Subscribe to our RSS Feed

ဒုဗ္ဗစ ပုဂ္ဂိုလ် ရွှေညဝါ ဘုန်းကြီး အပြစ်တွေအတွက် ဝန်ခံလက်မှတ်ထိုး

ဒုဗ္ဗစ ပုဂ္ဂိုလ် ရွှေညဝါ ဘုန်းကြီး မှ ကမ္ဘာကလေးစားရသော ဗုဒ္ဓဘာသာဝင်တို့ရဲ့ အမြင့်များဆုံး သံဃမဟာနာယက အဖွဲ့ ရှေ့မှောက်မှာ ဘုန်းကြီးက ဘုန်းကြီးအလုပ်မလုပ်ခြင်းတွေ၊ တရားအားမထုတ်ခြင်းတွေနဲ့ ဝါရင့်ဆရာတော်ကြီးများရဲ့ ဆိုဆုံးမမှုကို လက်မခံခြင်းတွေအတွက် ကျောင်းတိုက်မှ ၁ လ အတွင်း ငြိမ်းချမ်းစွာ ထွက်ခွာပေးပါမည်ဟု ယနေ့ ဒီကနေ့ နေ့လယ် ၂ နာရီကျော်လောက်မှာ ၀န်ခံလက်မှတ် ထိုးခဲ့တယ်လို့ သိရပါတယ်။


များစွာသော အပြစ်တွေကြောင့် သံဃမဟာနာယက အဖွဲ့မှ ရွှေညဝါ ဘုန်းကြီးကို ၂၀၁၁ ဇန်နဝါရီလက သတိပေးဆုံးမက တရားဟောခွင့် တစ်နှစ်ပိတ်ခဲ့ပေမယ့် ရွှေညဝါဘုန်းကြီးက စည်းကမ်းကို မလိုက်နာပဲ လက်တလုံးခြားခုပ်ခဲ့ပါတယ်။ အခုနောက်ဆုံး သံဌမဟာနာယက အဖွဲ့ ၄၇ ပါး စုံညီ အစည်းအဝေး ဆုံးဖြတ်ချက်ကနေ ရွှေည၀ါဘုန်းကြီးကို တိုက်မှ ဖယ်ရှားရန်၊ သံဃာ အဆင့်ဆင့်၏ ဆုံးမညွှန်ကြားမှုကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ် အဖြစ် သတ်မှတ်ရန်နှင့် ခွင့်ပြုချက် မရဘဲ သာဓုကျောင်းတိုက်အတွင်း မည်သည့် သင်တန်းမှ ဖွင့်လှစ် ဆောင်ရွက်ခြင်း မပြုရန်တို့ ကို အကြောင်းကြားခဲ့ပါတယ်။

နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကို (၁၉၈၀) ပြည့်နှစ်တွင် (၃၃)ပါးဖြင့် စတင် ဖွဲ့စည်းခဲ့တော်လည်း နောက်ပိုင်းတွင် ပြင်ဆင်၍ (၄၅)ပါး၊ (၄၇)ပါးတိုးချဲ့ ဖွဲ့စည်းခဲ့ရာ ယခုအခါ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့မှာ (၄၇)ပါးအဖွဲ့ ဖြစ်နေပြီဖြစ်ပါတယ်။

`နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့´ကြီး ပေါ်ပေါက်လာခဲ့သဖြင့် သာသနာတော်၌ အလွန်အဖိုးတန်သည့် ရလဒ်ကောင်းများ ဖြစ်ထွန်းခဲ့ရကြောင်း သိရပါတယ်။

သာသနာတော်အတွင်း၌ ရှေးနှစ်ပေါင်း များစွာ ကတည်းက အမြစ်တွယ်လျက် ဓမ္မ အဓမ္မအငြင်းပွားနေရသော ၀ိဝါဒါဓိကရုဏ်းမှုကြီးများကို ပြတ်စဲအောင် ဖြေရှင်းနိုင်ခဲ့ခြင်း ပင် ဖြပြီး တနည်းအားဖြင့် `အဓမ္မကို ဓမ္မဖြင့် ထင်ထင်ရှားရှား ခွဲခြားပြနိုင်ခဲ့ခြင်း´ ပဲဖြစ်ပါတယ်။
အဓမ္မကို ဓမ္မဟု ဟောပြောနေကြသော လူသေလူဖြစ်ဝါဒ၊ ကျောက်သင်္ဘော ၀ါဒ စသည်တို့တည်း၊ ထိုဝါဒရှင်တို့သည် `နိုင်ငံတော် သံဃာ့မဟာနာယက´ စသော သံဃာ့အဖွဲ့အစည်းများ မပေါ်ပေါက်သေး၍ ပြုပြင်လိုကြသူများ အားနည်းနေမှုကို အခွင့်ကောင်းယူကာ အဓမ္မ၀ါဒ ထွန်းကားရေးကို တွန်းအားပေးလျက် ဓမ္မအစစ်အမှန်ကို တိမ်မြုပ် ပျောက်ကွယ်စေရန် ဖန်တီးနေကြသူတွေဖြစ်ပါတယ်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်