Subscribe to our RSS Feed

ဒုဗ္ဗစ ပုဂ္ဂိုလ် ရွှေညဝါ ဘုန်းကြီးအမှု မနက်ဖြန်ကြားနာမည်


မြန်မာနိုင်ငံပြည်သူများသာမက တကမ္ဘာလုံးက ဗုဒ္ဓဘာသာဝင်တွေအားလုံး လေးစားကြည်ညိုရတဲ့ ဝါရင့် ဆရာတော်ကြီးများနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ရဲ့ ဆိုဆုံးမမှုကို မထီမဲ့မြင်ပြုကာ လက်တလုံးခြားလုပ်မှုကြောင့် ဒုဗ္ဗစ ပုဂ္ဂိုလ် အဖြစ် ကြေညာခံရသူ ရွှေညဝါ ဘုန်းကြီးအမှုကို မနက်ဖြန်ကြားနာမယ်လို့ သိရပါတယ်။

ရွှေညာဝါ ဘုန်းကြီးဟာ ဘုန်းကြီးဖြစ်ပါလျှက်နဲ့ ဘုန်းကြီးအလုပ်မလုပ်မှု၊ စာတတ်၊ ပေတတ် ဆရာတော်ကြီးများကို မထီမဲ့မြင်ပြုမှုတွေကြောင့် ၂၀၁၀ ခုနှစ် ဇန်နဝါရီလ တုန်းက စပြီး တရားဟောခွင့် တစ်နှစ် အပိတ်ခံထားရပါတယ်။ ဒါပေမယ့်လည်း ရွှေညဝါ ဘုန်းကြီးဟာ သင်္ဃန်းဝတ်ဖြစ်နေပါလျှက်နှင့် ဝါရင့် ဆရာတော်ကြီးတွေရဲ့ စကားကို မထီမဲ့မြင်ပြုကာ တစ်နှစ်မပြည့်ခင်မှာ လက်တလုံးခြားလုပ်ပြီး တရားဟောပွဲတွေ ကျင်းပခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ ဝါရင့် ဆရာတော်ကြီး ၄၈ ပါးရဲ့ အစည်းအဝေးက ဒုဗ္ဗစ ပုဂ္ဂိုလ် အဖြစ် ကြေညာခြင်းခံခဲ့ရပါတယ်။

ကြေညာခံအပြီးမှာ ရွှေညဝါဘုန်းကြီးက အမြင်မှန်ရပြီး တောင်းပန်စာတွေ ပို့ခဲ့ပေမယ့် သံဃမဟာနယက အဖွဲ့က ပယ်ချခဲ့ပါတယ်။ မနက်ဖြန် ၁၉ ရက်နေ့မှာ ဒုဗ္ဗစ ပုဂ္ဂိုလ် ရွှေညဝါ ဘုန်းကြီးကို တိုင်းသံဃနာယကအဖွဲ့သို့ လာရောက်ရန် ဆင့်ခေါ်ထားပြီး ကြားနာမည်ဖြစ်ကြောင်း ဖိတ်စာပို့ခဲ့တယ်လို့ သိရပါတယ်။


ဘုန်းကြီးကျောင်းတွင် မိန်းမပုံထောင်ထားသော ဒုဗ္ဗစ ပုဂ္ဂိုလ် ရွှေညဝါ ဘုန်းကြီး

1 comments:

ဘုန်းကြီးလုပ်သင့်တဲ့အလုပ်လားကွယ်..

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်