Subscribe to our RSS Feed

နယူးယောက်တိုင်းမ်က ကမ္ဘာ့လည်ပတ်ရန် အကောင်းဆုံး ၄၅ နိုင်ငံတွင် မြန်မာနိုင်ငံကို တတိယနေရာ ဖော်ပြ


ကမ္ဘာပေါ်တွင် လည်ပတ်ရန် အသင့်လျော်ဆုံးနိုင်ငံများစာရင်းကို နယူးယောက်တိုင်းမ် သတင်းစာက နှစ်စဉ်ထုတ်ပြန်လျက်ရှိရာ ယခုနှစ် (၂၀၁၂) အတွက် အကောင်းဆုံး ၄၅ နေရာစာရင်းတွင် မြန်မာနိုင်ငံက တတိယနေရာတွင် ပါဝင်လာခဲ့ပြီး ယင်းသတင်းစာ၏ ပထမဆုံးအကြိမ် ဖော်ပြခြင်းခံရခြင်းဖြစ်ကြောင်း သိရသည်။ နယူးယောက်တိုင်းမ် သတင်းစာ၏ ဖော်ပြသော ၄၅ နိုင်ငံမှာ အမေရိကန်ပြည်ထောင်စု ပနားမားဒေသ၊ ဖင်လန်နိုင်ငံ ဟယ်ဆင်ကီ( Helsinki) နှင့် မြန်မာနိုင်ငံ နေရာအနှံ့တို့သည် အစဉ်လိုက်ရှိနေပြီး အရှေ့တောင်အာရှနှင့် အာရှနိုင်ငံများမှနာမည်ကြီး တိုကျို၊ တိဘက်လားရှားဒေသ၊ ဟာလောင်းပင်လယ်အော်၊ အိန္ဒိယကီရာလ (Kerala)၊ ကမ္ဘောဒီးယား၊ Koh Rong၊ တောင်ကိုရီးယား အစရှိသည်တို့မှာ အဆင့် ၅ အောက်တွင်သာ ရရှိခဲ့ကြသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံအနေဖြင့် တတိယနေရာအထိ ပထမဆုံးအကြိမ် ရွေးချယ်ဖော်ပြခံရခြင်း အကြောင်းရင်းမှာ ကမ္ဘာနှင့်နှစ်ပေါင်းများစွာ ဆက်ဆံရေးပြတ်တောက်မှုရှိနေရာမှ မြန်မာနိုင်ငံ၏ ပွင့်လင်းလာမှု၊ ပြုပြင်ပြောင်းလဲမှုများနှင့် ကမ္ဘာလောကအလယ်သို့ ပြန်လည် ဝင်ရောက်လာခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံအစိုးရက အသိအမှတ်ပြု တွေ့ဆုံဆွေးနွေးလာခြင်းများကြောင့်ဖြစ်ကြောင်း သိရသည်။ နယူးယာက်တိုင်းမ်က ဖော်ပြမှုတွင် မြန်မာနိုင်ငံမှ ထင်ရှားသော နေရာများအဖြစ် ရွှေရောင်ဘုရားများရှိသော ဗုဒ္ဓတိုင်းပြည်၊ အင်းလေးကန်ဒေသ အလှအပများ၊ ငပလီကမ်းခြေဒေသ၊ ဘင်္ဂလားပင်လယ်အော်မြင်ကွင်းများ၊ Amara Ocean Resort မှ မြင်ရသည့်ကမ်းခြေဒေသ ပင်လယ်ပြင်နှင့် ဧရာဝတီမြစ်တစ်လျှောက် အပန်းဖြေနိုင်သော နေရာမျိုးစုံတို့ကို ဖော်ပြထားသည်ကို တွေ့ရသည်။ ယင်းအပြင် နယူးယောက်တိုင်းမ် သတင်းစာက ဈေးဝယ်ရန်အကောင်းဆုံးတိုင်းပြည်စာရင်းတွင်လည်း မြန်မာနိုင်ငံမှ ယွန်းထည်များဝယ်ယူရခြင်းအကြောင်းကို သီးသန့် စာမျက်နှာတစ်ခုဖြင့် ဖော်ပြထားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်