Subscribe to our RSS Feed

တရုတ်၊ အင်္ဂလိပ် နှင့် မြန်မာ့ သယံဇာတ

မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံများထက်စာရင် သဘာဝ သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဈေးကွက်စီးပွားရေးကို အကောင်အထည်ဖော်ချိန်တွေမှာ သဘာဝသယံဇာတကပဲ နိုင်ငံခြားငွေ အများဆုံးရှာဖွေပေးနိုင်ခဲ့ပါတယ်။ အများစုကို အိမ်နီးချင်း တရုတ်နိုင်ငံမှ ဈေးကောင်းပေးကာ ဝယ်ယူခဲ့ပေမယ့် နယ်စပ်ဒေသတွေမှာတော့ ထိုင်းနယ်စပ်ဆိုရင် ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဆိုရင် ဘင်္ဂလားဒေ့ရှ် ဆီကို တင်ပို့ခဲ့ကြပါတယ်။ ကျောက်မျက်ရတနာမှ စပြီး လက်မှုပစ္စည်းများအပြင် လယ်ယာနဲ့ သစ်တောထွက်ပစ္စည်းများကို ဈေးကောင်းပေးပြီး အများဆုံးမှာယူတဲ့နိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို အမေရိကန်နဲ့ ဥရောပက စီးပွားပိတ်ဆို့မှုလုပ်ထားချိန်မှာ တရုတ်နိုင်ငံကပဲ အဓိကကုန်သွယ်ဖက်နိုင်ငံတစ်ခုအဖြစ် မြန်မာနိုင်ငံဖက်ကနေ ရပ်တည်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း အချိန်အတော်ကြာ စီးပွားပိတ်ဆို့ထားမှုကို မြန်မာတွေ ကြံ့ကြံ့ခံနေနိုင်ခဲ့တာဖြစ်ပါတယ်။ စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုတွေ များလာတာနဲ့အမျှ တရုတ် ကုမ္မဏီတွေနဲ့ လုပ်ငန်းရှင်အများအပြားလည်း မြန်မာနိုင်ငံကို ရောက်ရှိ နေရာရလာကြပါတယ်။

မနေ့တနေ့ကမှ အားကစားဂျာနယ်ကနေ သင်းဂျာနယ်ဖြစ်လာတဲ့ Eleven ကစပြီး ပြည်ပမီဒီယာ အားလုံးသာမက ထင်ရာမြင်ရာကို စည်းကမ်းမလိုပဲ ရေးချင်ရာရေး နေတဲ့ facebook စာမျက်နှာတွေမှာတော့ တရုတ်နိုင်ငံကိုရောက်သွားတဲ့ မြန်မာ ပစ္စည်းတွေကို လွမ်းဆွတ်တမ်းတ ကြွေကွဲငိုကြွေးနေကြသူတွေ အများအပြား ကို ဒီကနေ့ ဒီအချိန်မှာ ထူးထူးဆန်းဆန်းတွေ့မြင့်လာရပါတယ်။

တရုတ်နိုင်ငံနဲ့ တရုတ်လုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံထွက် ပစ္စည်းတွေကို အတင်းအဓမ္မ သိမ်းယူနေကြတာ မဟုတ်ကြပါဘူး။ တန်ရာတန်ကြေး ပေးပြီးမှ ဝယ်ကြသူတွေသာ ဖြစ်ကြပါတယ်။ တခါတရံမှာ တန်ရာတန်ကြေးထက် အများကြီးပိုပေးလို့ မြန်မာ တောင်သူလယ်သမားများက မြန်မာပွဲစားများကိုမရောင်းပဲ တရုတ်တွေဆီကိုသာ ရောင်းချကြပါတယ်။ ဒါကြောင့်လည်း တောင်သူလည်သမားတွေအတွက် ပိုမိုအကျိုးရှိစေခဲ့ပါတယ်။

လူဦးရေများပြားတဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံဖက်မှ အစားအစာနဲ့ စွမ်းအင်နဲ့ သစ်တောထွက်ပစ္စည်းများကို အဓိက တင်သွင်းလိုပြီး နည်းပညာအားနည်းပြီး ငွေကြေးမချမ်းသာတဲ့ မြန်မာတွေက တရုတ်နိုင်ငံမှ ဈေးသက်သာတဲ့ နည်းပညာ ပစ္စည်းတွေကို မှီခိုအားကိုးရပါတယ်။ ဒီနေ့ဆိုရင် ကျေးရွာတိုင်းလိုလိုမှာ ဆိုင်ကယ်တွေ စီးနိုင်နေကြပြီဖြစ်ပါတယ်။ ထိုင်းဘီး၊ ဂျပန်ဘီးတွေထက် ဈေးအလွန် သက်သာတာကြောင့် မြို့တိုင်း အိမ်တိုင်းလိုလိုမှာ တရုတ်ဆိုင်ကယ်တွေ ပြည့်နေတာကို လူတိုင်းမျက်မြင်ဖြစ်ပါတယ်။ တကယ်လို့သာ တရုတ်ဆိုင်ကယ်တွေ မရောက်လာခဲ့ရင် ဂျပန်ဘီးလည်း မဝယ်နိုင်၊ ထိုင်းဘီးလည်း မစီးနိုင်တဲ့လူတွေအတွက် သွားရေးလာရေး အလွန် မသက်မသာဖြစ်မှာ သေချာပါတယ်။

ဝင်ငွေ အသင့်အတင့်ရှိတဲ့ အိမ်တိုင်းမှာ တီဗွီ၊ ဒီဗွီဒီ ၊ ပန်ကာ၊ ရေခဲသေတ္တာ နဲ့ အခြား ပစ္စည်းတွေကို လူတန်းစေ့ သုံးနိုင်လာကြပါတယ်။ တရုတ်ကိုချစ်လွန်းလို့ တရုတ်ပစ္စည်းတွေကို သုံးနေကြသူ မဟုတ်ကြပေမယ့် ဝင်ငွေနဲ့ အဆင်ပြေပြေသုံးနိုင်အောင် ဖန်တီးနိုင်လို့ တရုတ်ကိုတော့ ကျေးဇူးတင်ကြပါတယ်။

အမေရိကန် နဲ့ ဥရောပ ပစ္စည်းတွေကိုလည်း သုံးချင်ပါတယ်။ သူတို့တွေကိုယ်တိုင်ကသာ မြန်မာတွေကို ပေးမရောင်းခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ ပေးမရောင်းတဲ့ လူဆီကနေ ခခယယ တော့ မဝယ်နိုင်ပါ။ မြန်မာတွေအကြိုက် ပေါ၊ ချောင်၊ ကောင်း ကိုသာ အားပေးကြပါတယ်။ ဒါကို အခုမှ ဘာလို့ တရုတ်ကို အပြစ်တင်နေကြလဲတော့ နားမလည်နိုင်ပါဘူး။

တရုတ်ကိုသွယ်တန်းတဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းကို ကန့်ကွက်ကြတယ်၊ တရုတ်ကို သယ်သွားတယ်ဆိုတဲ့ သစ်မြစ်တွေ၊ သတ္ထုတွေနဲ့ လယ်ယာထွက်ပစ္စည်းတွေကို လွမ်းဆွတ်တမ်းတနေကြတာတွေ မြင်နေရပါတယ်။ အလွန်ထူးဆန်းပေသည်။ တရုတ်က မြန်မာနိုင်ငံက ပစ္စည်းတွေကို တင်သွင်းခဲ့သည်မှာ အနှစ် ၅၀ မပြည့်သေးပါ။ အင်္ဂလိပ်က အနှစ် ၁၀၀ ကျော် မြန်မာနိုင်ငံက ရှိသမျှ အကုန် ယူဆောင်သွားခဲ့တာကိုတော့ တစ်ယောက်တစ်လေမှ ထုတ်ဖော်ရေးသားခြင်းမျိုး မရှိခဲ့ပါ။


တရုတ်က တင်သွင်းသည်ဆိုတာက တန်ရာတန်ကြေးပေးပြီး မြန်မာတို့က ကျေနပ်လို့ ရောင်းခြင်းသာ ဖြစ်သည်။ အင်္ဂလိပ်တို့ ယူသွားတာက တန်ရာတန်ကြေးလေး မပေးခဲ့ပါ၊ ကျေနပ်လားလဲ မမေးခဲ့ပါ။ လိုချင်တာ အားလုံးကို အဓမ္မသိမ်းသွားကြတာ ဖြစ်ပါတယ်။

တရုတ်က တင်သွင်းတဲ့ ပစ္စည်းတွေက မြန်မာတွေ သိပြီး မြင်ပြီးသား တွေကို မျက်နှာချင်းဆိုင်တွေ့ပြီး ဝယ်ယူခြင်းသာဖြစ်ပါတယ်။ အင်္ဂလိပ်တို့ ယူဆောင်သွားတဲ့ ပစ္စည်းတွေထဲက အများစုမှာ မြန်မာတွေတောင် ရှိမှန်းမသိလိုက်တာတွေ အပုံကြီးပါသည်။

စတီးဘရားသား ဆိုတဲ့ ကုမ္မဏီကနေ ပထမ ကျူးကျော်စစ် အပြီးကတည်းက မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီး ထဲက ထွက်သမျှ ဆန်တွေကို သင်္ဘောနဲ့ နေ့ရောညပါ တစ်စီးပြီးတစီး တိုက်ခဲ့ကြပါတယ်၊ ဒုတိယ ကျူးကျော်စစ် အပြီးမှာ ဘုံဘေဘားမား ဆိုတဲ့ ကုမ္မဏီကနေ ပဲခူးရိုးမ၊ ရခိုင်ရိုးမ နဲ့ ဒေါန တောင်တန်းပေါ်ပါ မကျန် ရှိသမျှ သစ်တွေ အကုန် ခုတ်ယူ သယ်ဆောင်သွားခဲ့ကြပါတယ်။

ဘီအိုစီ ဆိုတဲ့ ကုမ္မဏီ ကနေ မြန်မာနိုင်ငံ အလည်ပိုင်းက ထွက်သမျှ ရေနံတွေအကုန် သိမ်းကျုံးယူခဲ့ပါတယ်။ အဲဒီအချိန်ထိ မြန်မာလူမျိုးတွေအတွက် ရေနံဆိုတာ မီးခွက် မှာ မီးထွန်းဖို့ သာ သုံးခဲ့ကြသူတွေဖြစ်ပါတယ်။ ဒီနေ့အချိန်ခါမှာတော့ တရုတ်ပညာရှင်တွေအကူအညီနဲ့ ရေနံမြေသစ်တွေ လိုက်ရှာနေကြရပါတယ်။ တွေးကြည့်ရင် ဘယ်လောက်ရင်နာစရာကောင်းပါသလဲ။ အဲဒီရေနံတွေ၊ ဆန်စပါးတွေနဲ့ သစ်တွေကိုတော့ ဒီနေ့ မီဒီယာကြီးတွေ၊ မီဒီယာလေးတွေနဲ့ Facebook ပေါ်က လူတွေ တစ်ယောက်မှ လွမ်းဆွတ်တမ်းတနေတာ မတွေ့ရပါဘူး။

၈၈ ကျောင်းသားခေါင်းဆောင်ကြီးလည်း သစ်မြစ်ကြီးကို လွမ်းနေ


BOC တို့၊ စတီးဘရားသားတို့ ဘုံဘေဘားမားတို့ဆိုတာ တရားဝင် အဓမ္မသိမ်းတာပဲရှိပါသေးတယ်။ အင်္ဂလိပ်တို့ ခိုးထုတ်သွားတဲ့ ကိုယ့်နိုင်ငံက ထွက်လို့ ထွက်မှန်းမသိတဲ့ သယံဇာတတွေကို သယ်သွားတာတွေက လည်း အများကြီးရှိပါသေးတယ်။

အောက်မြန်မာနိုင်ငံကို သိမ်းအပြီးမှာ အထက်မြန်မာနိုင်ငံကို သိမ်းဖို့အတွက် မြန်မာနိုင်ငံ တနိုင်ငံလုံးကို သိမ်းဖို့အတွက် မြန်မာတွေရှိခိုးနေတဲ့ ဘုရားတွေကို အရည်ကျိုပြီး အမြှောက်လုပ်ခဲ့ကြသူတွေပါ။ ဒါတွေကိုတော့ ဘယ်သူမှ မလွမ်းနိုင်ကြ၊ မနာကျင်နိုင်ကြတော့ဘူးလား။

ဒီနေ့ ဒီအချိန်မှာ ဘယ်တရုတ်ကမှ ကြေးဆင်းတုတွေ ခေါင်းလောင်းတွေကို အတင်းအဓမ္မ မသိမ်းပါဘူး။ ဒါပေမယ့်လည်း အင်္ဂလိပ်ကိုတော့ ကြိုဆိုနေကြပြီး တရုတ်ကိုတော့ အပြစ်မြင်နေကြတာ ထူးဆန်းလွန်းပါတယ်။

ဝီလီယံ နဲ့ ကိတ်ရဲ့ မင်္ဂလာပွဲမှာ ဗြိတိန် ဘုရင်မကြီး သရဖူ က ပတ္တမြားကြီးကို မြင်ကြတော့ မြန်မာနိုင်ငံက ပတ္တမြား ငမောက် ပါဆိုပြီး ဝမ်းသာကြတယ်၊ ဂုဏ်ယူကြတယ်။ သစ်မြစ်ကြီးကို တရုတ်က ယူသွားတယ်ဆိုတော့ ရှုံ့ချကြတယ်၊ အပြစ်တင်ကြတယ်။ တရားကျစရာလည်း ကောင်းပါဘိ။

ပတ္တမြား ငမောက်သာ မြန်မာနိုင်ငံမှာ ရှိနေသေးရင် ဘုရားတစ်ဆူဆူ၏ ဌာပနာ (သို့) စိန်ဖူးတော် မှာ ရှိနေလိမ့်မည်ဖြစ်သည်။ သစ်မြစ်ကြီးသာ မြန်မာနိုင်ငံမှာ ရှိနေသေးရင် ထင်းစိုက်ပစ်မှာသေချာသည်။ ဒီတော့ ဘယ်အရာကို ပိုလွမ်းသင့်ပါသလဲ??

စဉ်းစားကြည့်လျှင် ရင်နာဖို့ကောင်းပါတယ်။ အင်္ဂလိပ်ယူသွားတာတွေအတွက် ရင်နာတာထက် လွမ်းဆွတ် နာကျင်ရမယ့်လူကို ကြိုဆိုနေကြပြီး သူ့ထက် အများကြီး သက်သာတဲ့လူကိုမှ အပြစ်မြင်နေတာ ပိုပြီး စိတ်ပျက်ဖို့ကောင်းလွန်းပါတယ်။

အင်္ဂလိပ်တို့ရဲ့ ဘာသာစကားလွမ်းမိုးရေးနဲ့ ကျွန်မွေးမြူရေး ရေရှည်စီမံကိန်းအတွက် အင်္ဂလိပ်စာတွေ သင်ပေးတာကို ကျေးဇူးတွေ တင်နေကြပြီး တရုတ်စာနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်ကို တွေ့တော့ ကန့်ကွက်ကြပြန်ပါတယ်။ အင်္ဂလိပ်တွေ ဆောက်ခဲ့တဲ့ အဆောက်အအုံတွေနဲ့ တံတားတွေ အတွက် ကျေးဇူးတင်စာဖွင့်နေကြပြီး အဲဒီ ဆောက်လုပ်ရေးမှာ လုပ်ရင် ကျွန်လိုအခိုင်းခံရလို့ သေသွားတဲ့ ကိုယ့်လူမျိုးချင်းကိုတော့ မသိကျိုးကျွန် ပြုကြပြန်တယ်။

ဒီနေ့ မြန်မာတွေ ဟာ ဘုရားဆင်းတုတွေကို အမြှောက်လုပ်ဖို့ယူသွားတဲ့ အင်္ဂလိပ်၊ ဆီမီးခွက် ထွန်းဖို့တောင် မချန်ပဲ ထွက်သမျှ ရေနံ အကုန် သယ်သွားတဲ့ အင်္ဂလိပ်၊ တောထဲက သစ်တွေ ခုတ်ရုံတင်မကပဲ တောကောင်တွေပါ သတ်ဖြတ်ယူဆောင်သွားတဲ့ အင်္ဂလိပ်ကို ကြိုဆိုနေကြပြီး အင်္ဂလိပ်ထက် ၁၀ ပုံ ပုံ ၁ ပုံတောင် မယူရသေးတဲ့ တရုတ်ကိုတော့ အမျိုးမျိုး အပြစ်တင် ဝေဖန် ရှုံ့ချနေကြတာ ဘာကြောင့်ပါလဲ?? အဖြေကတော့ ရှင်းပါတယ်။ အင်္ဂလိပ်တွေရဲ့ ရေရှည်ကျွန်စနစ် ရဲ့ အောင်မြင်မှုနဲ့ မြန်မာအချို့ ရဲ့ ကျွန်စိတ်မကုန်သေးတာတွေကြောင့်ပါပဲ။

ကျေးဇူးတော်ရှင် အင်္ဂလိပ်ကြီးများ ခွေးကျောင်းချိန်မှာ
(ခွေးလောက်မှ တန်းဖိုးထားမခံခဲ့ရတဲ့) မြန်မာ ကျွန် က ဒူးထောက်ခစားနေရစဉ်


သမိုင်းထဲက ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် က အင်္ဂလိပ် ပုလိတ်တွေ ရိုက်သတ်လို့ သေခဲ့ရပြီး ဒီနေ့ ကျောင်းသားခေါင်းဆောင် ဆိုတဲ့ လူတွေက အင်္ဂလိပ် အရာရှိတွေကို သွားတွေ့နေကြပြန်ပြီ။ အင်္ဂလိပ်ဆီက လွတ်လပ်ရေးရအောင် လုပ်ရင်းသေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးက အင်္ဂလိပ်လူမျိုးနဲ့ ယူလို့ သားနှစ်ယောက်တောင် ရနေပြီ။

သမိုင်းထဲက သခင်အောင်ဆန်း၊ သခင်ဖိုးလှကြီး၊ ကိုအောင်ကျော်၊ ဗိုလ်မင်းရောင်၊ ဆရာစံ နဲ့ အင်္ဂလိပ်ကိုတိုက်ရင်း အသက်စွန့်သွားသူတွေ ကို ဒီနေ့ ဂျာနယ်တွေကို ဖတ်ခိုင်း၊ သတင်းတွေကို နားထောင်ခိုင်းပြီး ၊ Facebook သုံးခိုင်းရင် ဘာပြောကြမယ် ထင်ပါသလဲ? "ေ-ာက်သုံးမကျတဲ့ ကျွန်သဘောက် မျိုးဆက်တွေ... ငါတို့တွေ သေရတာ မတန်ဘူး... " လို့ ပြောကြမှာ သေချာပါတယ်။ အားလုံး သိမ်းကျုံးပြီး အပြောမခံရဖို့ ဘေးနားမှာ ရှိသမျှ လက်လှမ်းမှီသလောက် ထိန်းကြဖို့ အချိန်မနှောင်းသေးပါ။

12 comments:

အင်္ဂလိပ် မယားရှိနေတာပဲ အကိုတို့ရယ် အင်္ဂလိပ် မကောင်းကြောင်း
ဘယ်သူက ပြောမှာလဲ... အင်္ဂလိပ်မယားကြီးကို တည်မှီပီး လုပ်စားနေရတာ အင်္ဂလိပ် မကောင်းကြောင်းပြောရင် ကိုယ့်ထမင်းအိုး
ကိုယ်ရိုက်ခွဲသလို ဖြစ်နေမှာပေါ့
ဘာပဲပြောပြော လက်ရှိအစိုးရကို ထောက်ခံတယ် လေနဲ့အလုပ်မလုပ်ပဲ
လက်တွေ့ဆန်တဲ့ သက်သေပြမှုတွေနဲ့ အလုပ်လုပ်ပေးတယ်
အဲအတွက် ပြည်သူတွေ ကိုယ်စား ကျေးဇူး အရမ်းတင်မိပါကြောင်း...
တည်ငြိမ်ပီး မာကြောတဲ့ ကျောက်ဆောင်တွေကို ဘယ်မုန်တိုင်းမျိုးမှ
မဖျက်ဆီး နိုင်ပါစေနဲ့လို့ ဆုတောင်း ပေးမိပါတယ်...

Very good article. All Myanmar nationals should not forget our country's bitter history and should pay respect to the patriotic spirit of grand leaders who sacraficed their lives while fighting against the enemies of our mother land!

that's right writer,, very good.

အရမ်းကောင်းပါတယ် Myanmar Express
တကယ်လေးစားပါတယ်

သိပ်မှန်တယ် Myanmar Express ရေ..။ အဓိက,က ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်မြေကိုယ့်ရေ၊ ကိုယ့်နယ်ပယ်တွေကို ချစ်လို့ တရုတ်ကို ကန့်ကွက်နေတာမဟုတ်ဘူးဗျို့... တကယ်လို့သာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်မြေကိုယ်ရေ၊ ကိုယ့်နယ်ပယ်တွေကို အမှန်တကယ်သာ ဒင်းတို့ မြတ်နိုးကြည့်ပါလား... ကန့်ကွက်ကြလေ မူစလင်(ရိုဟင်ဂျာ) ကုလားတွေအရေးကိစ္စ !!! ကန့်ကွက်ကြလေ ရန်ကုန်က သူ့ထက်ကဲရွှေပြည်စိုးလုပ်လာတဲ့ မူဆလင်ဘာသာရေးကျောင်းကိစ္စ !!! တကယ်သာ ကိုယ့်လူမျိုးစီးပွား ကိုယ်ချစ်တယ်ဆိုရင် သပိတ်မှောက်လေ တရုတ်ပစ္စည်းအကုန်လုံး.. မသုံးပဲနေကြလေ !!! အခုက ဒင်းတို့က ကိုယ့်နိုင်ငံ၊ ကိုယ့်အမျိုးကို ချစ်တာ မဟုတ်ဘူးဗျို့... အကျိုးလိုလို့ ညောင်ရေလောင်းတာ အသိသာကြီး...။ စီးပွားရေးပိတ်ဆို့မှုတွေကြားက အစိုးရက မဖြစ်ဖြစ်အောင်ကြိုးစားပြီး ကိုယ့်နိုင်ငံတိုးတက်ဖို့ တရုတ်နိုင်ငံရဲ့ နည်းပညာနဲ့အကူအညီတွေယူပြီး စီမံကိန်းတွေလုပ်တယ်... အောင်မြင်တယ်..။ ဒီတော့ ပိတ်ထားတဲ့ အနောက်က ဒင်းတို့ပထွေးနိုင်ငံများက သူတို့လုပ်ရပ်မထိရောက်တော့ မရှုစိမ့်ကြဘူး... ဒီတော့ တရုတ်က ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ သူတို့ရဲ့အခစား ပြည်ပမီဒီယာတွေကို အော်ခိုင်းတယ်... ဒီတော့ ပြည်တွင်းပြည်ပက မလောက်လေးမလောက်စားလေးတွေက ပထွေးရဲ့မယားပါသား မီဒီယာတွေရဲ့အသံကို ချဉ်ခြင်းတပ်ပြီး ကမူးရှူးထိုး တရုတ်မုန်းတီးရေး၊ တရုတ်ဆန့်ကျင်ရေး ဒို့အရေး ဒို့အရေး ထလုပ်တာပါပဲ... ဒါပါပဲ..။ ဒီချုံမြင်လိုက်တာနဲ့ ဒီယုန်ကြောင့်ဆိုတာ တန်းသိပါတယ်ဗျာ... အလကား မီးယပ်ကြောင် ဒူလာကြောင်တွေပါ...။ ပြောလိုက်ရင် တရုတ်နည်းပညာ မကောင်းဘူး၊ မကောင်းဘူး...၊ အရည်အသွေး ညံ့တယ်ပြုတယ်နဲ့... တရုတ်နည်းပညာ မကောင်းဘူးဆိုရင် သွားကြည့်လေ... တရုတ်နိုင်ငံက လမ်းတွေ၊ အဆောက်အဦးတွေ... ကမ္ဘာမှာ နည်းပညာတိုးတက်မှုအားအကောင်းဆုံးက တရုတ်ပဲ.. ဘယ်နေရာမှာမဆို နည်းပညာ ထပ်ဆင့်လွှဲယူရင် ၁၀၀ ပေးရင် ၁၀၀ အပြည့်ရတာ ဘယ်မှာရှိလို့လဲ... ရှိရင် ပြောပြစမ်းပါ..။ ဘာသာစကားအခက်အခဲနဲ့ အခြားသောအကြောင်းအရာတွေကြောင့် ၁၀၀ ပေးတောင်မှ အလွန်ဆုံးရ ၇၀ ပေါ့... ဘယ်နိုင်ငံ၊ ဘယ်လူမျိုးကမှ ကိုယ့်အကျိုးစီးပွားမပါပဲနဲ့ ၁၀၀ လုံးမပေးဘူး..။ ပေးခဲ့သည်ရှိသော်လဲ ဆရာစားအမြဲချန်တယ်... ၉၀၊ ၉၅ ကျပ်ဖိုးပဲ ပေးလိမ့်မယ်... ကိုယ့်မှာ အရည်အချင်းရှိတယ်ဆိုရင် ၉၀ ဖိုးပေးတဲ့ထဲက ၈၅ ကျပ်ဖိုးရအောင်ယူနိုင်အောင်လုပ်... ဒါပဲရှိတယ်...။ အဲဒီလို ကြိုးစားမှ ကိုယ့်နိုင်ငံ တိုးတက်မယ်... အခုတော့ အလကား ကိုယ်ကဖြင့် ဘာမှ မကြိုးစား၊ အဆင့်မရှိသေးပဲနဲ့ လေဖမ်းဒန်းစီးနေတဲ့သူတွေက အများကြီးဗျာ...။ တကယ့်ကို ဝေလေလေတွေပါ... ပြောလိုက်ရင် အစိုးရ၊ အစိုးရနဲ့... ဆိုက်ကားသမား ဖိနပ်ပြတ်တာကအစ အစိုးရတာဝန်မကင်းသလိုပြောပြီး ကိုယ်ကိုယ်တိုင်က အမှိုက်ကို မဆင်မခြင်စွန့်..၊ ကွမ်းတံထွေး တပြစ်ပြစ်ထွေး..၊ ကိုယ့်အိမ်ရှေ့က မြောင်းတောင် ကိုယ်မဆယ်..၊ ကိုယ့်ခြံထဲက ဗွက်တောင် ကိုယ်မဖို့..၊ ကိုယ့်ခြံရှေ့က မြက်လေးတောင် ကိုယ် မရှင်းချင်ပဲနဲ့ ဒီမြန်မာနိုင်ငံကြီး ဒီလိုစိတ်ဓာတ်တွေနဲ့ တိုးတက်လာဖို့ကတော့ ဒင်းတို့ရဲ့ အင်္ဂလိပ်မယား ဒေါ်ညုမကလို့ သိကြားမင်းကြီး ဆင်းလာအုပ်ချုပ်ပြီးလဲ မြန်မာနိုင်ငံ တိုးတက်မှာမဟုတ်ဘူး... ကျိန်းသေပါတယ်လို့ ပြောလိုက်ပါရစေဗျာ..။

Yes what a mind of creation

MEG ကိုလေးစားတဲ့ထဲမှာ ဒါတွေလည်းပါတယ်

ဟုတ် သလိုလိုတော့ ရှိသား ။

ကျုပ်ရင်ထဲက အမြင်တွေနဲ့ တစ်ထပ်တည်းပဲဗျာ။ ဒါပေမယ့်ဗျာ- ခက်နေတာက အမြင်မကျယ် မသိနားမလည်တဲ့ ပြည်သူတွေက တော်ကီကောင်းတဲ့သူတွေရဲ့ ဆွဲဆောင်စည်းရုံးမှု အဟောအပြော နားယောင်ပြီး ပါကုန်ကြပြီဗျ။ အဲတော့ MEG ရေ- အချိန်သိပ်မနှောင်းသေးခင်မှာ ပြည်သူတွေကို အမြင်မှန်ရလာအောင် အမြန်ရှင်းပြပေးစေလိုပါတယ်။ ဖြစ်နိုင်ရင် အထက်ကဆောင်းပါးလေးကို သတင်းစာ ဂျာနယ်ထဲ ထည့်စေချင်တယ်ဗျာ။ ပြည်သူအများစုက အင်တာနက် မသုံးနိုင်သေးဘူးဗျ။ ဒီထက်ပိုပြီး ပြောရရင် တစ်ဘက်သားကို balance လုပ်နိုင်ဖို့ ခင်ဗျားတို့က စွမ်းရည်ပြည့်နဲ့ ဆောင်ရွက်ပေးဖို့လိုတယ်ဗျ။ တိုင်ပြည်အကျိုး ပြည်သူ့အကျိုးကိုကြည့်ပြီး ဘယ်သူ့မျက်နှာမှ မထောက်ပဲ အမှန်တရားကို ဖော်ထုတ်ပြီး နားယောင်နေတဲ့ ပြည်သူအများကို အမြင်မှန်ပြန်ရလာအောင် ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ အားပေးလျက်ပါ။

ကြိုက်တယ်ဗျာ..လေးစားလျှက်ပါ MEG ..အမေ.အမေ လို့ခေါ်နေကြသူ
များ.သူတို့ရဲ့ မိခင်အရင်းတွေ အင်္ဂလိပ် မယားဖြစ်တော့ဖြစ်ကုန်တော့မှာပဲ
သမိုင်းကို သေချာမသိတာလား..တိုင်းပြည်ကိုဘယ်သူတွေကကောင်း
အောင်လုပ်ပေးနေတယ်..ဘယ်သူတွေက ဆိုးအောင်လုပ်နေကြတယ်ဆို
တာ သိသင့်နေပြီ...

မင်းကိုရေးတာမှန်ပါတယ်..........ပြသာနာတစ်ခုတိုင်းဖြစ်တိုင်းလူမျိုးရေးနဲ့မဆိုင်ပါဘူး....ဘာသာရေးနဲ့မဆိုင်ပါူဘး....

လူတွေရဲ့စိတ်ကြောင့်ဖြစ်တာပါ...
ဥပမာဗျာ...ကချင်ပြည်နယ်ကရင်ပြည်နယ်..တစ်ခြားပြည်နယ်မှာစစ်ထိုးနေတာကိုကြည့်
အဲဒါမြန်မာလူမျိုးတွေကလုပ်နေတာ..ဒါပေမဲ့မြန်မာလူမျိုးမှာအပြစ်မရှိပါဘူး..ရှိတာကမိမိရဲ့စိတ်
ကြောင့်ပါ...ဒီစိတ်ကြောင့်စစ်ပွဲတွေအနိုင်ယူမှုတွေဖြစ်နေတာ...
သူများကိုမြင်ရင်ကိုယ့်ကိုယ်ကိုအပြစ်မြင်တတ်ရမယ်..
အားလုံးက၀ဋ်ကြွေးတွေကြီးပါပဲဗျာ...
စစ်ပွဲတွေလူမျိုးရေးတွေပြသာနာတွေကိုဘယ်နတ်မှာမဖြေရှင်းပါဘူး..
ဘာလို့လဲဆိုတော့လူတွေလုပ်နေလို့ပါ....

အဲဒါကြောင့်MEG ကိုလေးစားတာ...........

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်