Subscribe to our RSS Feed

လမ်းဖြတ်ကူးရာတွင် မျဉ်းကြားမှ မကူးလျှင် ဖမ်းဆီးအရေးယူခြင်းခံရမည်



ရန်ကုန်မြို့ရှိ ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ အနေဖြင့် လမ်းဖြတ်ကူးရာတွင် မျဉ်းကြားမှ လမ်းဖြတ်ကူးခြင်းမရှိဘဲ၊ ကြုံသလို လမ်းဖြတ်ကူးနေသူများကို ဖမ်းဆီးပြီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

“ မျဉ်းကြားကနေ ကူးဖို့ လမ်းဖြတ်ကူးသူတွေကို စပီကာနဲ့ အော်ပြီး သတိပေးပါတယ်။ လိုက်နာမှုမရှိဘဲနဲ့ လမ်းကူးနေတဲ့ သူတွေကို ဖမ်းဆီးအရေးယူပါတယ်”ဟု ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှုးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
လမ်းဖြတ်ကူးသူများ အနေဖြင့် မျည်းကြားမှ မကူးဘဲ စည်းကမ်းမဲ့ လမ်းဖြတ်ကူးပါက ဒဏ်ငွေ(၂၀၀၀)ကျပ်၊ တရားရုံး ကုန်ကျစရိတ်ငွေ (၂၀၀)ကျပ်ဖြင့်စုစုပေါင်း (၂၂၀၀)ကျပ် ဒဏ်ငွေ ပေးဆောင်ရမည် ဖြစ်သည်။ ထို့ပြင် ဒဏ်ရိုက်ပြီး လမ်းစည်းကမ်းထိန်းသိမ်းရေး အသိပညာပေး ဗီဒီယိုကို ၂ နာရီခန့်ပြသပြီးပြန်လွှတ်ပေးကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

“ခုလို စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို ဖမ်းပြီး ဒဏ်ရိုက်တာကောင်းပါတယ်။ လမ်းကူးတဲ့သူတွေလည်း စည်းကမ်းနဲ့ကူးဖြစ်သွားတာပေါ့၊ ပြီးတော့ အန္တရာယ်လည်း ကင်းတာပေါ့”ဟု အိမ်ရှင်မတစ်ဦးကပြောသည်။
ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးပြပွဲ ၊ ပြိုင်ပွဲများပဉ္စမအကြိမ်မြောက်ကို ၂၀၁၂ - ခုနှစ် ဇန်န၀ါရီလ (၂၇)ရက်မှ (၃၀)ရက်အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမှု၌ ကျင်းပသွားမည် ဖြစ်ကြောင်း၂၂.၁.၂၀၁၂ ခုနှစ်ထုတ် မြန်မာသတင်းစာမှ သိရှိရသည်။

ဇော်မင်းထိုက် (ရွှေမြစ်မခ)

2 comments:

just wondering, NLD and MrsAris might shout loud POLITICAL PRINSONERS if their supporter(s)were arrested for not using pedestrian crossing!!!

ဒါဟာ ကောင်းတဲ့အကျင့်တခုပါ ။ ခနတာ ကျင့်သုံးဖို.မဟုတ်ပါ ။ ရေရှည်ကျင့်သုံးရမှာပါ ။ ဒဏ်ရိုက်မှ လုပ်တာထက် မိမိ အသိစိတ်ဖြင့် ပြုလုပ်ရန်လိုအပ်ပါသည်။ အနောက်နိုင်ငံများတွင် လမ်းကူးသူ ဦးစားပေးစနစ်ဖြစ်ပါသည် ။ ယာဉ်တိုက်ခံရသဖြင့် သေသူမရှိသလောက်နည်းပါသည် ။ လူကူးမျဉ်းကျား တခု နှင့် တခု ဝေးပါက ကြားတွင် လမ်းကူးသူ ဦးစားပေး အဝါရောင်မီးလုံးလေးများဖြင့် ပြုလုပ်ထားပေးလျှင်ပိုကောင်းပါသည် ။ ယင်းအဝါရောင် မီးလုံးရှိသောနေရာများတွင် လူတဦးဦး လမ်းကူးနေစဉ်သော်လည်းကောင်း ၊ လမ်းကူးမည့် အရိပ်အယောင်ရှိလျှင်သော်လည်းကောင်း ကားရပ်ပေးရမည် ဖြစ်ပြီး လမ်းကူးသူများမှ မည်သည့်ယာဉ်လာလာ ပူပင်ကြောင့်ကြမဲ့ ကူးဖြတ်ခွင့်ရရမည်ဖြစ်သည် ။ နိုင်ငံကြီးသားတို.သည် မည်သည့်အကြောင်းကြောင့်မှ မဆဲဆို ။ မည်မျှလမ်းပိတ်ပိတ် မဆဲဆို ၊ လမ်းကူးသူကို ဦးစားပေးကြ၏ ။ ယဉ်ကျေးမှု.ကြီးမားလှသော မြန်မာပြည်ကြီးသားတို.သည်လည်း အယုတ္တ အနတ္တ ဆဲရေးခြင်း ကင်းစွာဖြင့် မြန်မာ့စိတ်ဓါတ်ကို ပြနိုင်ကြပါစေသော် ။

SV

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်