Subscribe to our RSS Feed

၂၀၁၄ တွင် တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်မည်


“၂၀၁၄ မှာ ကောက်မယ်။ အခု ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို ဖွဲ့ပြီးပြီ။ ၁၉၈၃ ခုနှစ် နောက်ပိုင်းကစပြီး တစ်နိုင်ငံလုံး သန်းခေါင်စာရင်း မကောက်ဖူးဘူး”

၂၀၁၄ တွင် တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်မည်

နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ခံရန် ပြင်ဆင်မှုများ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။ “၂၀၁၄ မှာ ကောက်မယ်။ အခု ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို ဖွဲ့ပြီးပြီ။ ၁၉၈၃ ခုနှစ် နောက်ပိုင်းကစပြီး တစ်နိုင်ငံလုံး သန်းခေါင်စာရင်း မကောက်ဖူးဘူး”ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ထိုကဲ့သို့ သန်းခေါင်စာရင်းကောက်ရန်အတွက် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) အပါအဝင် ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းမြောက်မြားစွာဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလက ထုတ်ပြန်ခဲ့သော စာရင်းအရ မြန်မာနိုင်ငံလူဦးရေမှာ ၆၀ ဒသမ ၃၈ သန်းရှိပြီး ထိုအရေအတွက်မှာ မြို့နယ် ၂၄ မြို့နယ်အားစံယူ၍ ကောက်ယူထားခြင်း ဖြစ်သည်။ “၁၉၉၈ ကနေ ၂၀၀၆ အထိ က လူဦးရေတိုးနှုန်းကို ၂ ဒသမ ၀၂ နဲ့တွက်ခဲ့တယ်။ အခု အောက်တိုဘာမှာတော့ ၁ ဒသမ ၀၁ တိုးနဲ့တွက်တယ်။ အပျိုကြီး၊ လူပျိုကြီးများလာလို့”ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ လက်ရှိ သန်းခေါင်စာရင်းအရ အိမ်ထောင်ကျသူအများစုမှာ နှစ်ဖက်သော မိသားစုစာရင်း၌ ရှိနေကြပြီး အချို့မှာ သန်းခေါင်စာရင်းပင် မရှိကြချေ။ မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းအား ၁၉၈၃ ခုနှစ်က နောက်ဆုံးအကြိမ် ကောက်ခံခဲ့သည်။

Credit: အောင်သူရ (7Day News Journal)

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်