Subscribe to our RSS Feed

ရန်ကုန်လေဆိပ်ကို ဗုံးခွဲရန် ကြံစည်သူများ ဖမ်းမိ


လှည်းတန်းဈေးအိမ်သာအတွင်း ဗုံးခွဲမှုများနှင့် သက်ဆိုင်သည့် သူနှစ်ဦးကို ကညန ရုံးရှေ့ အငှားယာဉ်ပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကိစ္စကိုစစ်ဆေးရာမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အငှားယာဉ်ငှားရမ်းပြီး ဗုံးခွဲရန်ကြံစည်ခဲ့သည့် အစီအစဉ်တွင် အကြံပေးခဲ့သော စာရွက်စာတမ်းအထောက်အထားများကို သင်္ဃန်းကျွန်းရဲစခန်းမှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ သင်္ဃန်းကျွန်းရဲစခန်းမှ လှည်းတန်းဈေးအိမ်သာအတွင်း ဗုံးခွဲမှုများနှင့် သက်ဆိုင်သည့်သူနှစ်ဦးဖြစ်သည့် ကတုံး(ခ) ဇော်သက်အောင် (ကဝမြို့နယ်နေသူ) တို့နှင့် အောင်ကို မင်း(ခ) နေမျိုးသူရအောင် (သာယာဝတီမြို့နယ်နေသူ) နှစ်ဦးကိုစစ်ဆေးရာမှ ယခုကဲ့သို့ အထောက်အထားအချက်အလက်များကို သိရှိရခြင်းဖြစ်သည်။ “သူတို့ အဖွဲ့က လေးဦး၊ လေးဦးထဲက အခုနှစ်ဦးက ထိုင်းနိုင်ငံမဲဆောက်မြို့အခြေစိုက်တဲ့ VBSW အဖွဲ့မှာ ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့တဲ့အပြင် သင်တန်းပို့ချခြင်းတွေကိုပါ ပြုလုပ်ခဲ့တယ်လို့ စစ်ဆေးသိရှိရတယ်။ သူတို့နှစ်ဦးက လှည်းတန်းဈေးအိမ်သာ ဗုံးဖောက်ခွဲမှု၊ အငှားယာဉ်ပေါ်မှာ ပေါက်ကွဲမှု၊ မြို့တော် ခန်းမအတွင်း ဗုံးတွေ့ရှိမှု စတဲ့ကိစ္စတွေမှာလဲ အဓိက ပါဝင်ပတ်သက်တယ်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ ၎င်းတို့နှစ်ဦးသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း ပြည်သူလူထုက အထိတ်တလန့်ဖြစ်အောင် ရုန့်ရင်းကြမ်းတမ်းမှု ခြိမ်းခြောက်မှုများကို ကျူးလွန်လေ့ရှိသည့် ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် စွမ်းအားမြင့်ကျောင်းသားများအဖွဲ့ အစည်း (VBSW) မှ အဖွဲ့ဝင်များဖြစ်သည်။ သင်္ကန်းကျွန်းရဲစခန်းမှ ၎င်းတို့ နှစ်ဦးကို (ပ)၅၁၂/၁၁ ပုဒ်မ၂၈၆/၃၃၈/၃၀၂ အမှုအား စစ်ဆေးရာမှ ယခုကဲ့သို့ အရေးတကြီး သက်ဆိုင်သည့်ကိစ္စများကို သိရှိခဲ့ခြင်းဖြစ်ရာ သင်္ကန်းကျွန်းရဲစခန်းမှ (ပ)၇၂/၁၂ မတရားအသင်း အက်ဥပဒေနှင့် ပုဒ်မ ၁၇ (၁) ဖြင့် ဇန်နဝါရီ ၁၈ ရက်က ထပ်မံစစ်ဆေးလျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်