Subscribe to our RSS Feed

အစိုးရ၀န်ထမ်းများ အရစ်ကျ စနစ်ဖြင့် ကားဝယ်နိုင်


အာမခံ စနစ် မလိုပဲ အရစ်ကျ စနစ်ဖြင့် အစိုးရ၀န်ထမ်းများအား ပြည်တွင်းထုတ် မော်တော် ယာဉ်များကို ရောင်းချပေးသွားမည် ဟု အားမာန်သစ် ကားထုတ်လုပ်ရေးမှ တာဝန်ရှိသူ က ဇန်န၀ါရီလ ၁၉ ရက်နေ့ တွင်ပြောသည်။ နိုင်ငံ့ ၀န်ထမ်းဖြစ်ကြောင်း သက်သေခံလက်မှတ် ရှိရမယ်။ ဘယ်ဌာန ဘယ်အဆင့်ဖြစ်ဖြစ်ရောင်းချပေးသွားမယ် ဟု ၄င်းကပြောသည်။ ရန်ကုန်၊ မန္တလေး နှစ်နေရာ၌ အရောင်းပြခန်း ဖွင့်လှစ်ကာ ရောင်းချပေးသွားမည်ဖြစ်ပြီး ၀ယ်ယူသူ အနေဖြင့် ယာဉ်တန်ဖိုး၏ တစ်ဝက်ကိုဦးစွာပေးချေရမည်ဟု သိရသည်။ ထိုသို့  ရောင်းချပေးမည့် ကားများမှာ ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) လိုင်စင် အပြီးအစီး ဖြစ်ကြောင်းသိရသည်။ အားမာန်သစ် ကားထုတ်လုပ်ရေးမှ Light Truck အမျိုးအစားတူ AMTOB အား ကျပ် ၁၂၃ သိန်း၊ MTO 16 အား ကျပ် ၉၈ သိန်း၊ MINI BUS အားကျပ်သိန်း ၅၀ ဖြင့် ဇန်န၀ါရီလ ၁၉ ရက်မှ ၂၂ ရက်နေ့ အထိ မင်းဓမ္မလမ်း MCC ခန်းမ ကားပြပွဲ တွင် ရောင်းချခဲ့ ကြောင်း သိရသည်။

1 comments:

MyanmarExpress ရေ...ပထမအရစ်ကတော့ တန်ဘိုးရဲ့ ထက်ဝက်ပေးရမှာတော့ဟုတ်ပါပြီ။ နောက်အရစ်တွေက ဘယ်လိုပုံစံနဲ့ ဘယ်လောက်ပေးရမယ်ဆိုတာလေးကော အားလုံးသိနိုင်အောင်တင်ပေးစေချင်ပါတယ်။ (ပရိတ်သတ်တစ်ဦး)

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်