Subscribe to our RSS Feed

တနသာင်္ရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း


From : ခေတ်လူငယ်

နိုင်ငံတော်သမ္မတရုံးက တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း၊ အမိန့် အမှတ် ၅/၂၀၁၂ ကို ဇန်နဝါရီ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ(က) နှင့် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၆၊ ပုဒ်မခွဲ(က) တို့အရ တနသာင်္ရီတိုင်းဒေသကြီး လွှတ်တော်၏ သဘောတူညီချက်ရရှိပြီးသည့် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဝန်ကြီး ဦးမြတ်ကိုအား တနသာင်္ရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်