Subscribe to our RSS Feed

ခရေပန်းတစ်ပွင့် သို့မဟုတ် ဦးခင်ညွှန့် ကျောက်တန်းမြို့သို့လာရောက်

နိုင်ငံတော်အစိုးရ၏လွတ် ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် လွတ် မြောက်လာသည့် ဗိုလ်ချုပ်ကြီး ဟောင်း ဦးခင်ညွှန့်နှင့် ဇနီးဒေါက် တာဒေါ်ခင်ဝင်းရွှေတို့သည် ကျောက်တန်းမြို့သို့ မရောက် သည်မှာ ၇ နှစ်ရှိခဲ့ပြီဖြစ်ရာ ပထမ ဦးစွာ ကျောက်တန်းမြို့မွေးရပ်ဇာ တိမြေသို့ ဇန်န၀ါရီလ ၁၈ ရက်၊ နံနက် ၉ နာရီဝန်းကျင်တွင် ဦးခင် ညွှန့်၏ မိသားစုဝင်များနေထိုင်ရာ ဦးမင်းလွင်လမ်းနှင့်မင်းကျောင်း လမ်းထောင့်ရှိရာနေအိမ်သို့ သား သမီးမြေးများနှင့်အတူ ရောက်ရှိ လာခဲ့သည်။ ထိုသို့ရောက်ရှိလာ သော ဦးခင်ညွှန့်၊ ဒေါက်တာဒေါ် ခင်ဝင်းရွှေနှင့်သားသမီးမြေးများ အား ကျောက်တန်းမြို့နယ်အ တွင်းရှိ ဆွေမျိုးများနှင့် မိတ်ဆွေ အပေါင်းအသင်းများကပန်းစည်း၊ ပန်းကုံးများဖြင့် လှိုက်လှဲပျူငှာစွာ ကြိုဆိုခဲ့ကြသည်။ ထို့နောက်ဦး ခင်ညွှန့်နှင့် မိသားစုသည်နေအိမ် မှတဆင့် ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီ တော်သို့ ထွက်ခွာလာရာလမ်း တစ်လျှောက်တွင် ကျောက်တန်း မြို့မဈေးကြီးမှ ဈေးသူ၊ ဈေးသား များကလည်းကောင်း၊ ကျိုက်မှော် ၀န်းရေလယ်စေတီတော်ရှိဒေသခံ ပြည်သူများနှင့် အနယ်နယ်အရပ် ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် ဈေးသည်များက ၀မ်းပန်းတသာ ဖြင့်ပန်းစည်းပန်းကုံးများကမ်းလှမ်း ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ဦးခင် ညွှန့်နှင့် ဇနီးဒေါက်တာဒေါ်ခင် ၀င်းရွှေမိသားစုတို့သည် ကျိုက် မှော်ဝန်းရေလယ်စေတီတော်၊ ငါး ထပ်ဘုရားကြီး၊ ဦးခင်ညွှန့်၏မိခင် နှင့်ဖခင်တို့ဖြစ်သော ဦးဘညွှန့်၊ ဒေါ်စိန်ရှင်တို့လှူဒါန်းခဲ့သည့် ပဉ္စလောဟာဘုရားတို့အားအာရုံ ခံတန်ဆောင်းကြီးပေါ်တွင် ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတိုင် များဖြင့် ပူဇော်ကန်တော့ခဲ့ပြီး ဦးခင်ညွှန်နှင့်ဒေါက်တာဒေါ်ခင် ၀င်းရွှေမိသားစုတို့လှူဒါန်းခဲ့သည့် အထွဋ်စိန်ဖူးတော်၊ ငှက်မြတ်နား တော်များတင်လှူပူဇော်ခဲ့စဉ်က အခြေအနေများကိုမေးမြန်းဆွေး နွေးခဲ့ရာ ဂေါပကအဖွဲ့မှ ၂၀၀၅ ခုနှစ်တွင် ကျိုက်မှော်ဝန်းရေလယ် စေတီတော် ဘက်စုံမွမ်းမံပြုပြင် ပြီး ရွှေထီးတော်နှင့် အထွဋ်စိန်ဖူး တော်သစ်တင်လှူပူဇော်ခဲ့ပုံကို ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြ သည်။ ကျိုက်မှော်ဝန်းရေလယ် စေတီတော်မှ ပြန်လည်ထွက်ခွာ ပြီးနောက်အမကြီးများ၏နေအိမ် တွင် အနားယူစဉ် မိသားစုများ၊ ဆွေမျိုးသားချင်း မိတ်သင်္ဂဟများ နှင့် ပျော်ရွှင်ကြည်နူးစွာ တွေ့ဆုံ စဉ် ဦးခင်ညွှန့်က မိမိအနေဖြင့် ကျောက်တန်းမြို့ရှိ မူလတန်းက လေးများမှစ၍ တစ်ဆင့်ပြီးတစ် ဆင့် တိုးကာ ပညာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများပေးနိုင်အောင် ကြိုးစားနေကြောင်း ပြောကြားခဲ့ ပြီး ကျောက်တန်းမြို့လူထု ကျန်း မာရေးအတွက်လည်းကူညီထောက် ပံ့ပေးသွားနိုင်ရန် စီစဉ်နေကြောင်း ပြောကြားသွားခဲ့သည်။ မွန်းလွဲ ပိုင်းတွင် ကျောက်တန်းမြို့ အနောက်ပိုင်းရပ်ကွက်ရှိ ဥက္ကဋ္ဌာ ရာမကျောင်းဆရာတော်ဦးဝိစိတ္တ အား ဖူးမျှော်ကြည်ညိုခဲ့ပြီး ငယ် စဉ်က မူလတန်းပညာသင်ကြားခဲ့ သည့် မြို့မအလယ်တန်းကျောင်း သို့ သွားရောက်ကြည့်ရှုခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်း သား၊ ကျောင်းသူလေးများကကြို ဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ကျောက်တန်းမြို့ ဘိုးဘွားရိပ်သာ သို့သွားရောက်ခဲ့ပြီး ဆောက်လုပ် ဆဲ ဘိုးဘွားနာမကျန်းဆောင် အတွက် အလှူငွေများ လှူဒါန်း ခြင်း၊အဘိုးအဘွားများတစ်ဦးခြင်း စီကို အလှူငွေများလှူဒါန်းခြင်း များပြုလုပ်ခဲ့သည်။
ဆက်လက်၍ ဦးခင်ညွှန့်နှင့် ဒေါက်တာဒေါ်ခင်ဝင်းရွှေမိသားစု တို့သည် ကျောက်တန်းမြို့၊ ရှေး ဟောင်းသမိုင်းဝင် ကျိုက်ပါဒကြီး ဆံတော်ရှင်စေတီတော်ကြီးသို့ သွားရောက်ဖူးမျှော်ကြရာ စေတီ တော်ဂေါပကအဖွဲ့နှင့် ပါဒကြီးစံ ပြကျေးရွာမှလူထုက ပန်းစည်း၊ ပန်းကုံးများဖြင့် ကြိုဆိုကြရာခရေ ပန်းသည်လေး မခင်မြလွင်က ခရေပန်းဆိုတာလန်းနေရင်လည်း မွှေး၊ နွမ်းနေရင်လည်းမွှေးပါတယ် ဟုဆိုရာ ခရေပန်းကုံးဖြင့်စွပ်၍ ကြိုဆိုခဲ့သည်ကို ဦးခင်ညွှန့်က ““ဘဘလည်း အမြဲတမ်းမွှေးနိုင် အောင်ကြိုးစားနေပါတယ်”” ဟု ပြန်လည်ပြောကြားခဲ့ရာ ကြိုဆို နေကြသူများ ပွဲကျခဲ့ကြသည်။ ဦးခင်ညွှန့်က ကျိုက်ပါဒကြီးဆံ တော်ရှင်စေတီတော်မြတ်ကြီးအား နာဂစ်မုန်တိုင်းကြောင့် အနည်း ငယ်ယိုယွင်းနေသော ထီးတော် ကြီးအား ပြန်လည်ပြုပြင်သွား မည်ဖြစ်ကြောင်းနှင့် ရွှေချခြင်း လုပ်ငန်းများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့နှင့် ကြိုဆိုသူများအား ပြောကြားခဲ့ သည်။ထို့နောက်စေတီတော်အား လက်ယာရစ်ပူဇော်ပြီးအရှေ့ဘက် မုခ် ကျောက်ဆင်းတုကိုယ်တော် ကြီးအား ပန်း၊ ဆီမီး၊ ရေချမ်း၊ အ မွှေးနံ့သာတိုင်တို့ဖြင့် ပူဇော်ခဲ့ သည်။ ထို့နောက် ညနေ သုံးနာရီ ခွဲတွင် ကြိုဆိုကြသူများအားနှုတ် ဆက်ကာ ကျောက်တန်းမြို့မှပြန် လည်ထွက်ခွာသွားခဲ့သည်။


ံHot News

6 comments:

ဝမ်းသာတယ်ဗျာ... မင်းကိုနိုင်တို့၊ အညုတို့လို အပြောသမားတွေချည်း နာမည်ကြီးနေတဲ့ မြန်မာပြည်မှာ ဦးခင်ညွန့်တို့လို တကယ်အလုပ်နဲ့ လုပ်ပြခဲ့တဲ့ အရည်အချင်းရှိတဲ့လူတွေက သိုးမည်းတွေကြားထဲ သိုးဖြူရောက်နေသလိုဖြစ်နေတော့ ဝိုင်းပြီး တိုက်ခိုက်ခံရ၊ ရှုတ်ချခံရ၊ အဆဲခံရတာ မဆန်းပါဘူး..။ တကယ်တမ်းသာ ဦးခင်ညွန့်ကို လူတွေက မုန်းနေကြည့်ပါ့လား... ဒီလို သွားမတဲ့လား၊ သွားရဲမတဲ့လား ??? အခုတော့ သူ့လုပ်ရပ်သူ လိပ်ပြာလုံတယ်... သူ့သတ္တိနဲ့သူ သွားတယ်၊ လာတယ်... ဘယ်မှာလဲ အညုတို့လို ဘေးကနေ ဝိုင်းကြီးပတ်ပတ် လုပ်ပေးကြတဲ့လူတွေ... ဘယ်မှာလဲ ဝိုင်းရံပါ၊ ဝိုင်းကြီးပတ်ပတ်လုပ်ပါနဲ့ သေမတတ်အော်ပေးနေကြတဲ့လူတွေ... ??? တကယ်တမ်း အညုတို့ရေ.... မင်းတို့ ရှက်တတ်ရင် ဦးခင်ညွန့်ချီးကို သွားစားဖို့ကောင်းနေပြီနော်... ဟားဟားဟား...။

yes , yes ,, commenter . you 're right.

ကောင်းလိုက်တဲ.Comment

ဦးခင်ညွန်းချီးကို ဒေါ်စုကျွေးရမယ်။ ဒါမှဒေါ်စုလဲ အတွေးအခေါ် ရလာမယ် ။်နိုင်ငံရေးမလုပ်တော့ဘဲဒေါ်စုလဲစီးပွားရေးလိုက်လုပ်လိမ့်မယ်။ အရင်ကတည်းက နိုင်ငံရေးမလုပ်ဘဲစီးပွားရေးတာလုပ်ခဲ့မယ်ဆိုရင်ဒေါ်စုလဲတော်တော်လေးကိုချမ်းသာနေပြီ။

Those comments are still in a dark age like Morsi's approach for democracy in Egypt.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်