Subscribe to our RSS Feed

မြန်မာလွှတ်တော်ကိုယ်စားလှယ်များကို အမေရိကန်လွှတ်တော်သို့ လာရောက်လေ့လာရန် ဂျွန်မက်ကိန်းဖိတ်ကြား


နေပြည်တော်၊ ဇန်န၀ါရီ- ၂၂

အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ယနေ့တွေ့ဆုံဆွေးနွေးစဉ် လွှတ်တော်နှစ်ရပ်ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ မြန်မာလွှတ်တော်ကိုယ်စားလှယ်များကို အမေရိကန်လွှတ်တော်သို့ လာရောက်လေ့လာရန် ဖိတ်ကြားခဲ့ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၂၂ ရက်(ယနေ့)နံနက် ၁၁း၁၅ နာရီမှ ၁၁း၅၅ နာရီအထိ မိနစ် ၄၀ ကြာ ဂျွန်မက်ကိန်းနှင့် သူရဦးရွှေမန်းတို့ ပြည်သူ့လွှတ်တော် အဆောက်အအုံမှ ဇမ္ဗူသီရိခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် လွှတ်တော်နှစ်ရပ် အတွေ့အကြုံ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ မြန်မာလွှတ်တော်ကိုယ်စားလှယ်များ (အမတ်များ)ကို အမေရိကန်လွှတ်တော်သို့ လာရောက်လေ့လာရန် မက်ကိန်းက ဖိတ်ကြားခဲ့သည်ဟု တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းထောက်များ၏ မေးမြန်းမှုကို သူရဦးရွှေမန်းက ပြန်လည်ဖြေကြားစဉ် ပြောကြားသွားသည်။ ထိုတွေ့ဆုံဆွေးနွေးပွဲ၌ စီးပွားရေးပိတ်ဆို့အရေးယူမှုနှင့်ပတ်သက်၍ မက်ကိန်းက ပြောကြားရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအခြေအနေပေါ် လိုက်လျောညီထွေစွာ တစ်ဆင့်ချင်း ရုပ်သိမ်းပေးသွားရန် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သူရဦးရွှေမန်းက ပြန်လည်ဖြေကြားသည်။

7Day News

2 comments:

စီးပွားရေး ပိတ်ဆို့တယ်ဆိုတာ နောက်ဆုံးတော့ ပြည်သူတွေပဲ ဒုက္ခခံစားရတာပါ ပိတ်ဆို့တာ မသိမ်းတော့လည်း အနည်းနဲ့အများတော့ နှစ်ဘက်လုံးနစ်နာတာပါပဲ ချမ်းသာတဲ့ နိုင်ငံက ပိတ်ဆို့တော့ နည်းနည်းထိခိုက်မယ် ပိတ်ဆို့ခံ နိုင်ငံက ဆင်းရဲတော့ များများဆင်းရဲမယ် အခုအချိန်မှာ ဖွင့်သင့်ပြီ၊ အနောက်အုပ်စုပြောတဲ့ လူသားချင်းစာနာထောက်ထားတယ်ဆိုတာ လူတွေအဆင်ပြေ ဖို့လေ ပိတ်ဆို့တာဖွင့်သင့်ပါပြီ၊ နိုင်ငံလဲ ပြောင်းလဲသင့်သလောက် ပြောင်းလဲလာပြီးပဲ စီးပွားရေးလမ်းတွေ ဖွင့်ကြပါ၊ လက်ရှိ နိုင်ငံအတွက်လုပ်မယ့်သူတွေ အင်ပြည့်အားပြည့် နိုင်ငံအတွက် လုပ်နိုင်အောင် ဖွင့်ပေးလိုက်ပါ၊ ပြည်သူဘက်ကတော့ နိုင်ငံကို ဘယ်သူအကျိုးပြုပြု ကောင်းရင် လက်ခံပေးသွားမှာပါ။ ဟိုလူလုပ်မှ ဒီလူလုပ်မှ တွေလုပ်မနေပါနဲ့။ ဘယ်သူလုပ်လုပ် အကျိုးပြုဖို့ပဲ လိုတာပါ…..

စီးပွားရေး ပိတ်ဆို့တယ်ဆိုတာ နောက်ဆုံးတော့ ပြည်သူတွေပဲ ဒုက္ခခံစားရတာပါ ပိတ်ဆို့တာ မသိမ်းတော့လည်း အနည်းနဲ့အများတော့ နှစ်ဘက်လုံးနစ်နာတာပါပဲ ချမ်းသာတဲ့ နိုင်ငံက ပိတ်ဆို့တော့ နည်းနည်းထိခိုက်မယ် ပိတ်ဆို့ခံ နိုင်ငံက ဆင်းရဲတော့ များများဆင်းရဲမယ် အခုအချိန်မှာ ဖွင့်သင့်ပြီ၊ အနောက်အုပ်စုပြောတဲ့ လူသားချင်းစာနာထောက်ထားတယ်ဆိုတာ လူတွေအဆင်ပြေ ဖို့လေ ပိတ်ဆို့တာဖွင့်သင့်ပါပြီ၊ နိုင်ငံလဲ ပြောင်းလဲသင့်သလောက် ပြောင်းလဲလာပြီးပဲ စီးပွားရေးလမ်းတွေ ဖွင့်ကြပါ၊ လက်ရှိ နိုင်ငံအတွက်လုပ်မယ့်သူတွေ အင်ပြည့်အားပြည့် နိုင်ငံအတွက် လုပ်နိုင်အောင် ဖွင့်ပေးလိုက်ပါ၊ ပြည်သူဘက်ကတော့ နိုင်ငံကို ဘယ်သူအကျိုးပြုပြု ကောင်းရင် လက်ခံပေးသွားမှာပါ။ ဟိုလူလုပ်မှ ဒီလူလုပ်မှ တွေလုပ်မနေပါနဲ့။ ဘယ်သူလုပ်လုပ် အကျိုးပြုဖို့ပဲ လိုတာပါ….. သိချင်တာ တစ်ခုတော့ ရှိပါတယ် ပိတ်ဆို့မှုတွေဖွင့်ပါပြီတဲ့ သူတို့အကျိုးရှိလို့လာပြီး စီးပွားရေး လုပ်ကြတာမလား၊ သူတို့အတွက်သူတို့လာတာ မြန်မာက ရမယ့်အကျိုးကျေးဇူးက ရသင့်တာထက် ပိုရမှာဘာမှ မရှိဘူး ကိုယ်လုပ်မှကိုစားရမှာ… ဒါကြောင့် ပိတ်ဆို့တာကို ကန့်ကွက်တယ် ပိတ်ဆိုမှုတွေဖယ်ရှားပါ… ဖွင့်ပေးမယ်ဆိုပြီး ကျေးဇူးရှင်ကြီးလိုလိုဘာလိုလို လာမလုပ်နဲ့ ကျေးဇူးတင်စရာ ဘာမှ မရှိဘူး..

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်