Subscribe to our RSS Feed

NDF ပါတီ ကြားဖြတ်ရွေးကောက်ပွဲတွင် ၁၂ နေရာဝင်ရောက်ယှဉ်ပြိုင်မည်



အမျိုးသားဒီမိုကရေစီ အင်အားစုပါတီအနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲများတွင် ၁၂ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ဝင်ရောက်ယှဉ်ပြိုင်မည့်နေရာများကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ များတွင် ၀င်ရောက်ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အပြီးသတ်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲများတွင် ၀င်ရောက်ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ ကချင်ပြည်နယ်တွင် ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဒေါ်ဘောက်ဂျာ၊ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဦးမြတ်မိုးမြင့်၊ ပဲခူးတိုင်းဒေသ ကြီး တောင်ငူမြို့နယ် ပြည်သူ့လွှတ် တော်မဲဆန္ဒနယ်တွင် ဦးဝင်းထွန်း၊ လက်ပံတန်းမြို့နယ် ပြည်သူ့လွှတ် တော်မဲဆန္ဒနယ်တွင် ဒေါ်နန်းကြူ သန်းဝင်း၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ပြည်သူ့လွှတ် တော်မဲဆန္ဒနယ်တွင်ဦးကျော်အောင်၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဦး ကျော်စိန်ဟန်၊ ရန်ကုန်တိုင်းဒေသ ကြီး မရမ်းကုန်းမြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်တွင် ဒေါ်ခင်ဖြူ ဖြူငြိမ်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့ နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဦးကြီးမြင့်၊ သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဦးကြည်သန်း၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဦးအောင်မျိုးလှိုင်၊ ပုသိမ်မြို့နယ် ပြည်သူ့လွှတ် တော် မဲဆန္ဒနယ်တွင် ဦးတင်ဝင်း၊ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဒေါ်ခင်စုစုအောင်တို့ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်