Subscribe to our RSS Feed

မြောက်ကိုးရီးယားက ဂျပန်ကိုစိန်ခေါ်


မြောက်ကိုးရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအီးလ် သေဆုံးခဲ့သည့် အပေါ် ဂျပန်နိုင်ငံက လေးစားမှုမရှိကြောင်း ပြောဆိုလိုက်သည်။


ခေါင်းဆောင် အပြောင်းအလဲ မကြာခဏ ပြုလုပ်သည့် နိုင်ငံဖြစ်သည့်အတွက် ကမ္ဘာပေါ်တွင် ရယ်စရာကောင်း သည်ဟု ပြောဆိုလိုက်သည်။


ပြုံယမ်းအစိုးရကလည်း ဂျပန်ကို ရန်သူအဖြစ်သတ်မှတ်ထားကာ ဆက်ဆံရေးတိုးတက်မှုကို စိတ်မ၀င်စားခဲ့ချေ။
ပြီးခဲ့သည့် သီတင်းပတ်တွင် တောင်ကိုးရီးယားကို ပြောဆိုခဲ့သည့် အသုံးအနှုန်းဖြင့် မြောက်ကိုးရီးယား အစိုးရပိုင်သတင်းစာက ရေးသား ပြောဆိုခဲ့သည်။


အယင်းမှတ်ချက်က လက်ရှိ အုပ်ချုပ်နေသည့် ကင်ဂျုံအီးလ် သားဖြစ်သူ ကင်ဂျုံအန်းက ယခင်ကတည်းက နိုင်ငံသားများကို ရန်သူဟု သတ်မှတ်ထားသည့် တောင်ကိုးရီးယား၊ ဂျပန်၊ အမေရိကန်ကဲ့သို့သော နိုင်ငံများကို ဆက်လက် စိန်ခေါ်သွားမည်သဘော သက်ရောက်နေသည်။


ဒီဇင်ဘာလ ၁၉ ကင်ဂျုံအီးလ် သေဆုံးရာတွင် လုံခြုံရေး အစည်းအဝေးကျင်းပခဲ့ပြီး စာနာသူများက မြောက်ကိုးရီး ယားသို့ သွားရောက်ရန် တားမြစ်ခဲ့သည့် ဂျပန်နိုင်ငံ၏ လုပ်ရပ်ကို ပြစ်တင်ပြောဆိုခဲ့သည်။


မြောက်ကိုးရီးယားသို့ သွားရောက်ခဲ့သည့် ဂျပန်နိုင်ငံသားများ ပြန်လာရန် ခေါ်ဆိုခဲ့သည့်အတွက်လည်း ဝေဖန်ပြောဆိုခဲ့သည်။


“စစ်တပ်နဲ့ မြောက်ကိုးရီးယားလူထုက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုမှုများကို ဘယ်တော့မှ ခွင့်မလွတ်” ဟုလည်း ရေးသားထားသည်။


ခေါင်းဆောင်အပြောင်းအလဲသည် အာဏာရှင် စနစ်ကို ပြိုကျသွားစေမည်ဆိုသောဂျပန်ဥပဒေပြုသမားများ၏ ခန့်မှန်းပြောဆိုချက်ကိုလည်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။


“၀န်ကြီးချုပ်တွေ အစားထိုးတာ ကမ္ဘာမှာ ဂျပန်က ထိပ်တန်းပါပဲ၊ ကမ္ဘာမှာ ရီမောစရာ တခုလိုဖြစ်နေပြီ၊ ဒေသတွင်း နိုင်ငံရေး မတည်ငြိမ်သေးခင်မှာကို ပြောင်းနေပြီ” ဟု ရေးသားထားသည်။


“ဂျပန်က လူမှုရေး စနစ်ကို ဘယ်တော့မှ နားလည်မှာ မဟုတ်ပါဘူး” ဟု မြောက်ကိုးရီးယား အစိုးရပိုင် သတင်းစာက ရေးသားထားသည်။ အာဏာရှင် အုပ်ချုပ်ရေးသည် ကမ္ဘာပေါ်တွင် အတည်ငြိမ်ဆုံး အုပ်ချုပ်ရေး တခုဖြစ်သည်ဟုလည်း ထပ်လောင်း ဖော်ပြထားသည်။


မြောက်ကိုးရီးယား ပြောဆိုချက်ကို ဂျပန်က တစုံတရာ မှတ်ချက်ပေးပြောဆိုခဲ့ခြင်းမရှိချေ။


နှစ်သစ်ညီလာခံတွင် ဂျပန် ၀န်ကြီးချုပ် ဟိုရှိဟီကိုနိုဒါက မြောက်ကိုးရီးယားအပြောင်းအလဲကို ရည်ညွန်း၍ လုံခြုံရေး ကိစ္စများကို အမေရိကန်၊ တောင်ကိုးရီးယားတို့ဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြောသည်။



သို့သော်လည်း မြောက်ကိုရီးယားက ဂျပန်ကို ဝေဖန်ရန် များများစားစားမရှိကြောင်း ကင်ဂျုံအီလ်း ကွယ်လွန်ပြီး မကြာမီ ဂျပန်က ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ထုတ်ပြန်ခဲ့ကြောင်းပြောသည်။


တောင်ကိုရီးယား ၀မ်းနည်းကြောင်းသ၀ဏ်လွှာကို ရက်များစွာကြာမြင့်ပြီးမှာသာလျှင် လူထုကို ရည်ညွှန်း ထုတ်ပြန်ခဲ့သည်။


မြောက်ကိုးရီးယားကလည်း ကင်ဂျုံအီးလ်သေဆုံးခဲ့သည့်အပေါ် တောင်ကိုရီးယားရှိလူများကို သွားရောက် လည်ပတ် ပူဆွေးခွင့်မပေးခဲ့ခြင်းကိုလည်း ပြောဆိုသည်။


တောင်ကိုးရီးယား ကာကွယ်ရေး ၀န်ကြီးကလည်း အမေရိကန် အကြီးအကဲနှင့် ပူးပေါင်းစစ်ရေးလေ့ကျင်မှု သဘော တူညီချက်ကို လတ်မှတ်ရေးထိုးကြောင်းပြောသည်။


အရှေ့အာရှ ဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ကာတ့်ကမ်ဘဲလ်က တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီး မြောက်ကိုးရီးယား အာဏာလွဲပြောင်းရေး ကိစ္စရပ်များဆွေးနွေးလျက်ရှိသည်။


ကာတ့်ကမ်ဘဲလ်က တောင်ကိုးရီးယား သံတမန်များနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။ တောင်ကိုးရီးယား သမ္မတ လီမြောင်ဘတ်ကလည်း တရုတ်သို့ သွားရောက်လည်ပတ်ခဲ့ပြီး ခေါင်းဆောင်များဖြစ်သည့် ဟူဂျင်တောင်၊ ၀မ်ကျားပေါင်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။


တခြားအသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ဒေသတွင်း လုံခြုံရေးနှင့် စီးပွားရေးကိစ္စများ ဆွေးနွေး နိုင်ကြောင်း လည်း ပြောသည်။ Source; WSJ သူရိယ

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်