်းစာအုပ်ထဲပါမယ်...ဒေါ်စုမှားရင် သတင်းလောက်ပဲပါပြီး ပြီးသွားမှာ..လူတစ်ဦးမှားတာကနေ(ဘာမှမဟုတ်သေးတဲ့လူတစ်ဦးမှားတာ)သင်ခန်းစာဖော်ထုတ်ရိုးထုံးစံမရှိပါ....အဖွဲ့အစည်းတစ်ခုမှားသွားရင် သမိုင်းသင်ခန်းစာဖြစ်သွားပါလိမ့်မယ်...တပ်မတော်ဟာဘယ်ခေတ်ရောက်ရောက် အမျိုးသားရေးကို ရှေ့တန်းတင်ရတယ်...

ဒေါ်စုလည်း လုပ်ချင်တိုင်းလုပ်လို့မရပါဘူး...ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်နေလို့ပါ...ပြန်လာချင်တုန်းက အစိုးရက ပြန်ခွင့်မပေးလို့ဆို အဲဒီတုန်းတည်းက နိုင်ငံတကာကသိအောင် အော်ပါလား..ကျွန်မပြန်ချင်လို့ပါဆိုပြီး. 88တုန်းက.ချော်လဲရောထိုင်ပြီးမှ ထရအခက်..ထိုင်ပြန်တော့လည်း စိုစိစိနဲ့...အခုမှထချင်လို့ အညောင်းပြေလမ်းလျှောက်ဦးမှ ဆိုတဲ့ပုံစံနဲ့...ဂွင်ဆင်နေတာ..ထသွားလည်း ထမီမှာ ရွှံ့ကွက်၊ မြေပေါ်မှုာ ချော်လဲရာကြီးနဲ့.... နိုင်ငံကောင်းစားစေချင်တာဗိုလ်ချုပ်သမီးမို့လို့ သွေးပါတယ်ဆိုရင် ဗိုလ်ချုပ်သမီးမို့လို့ လင်ယူကတည်းက စဉ်းစားပါလား....တရားဝင်လူသိရှင်ကြားမယူနဲ့ဦး...အပြိုကြီးအဖြစ်ပြန်လာခဲ့.....ခွင့်လွှတ်နိုင်သေးတယ်..ကိုယ့်သမိုင်းကိုယ်ရေးတာဖြစ်ပါတယ်.....နောင်တစ်ချိန် အစိုးရအဖွဲ့ထဲပါပြီး သူမအတ္ထုပတ္တိသင်ရိုးညွှန်းတမ်းထဲမှာ ပါရင် ကျောင်းဆရာ/မ တွေပြောရခက်လိမ့်မယ်..ဗိုလ်ချုပ်ဂုဏ်ပြုကဗျာက ဘယ်လိုရေးရေးရတယ်....ဒေါ်စုကဗျာကို ဘယ်လိုရေးကြမလဲ..သူ့မိသားစုအကြောင်းမပါဘဲနဲ့ သူ့သမိုင်းဘယ်လိုရေးရမလဲ..သေချာတာတစ်ခုက ဒေါ်စုအကြောင်းသမိုင်းထဲမှာထည့်ရင် သားသမီးဝတ်ဆိုတဲ့ လောကနီတိလေးကို ဆရာတွေဘယ်လိုသင်မလဲ..သားသမီးဝတ်က ပထမတန်းလောက်ကတည်းက သင်နေရပြီ..သမိုင်းက 4 တန်းလောက်ကစပါတာဆိုတော့ သားသမီးဝတ်ကို ဖြုတ်ရင်ဖြုတ်...မဖြုတ်ရင် တက္ကသိုလ်ဝင်တန်းကျမှထည့်ကြပေါ့.....ကောင်းလေစွ..ကောင်းလေစွ..

စောက်ရူးမ... ကျောက်ရူးစကားတွေ ပြောနေတယ်ကွာ..။ ခင်ဗျားလင်တွေက ခင်ဗျားကို ဒါတွေဒါတွေလုပ်ဆိုပြီး ညွှန်ကြားထားတော့ ခင်ဗျားကို သူတို့ခိုင်းထားသလိုမဖြစ်မှာ ကြောက်နေတယ်မဟုတ်လား... ခင်ဗျားကြောက်ရအောင်လဲ တပ်မတော်က ဘယ်သူ့သြဇာမှ မခံတတ်ဘူး၊ ဘယ်သူ့သြဇာမှ ခံမှာမဟုတ်ဘူး..။ ခင်ဗျားမှ မဟုတ်ဘူး.. ကြိုက်တဲ့လူ သမ္မတ တက်ဖြစ်... စောက်ပုံမလာပဲ နိုင်ငံကို သူ့ကျွန်ဖြစ်အောင်လုပ်လာမယ်၊ အဲဒီလိုဖြစ်အောင် လက်ရှိ အခြေခံဥပဒေတွေကို ပြင်ဆင်လာမယ်ရင်တော့ လုပ်သင့်လုပ်ထိုက်တာ လုပ်မှာပဲ... ရှင်းတယ်နော် မညု ။

ပူပေါင်းပါဝင်ဖို့ ဆိုတာ ဘာတုန်း ၊ ခင်ဗျားရှေ့က ဘာလုပ်လုပ်ထောက်ခံပေးရမှာလား။လုပ်လုပ် နောက်ကနေ ထောက်ခံမယ်။ အင်း....အဲဒါလည်း သိပ်မကောင်းပါဘူး။ နေလောင်သလို ရှုံ့တွနေပြီ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်