Subscribe to our RSS Feed

တရုတ်ရောဂါကြောင့် အိုဘားမား အာရှ ပစိဖိတ် စစ်ဗျူဟာ ချမှတ်



သူရိယ (WSJ) အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက ဒီသတင်းပတ်မှာ ပင်တဂွန်ကိုသွားပြီးတော့ အီရတ် အာဖဂန် စစ်ပွဲအလွန် အမေရိကန် ကာကွယ်ရေး ဗျူဟာကို ပြောကြားလိုက်ပါတယ်။
ဒါပေမယ့် အမေရိကန် စစ်တပ်ကျစ်လစ်အောင်ဆောင်ရွက်ဖို့ ပြောဆိုနေတဲ့ သမ္မတရဲ့ ပြောကြားချက်မှာတော့ ရာစုသစ်ရဲ့ စိတ်ခေါ်မှုအသစ်တွေ ဆယ်စုနှစ်အကြာတိုက်ခိုက်မှုအပြီး ဦးစားပေးပြောင်းလဲမှုတွေနဲ့အတူ တရုတ်အကြောင်း အထူးပြု ပြောဆိုနေပါတယ်။


ငြိမ်းချမ်းရေးသမား တဦးအနေနဲ့ ပြန်လည် အရွေးခံရဖို့ ကြိုးစားနေတဲ့ အိုဘားမားက အမေရိကကို စိန်ခေါ်နိုင်တဲ့ တခုတည်းသော ကမ္ဘာစူပါ ပါဝါနဲ့ စစ်အေးတိုက်ပွဲမဖြစ်အောင် မန်းမှုတ်နိုင်ခြင်းတော့ မရှိပါဘူး။


ဒါပေမယ့် အိုဘားမားရဲ့အာရှခရီးစဉ်က အာရှပစိဖိတ်ဒေသတွင်းမှာ တရုတ်ရဲ့လွမ်းမိုးမှုကို တိုက်ဖျက်ဖို့ ဆုံးဖြတ်ထားပြီးဖြစ် နေပါ တယ်။ ဗျူဟာကလည်း အာရှ ပစိဖိတ်ဒေသကိုပဲ အာရုံစိုက်ထားပါတယ်။


ပူးပေါင်းဆောင်ရွက်ရေး စစ်ဗိုလ်ချုပ် မာတင်ရမ်ဆေးကလည်း အီရတ်ကနေထွက်လာတဲ့ စစ်သားတွေကို ဘီဂျင်းနဲ့ တိုက်ခိုက်ဖို့ စိတ်ဝင်စားပုံမပေါ်ပေမယ့် တရုတ်စစ်အသုံးစရိတ်ကြီးမားလာတာကိုတော့ သူလည်း သိနေပါတယ်။


စစ်ဗျူဟာ အထောက်အထားတွေက ဒီတိုးတက်မှုက ဒေသတွင်း ထိပ်တိုက်တွေ့ဆုံမှုများကို ရှောင်ရှားနိုင်ဖို့ ဗျူဟာကျ ရည်ရွယ်ချက် အတွက် ပိုမိုရှင်းလင်းဖို့လိုတယ်လို့ ဆိုပါတယ်။


တရုတ် ရေငုတ်သဘောင်္နဲ့ ဒုံးတွေက ၁၉၄၅ ကတည်းက အမေရိကန်လွမ်းမိုးလာတဲ့ ဒေသကို ဘယ်လို လုပ်ဆောင်ပေးနိုင် သလဲဆိုတာကို ဒမ်းဆေးက သိမြင်ပြီးသားဖြစ်ပါတယ်။


“ဗျူဟာက အနာဂတ်အပြောင်းအလဲကို ပြောနေတယ်၊ ပထ၀ီရေး၊ စီးပွားရေး၊ စစ်ရေးစတဲ့ အားလုံးသော တိမ်းညွတ်မှုတွေက ပစိဖိတ်ကို ဦးတည်နေတယ်” လို သူက ပြောပါတယ်။


“ကျနော်တို့ ဗျူဟာစိန်ခေါ်မှုကို ကျယ်ကျယ်ပြန်ပြန်ရှေ့ဆက်ဆောင်ရွက်သွားမယ်၊ ဒါဟာလည်း အိန္ဒိယ သမုဒ္ဒရာနဲ့လည်း ပတ်သက်နေပါတယ်”
တရုတ်နဲ့ ပတ်သက်တဲ့အသေးစိတ်ပြောဆိုချက် တခုမှ မရှိပေမယ့် ဘယ်သူကို ပြောနေသလဲဆိုတာကတာ ရိပ်မိပါလိမ့်မယ်။
“ဒီဒေသက အမေရိကန်ရဲ့ စီးပွားရေး လုံခြုံရေး အရေးပါမှုကို ကြီးထွားလာနေတယ်၊ ဆိုလိုတာက ကျနော်တို့ရဲ့ စစ်တပ်ပိုင်း ဆိုင်ရာ နည်းပညာတွေကို တိုးတက်အောင် ထိန်းသိမ်းဆောင်ရွက်ဖို့နဲ့ လွတ်လွတ်လပ်လပ်ဆောင်ရွက်ဖို့ပဲဖြစတယ်” လို့ သူက ဆိုပါတယ်။


တရုတ်က တိုက်ရိုက် တုံ့ပြန်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ဂလိုဘယ်လ်တိုင်မ်းကတော့ တရုတ်က အမေရိကန်နဲ့ ခြေရာတိုင်းဖို့ အဆင့်သင်ဖြစ်နေပြီလို့ ရှင်းရှင်းလင်းလင်းဆိုပါတယ်။



“ကျနော်တို့ အမေရိကန်နဲ့ စစ်အေးတိုက်ပွဲကို တားချင်ပါတယ်၊ ဒါပေမယ့် တချိန်တည်းမှာပဲ အိမ်နီးချင်းမှာရှိတဲ့ တရုတ်ရဲ့ လုံခြုံရေးကိုလည်း စွန့်လွတ်ရမယ်အနေအထားကို ရှောင်ကြဉ်ရမယ်” ဟုလည်း အယ်ဒီတာအာဘော်မှာ ရေးသားထားပါတယ်။


အမေရိကန်ရဲ့စေစပ်မှုက တည်ငြိမ်မှုကို ဖြစ်စေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးကို အန္တရယ်ရှိတယ်လို့လည်း တရုတ် ဆင်ဟွာ သတင်းဌာနက သတိပေးလိုက်ပါတယ်။


၂၁ ရာစုမှာ တရုတ်နဲ့ အမေရိကန် ပြိုင်ဆိုင်မှုကတော့ တော်တော်ကို ရှင်းရှင်းလင်းလင်းဖြစ်လာပါပြီ။


ထိုင်ဝမ်အရေးကိစ္စကလည်း တရုတ်နဲ့ အမေရိကန်ကြားက တင်းမားမှုတခုဖြစ်နေပါတယ်။ ဘီဂျင်းက ထိုင်ဝမ်ကို ခွဲထွက်သူအဖြစ်မှတ်ယူထားပါတယ်။


အပြန်အလှန်ဆက်ဆံရေးတွေ တိုးတက်ခဲ့တယ်ဆိုပေမယ့်လည်း ထိုင်ဝမ်ရေလက်ကြားတလျောက်က ဒုံးပျံတွေကတော့ ခြိမ်းခြောက်မှုတွေဖြစ်နေပါတယ်။


ထိုင်ဝမ်ရဲ့ လုံခြုံရေးကို အာမခံချက်ပေးထားတဲ့ အမေရိကန်အတွက် အဲဒီဒေသဟာ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ အနေအထားဖြစ်ပါတယ်။


တရုတ်ကလည်း သံယံဇာတပေါကြွယ်တဲ့ အရှေ့နဲ့တောင်တရုတ်ပင်လယ်မှာလည်း အမေရိကန်နဲ့ ဆက်ဆံရေး တိုးမြင့်ထားတဲ့ ဗီယက်နမ်နဲ့ပိုင်နက် အငြင်းပွားမှုတွေဖြစ်ပွားနေပါတယ်။


တရုတ်ရဲ့ကြီးထွားလာမှုကိုလည်း ဂျပန်၊ တောင်ကိုးရီးယား၊ စကာင်္ပူ၊ မလေးရှား၊ သြစတြေးလျမှာလည်း စိုးရိမ်မှုလက္ခဏာတွေ မြင်နေရပါတယ်။


အာရှခရီးစဉ်အတွင်းမှာ အိုဘားမားက ဒါဝင်နဲ့ ဖိလစ်ပိုင်မှာ စစ်အခြေစိုက်စခန်းဆောက်ဖို့ အရိပ်အမြွက်ဆိုခဲ့သလို တိုကျိုနဲ့လည်း ဒုံးကာကွယ်ရေးတည်ဆောက်ဖို့ ပြောဆိုခဲ့ပါတယ်။


ကမ္ဘာတလွှားမှာ စစ်ရေး အသုံးစရိတ် ဖြတ်တောက်တာတွေရှိနေပေမယ့် တောင်ကိုးရီးယားနဲ့ ဂျပန်က တပ်တွေကို ထိန်းသိမ်းထားရမှာဖြစ်ပါတယ်။ နိုင်ငံတကာ ရေပိုင်နက် လုံခြုံရေးက အဓိက ဦးစားပေးဖြစ်နေပါတယ်။


အမေရိကန် တရုတ် အပြန်အလှန် လုပ်ဆောင်နေကြတဲ့ တခြားမျက်နှာစာတွေလည်း အများကြီးရှိနေပါတယ်။


တရုတ်ကလည်း ပါကစ္စတန်၊ သိရီလကာင်္၊ တန်ဇနီးယားတို့နဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှု အကူအညီတွေနဲ့ သူရဲ့တည်ရှိမှုကို အိန္ဒိယသမုဒ္ဒရာမှာချဲထွင်နေပါတယ်။


မြန်မာနိုင်ငံကိုလည်း တရုတ်ရဲ့ ကိုယ်ပိုင်ကစားကွက်ထဲကနေ အမေရိကန်က ရယူခဲ့ပြီးတော့ သံတမန်ဆက်ဆံမှုတွေ ချဲထွင်နေပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဖို့ ဆန္ဒကတော့ စစ်မှန်ပေမယ့် အကျိုးစီးပွားကိုလည်း ထည့်တွက်နေပါတယ်။ တစုံတယောက်ကလည်း ၀ီလီယံဟိတ်ကို ပြောပြသင့်ပါတယ်။


တခြားဆောင်ရွက်တာတွေဖြစ်တဲ့ ကုန်ကြမ်းရရှိရေး၊ စီးပွားရေး အရင်းအမြစ်၊ နိုင်ငံရေးလွမ်းမိုးမှု၊ စစ်တပ်အခြေစိုက် တို့အတွက်လည်း အာဖရိကမှာ လုပ်ဆောင်နေပါတယ်။



တရုတ်ကတော့ စီးပွားရေး အကျိးအမြတ်တွေတောင်အာဖရိကကနေရရှိနေသလို လူအခွင့်အရေး လွမ်းမိုးမှုတွေအတွက်တော့ ပူပန်စရာတွေ ဖြစ်နေပါတယ်။


အမေရိကန်ရဲ့အပြုအမှုကလည်း အတုယူစရာ ဖြစ်မနေပါဘူး။ ဒီမိုကရေစီလို့ အများကြီးပြောဆိုနေပေမယ့်လည်း အကြမ်း ဖက်မှုနဲ့ လုံခြုံရေးကိုတော့ အမေရိကန်က စိုးရိမ်ပူပန်နေပါတယ်။ မကြာခင်ကလည်း ပင်တဂွန်မှာ အာဖရိကနဲ့ သက်ဆိုင်တဲ့ အဖွဲ့တခု ဖွဲ့စည်းခဲ့ပါသေးတယ်။


တရုတ်ကလည်း သံတမန်ရေးလွမ်းမိုးမှုတွေနဲ့ နိုင်ငံရေး စိန်ခေါ်မှုတွေက မြောက်ကိုးရီးယား၊ ဆီးရီးယား၊ အီရန်နဲ့ ဆူဒန်တို့မှာလည်း ရှိနေပါတယ်။


တရုတ်ကတော့ ကောင်းမွန်တဲ့ နိုင်ငံသားတယောက်ဖြစ်ရေးဆိုတဲ့ တာဝန်ကို လစ်လျူရှုထားလိုက်ပါတယ်။ စီးပွားရေးနဲ့ ငွေကြေးခိုင်မာရေးကို အာရုံစိုက်နေပြီး ဥရောပဇုန် အခက်အခဲကိုတော့ ကူညီဖြေရှင်းဖို့ ပျက်ကွက်နေတယ်လို့လည်း ဝေဖန်သူတွေက ဆိုပါတယ်။


၂၁ ရာစုမှာတော့ တရုတ် အမေရိကန် စစ်အေးတိုက်ပွဲကတော့ မဖိတ်ခေါ်ပဲ ရောက်ရှိလာပါပြီ။ ဆက်ဆံရေးကတော့ ကောင်းတဲ့ ခေါင်းဆောင်မှု၊ ကံကြမ္မာစတဲ့ ၂ ဖက်စလုံးကို အကျိုးရှိစေမှာဖြစ်ပါတယ်။
ဒါပေမယ့် အခြေခံအားဖြင့် ဒီမိုကရေစီ၊ တန်ဖိုး၊ ဘာသာရေး ယုံကြည်မှုနဲ့ စီးပွားရေးပြိုင်ဘက် စတဲ့ ကွဲပြားတဲ့အယူ အဆတွေက အတူတကွလုပ်ဆောင်ဖို့ ရှုပ်ထွေးစေမှာဖြစ်ပါတယ်။


တရုတ်က သူရဲ့စွမ်းအားကြောင့် ၁၉ ရာစု ဗြိတိန်နဲ့ ၂၀ ရာစု အမေရိကလို ယုံကြည်မှုနဲ့ မထိတရီကတော့ အပြည်ရှိနေပါတယ်။


အိုဘားမား ကာကွယ်ရေး ဗျူဟာက အကောင်းဆုံးကို မျှော်လင့်ထားသကဲ့သို့ အဆိုးကိုလည်း ပြင်ဆင်ထားပြီးဖြစ်သည်။ Source; WSJ သူရိယ

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်