Subscribe to our RSS Feed

နိုင်ငံရေး လုပ်ဆောင်မည့်အစား ဗုဒ္ဓဘာသာ သာသနာတော်ပြန့်ပွားအောင်လုပ်ဆောင်မှုသည် ပိုမိုသင့်တော်ကြောင်း


by အမေ့သားဘဂျမ်း ကြီး on Wednesday, 18 January 2012 at 21:57

ခု လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေးကြောင့် အကျဥ်းကျခံနေရတဲ့ ဆရာတော်တွေ နိုင်ငံရေးတရားဟောလို့ အပြစ်ပေးခံရတဲ့ ဆရာတော်တွေ ကို ဖေ့ဘွတ်စာမျက်နှာတွေမှာ တဖြည်းဖြည်းနဲ့ တွေ့ရတာများလာတော့ အဲ့ဒီဆရာတော်တွေကို လျှောက်ထားခြင်စိတ်လေး ဖြစ်ပေါ်လာပါတယ်

တပ့ည်တော်တို့ မြန်မာနိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓဘာသာ ကိုးကွယ်တဲ့နိုင်ငံဖြစ်ပါတယ် ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံဆိုတာက လက်ချိုးရေလို့ရအောင်ကိုပင် တော်တော်လေးကိုနည်းပါးပီးတော့ တစ်ချို့နိုင်ငံတွေမှာဆိုရင် ဗုဒ္ဓဘာသာဆိုတာ ဘာမှန်းကို မသိကြပါဘူး တစ်ချို့နိုင်ငံများဆိုရင် အရင်က ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ပီးတော့ နောက်ပိုင်းမှာ တစ်ခြားဘာသာတွေကို ကူးပြောင်းသွားကြတဲ့ နိုင်ငံတွေလည်းရှိတယ်ဆိုတာ အရှင်ဘုရားတို့လည်း သိထားပီးသားပါဘုရားး

ကမ္ဘာနိုင်ငံတွေကိုမကြည့်ပါနဲ့ဦးဘုရား တပည့်တော်တို့ မြန်မာနိုင်ငံအတွင်းမှာတင် ဗုဒ္ဓဘာသာ ကိုမသိတဲ့နေရာဒေသတွေများကြီးရှိနေပီး တဖြည်းဖြည်းနဲ့ နဂိုကိုးကွယ်ခဲ့တဲ့ နေရာဒေသတွေကပါ ယိမ်းယိုင်နိုင်တဲ့အနေအထားကို ရောက်မှန်းမသိရောက်ရှိနေခဲ့ပါတယ်ဘုရား၊ ဒါကြောင့် တပည့်တော်တို့ နိုင်ငံအတွင်းမှာ သာသနာတော်မပြန့်ပွားသေးတဲ့ နေရာဒေသတွေကို သာသနာတော်ပြန့်ပွားစေဖို့ သာသနာပြုနိုင်ဖို့လိုအပ်နေပါတယ်ဘုရား

အရှင်ဘုရားတို့အနေနဲ့ ပြည်သူပြည်သားတွေရဲ့ လိုအပ်ချက်တွေအတွက် တစ်တက်တစ်အား ပါဝင်လုပ်ဆောင်ပေးနေတာတွေ ကတော့ ကြည်ညိုစရာပါပဲဘုရား ၊ ဒါပေမယ့် ပြည်သူလူထုရဲ့လိုလားချက်တွေကို ပြည်သူလူထုထဲက ခေါင်းဆောင်တွေ ပြည်သူလူထု အားကိုးရတဲ့သူတွေက လက်ရှိမှာ ပူးပေါင်းဆောင်ရွက်မှုတွေ နဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို လုပ်ဆောင်နေလျှက်ရှိပြီး ပြောင်းလည်းမှုတွေလည်း တစ်ဖြည်းဖြည်း နဲ့ ကြုံတွေ့နေရပါပီဘုရား

တပည့်တော် အဓိက လျှောက်လိုတာကတော့ ဆရာတော်ဘုရားတို့အနေနဲ့ ယခုလို နိုင်ငံရေးပါတီတွေနဲ့အပြိုင် နိုင်ငံရေးလောကအတွင်း ၀င်ရောက်နေမှုများ ၊ နိုင်ငံရေးကြောင့် ထောင်ထဲေ၇ာက်မှုများ ဖြစ်နေမယ့်အစား တပည့်တော်တို့ မြန်မာနိုင်ငံရဲ့ နယ်စွန်နယ်ဖျားတွေမှာ တစ်ခြား တိုင်းတစ်ပါးရဲ့ ဘာသာတွေစိုးမိုးမှု ကွယ်ပျောက်ရအောင်၊ ကမ္ဘာမှာ ဗုဒ္ဓဘာသာသာသနာတော် ထွန်းကားပြန့်ပွားအောင် ၊ မြတ်စွာဘုရားရှင်ရဲ့ ဒေသနာတော်တွေကို မြန်မာပြည်သူပြည်သားတွေသာမက တိုင်းတစ်ပါးသားတွေကပါ သိရှိနားလည်ရလေအောင် သာသနာသူရဲကောင်းများအဖြစ်လုပ်ဆောင်ပေးပါက ပိုမို သင့်တော်မည်ဖြစ်ကြောင်း တပည့်တော်တစ်ဦးတည်း အမြင်ဖြင့် ရိုသေစွာဖြင့်လျှောက်ထားအပ်ပါတယ်ဘုရားး

ဘဂျမ်းကြီး

2 comments:

ထူးထူးဟန်နဲ့တောင်ဆင်သေးတယ်။ ဘယ်သူနဲ့တူလဲလို့စဉ်းစားနေတာ ခုမှဘဲအဖြေပေါ်တော့တယ်။

ag kyaw
that's suitable comment for sitution of Myanmar and we 'ld be think of this issue.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်