Subscribe to our RSS Feed

လူငယ်နဲ့နိုင်ငံရေး (ပေးစာ - ၈၈)



ဒါလေး က အပြစ်တင်ရူတ်ချတာလည်းမဟုတ်ပါ မကောင်းမြင်လည်းမဟုတ်ပါ ကျွန်တော့်အမြင်လေး ဖြစ်တဲ့အတွက် မှားယွင်းနိုင်ပါတယ် မှားတယ်ဆိုရင်လညး ကျွန်တော်မရင့်ကျက်လို့လို့ပဲနားလည်ပေးစေချင်ပါတယ် နောက်တခု ကတော့ မှားခဲ့ရင်တောင်စေတနာအမှားပဲဖြစ်မှာပါ ယနေ့မြန်မာနိုင်ငံမှာ လူငယ်တွေရဲ့လေးစားလောက်တဲ့အချက် က နိုင်ငံရေးကိုတော်တော်လေးစိတ်ပါဝင်စားကြတာပါ ပဲ ဒါဟာကောင်းလား လို့မေးတဲ့အချိန်မှာ တချို့ကတော့ ကောင်းတယ်လို့ဖြေမှာပဲ တချို့ကတော့ မကောင်းဘူးလို့ ဖြေမှာပဲ။ ကျွန်တော် ကတော့ လုံးဝမကောင်းဘူးလို့ ပဲဖြေချင်ပါတယ်။ လူငယ်တိုင်း ဟာမိမိနိုင်ငံ အကြောင်း မိမိ တိုင်းပြည် အကြောင်းကို ဘာမဆိုသိရမယ် အဲဒါမှန်ပါတယ် ဒါပေမဲ့နိုင်ငံရေးကိုစိတ်ဝင်စားသွားရင်မကောင်းတော့ဘူး ယနေ့ ကြုံတွေ့နေရတာတွေဟာ လူငယ်တော်တော်များများ ဟာအင်တာနက်စာမျက်နှာပေါမှာရော တခြား သောနေရာ မျိုးစုံမှာပါ မိမိတို့နိုင်ငံတိုးတက်ရေးဆိုပြီးတော့ ဒီမိုကရေစီ စ သည်ဖြင့်ပေါ့ ပြောဆိုက အမျိုးမျိုး ဝေဖန်မူ့တွေ လုပ် နိုင်ငံတော်အ စိုးရဘယ်သူဖြစ်ဖြစ် မကောင်းပြောရမယ် ဆိုတဲ့ သဘောမျိုးလို့ထင်ရလောက်အောင် ကိုဝေဖန် နေတာတွေကို ဝမ်းနည်းဖွယ် တွေ့ရပါတယ် ။ နိုင်ငံတခု တိုးတက်ဖို့ ကျရုံးဖို့ဆိုတာ တသီးပုဂ္ဂလနဲ့လုပ်လို့ မရပါဘူး ကျွန်တော်တို့သိထားရမှာက အားလုံးတနိုင်ငံလုံး ပြည်သူတွေပါ အားလုံး ကြိုးစားမှတိုးတက်မှာပါ နိုင်ငံတော်ဆင်းရဲတာ ဟာတာဝန် ရှိတာ အစိုးရမှန်ပါတယ် ဒါပေမဲ့ တာဝန်အရှီဆုံးကိုပြပါဆိုရင် မိမိကိုယ်တိုင်ပါပဲ ။ မိမိရဲ့တိုင်းပြည် တိုးတက် ချင်တယ်ဆိုရင် မိမိကြိုးစားရပါမယ်။ ကြိုးစားတယ်ဆိုတာဟာ ဘယ်အစိုးရတက်တက်ကွာ ဘာတွေလုပ်မှန်းမသိဘူး အသုံးကိုမကျ ဘူး စသည်ဖြင့်ပေါ့ ဝေဖန်ပြီး လုပ်နေဖို့ကိုမပြောပါဘူး ။ မိမိရဲ့တာဝန်ကိုကျေပွန်ဖို့ကို ပဲပြောချင် တာပါ မိမိတာဝန်ဆိုတဲ့နေရာမှာလူတိုင်းမှာ တိုင်းပြည်နဲ့ပတ်သက်ပြီး တာဝန်ရှီတယ်အဲဒါက ယခုမိမိလုပ်နေတဲ့အလုပ်ကို ကြိုး စားဖို့ပါ။ ကျောင်းသားကလည်းကျောင်းစာကိုကြိုးစားရမယ် ဆရာဝန်ကလည်းဆေးကုတာကို စေတနာတရားထက်သန် စွာနဲ့ လုပ်ရမယ် အင်ဂျင်နီယာကလည်းမိမိနိုင်ငံအတွက် ဘယ်လိုနည်းပညာတွေဘယ်လိုလုပ်မယ်ဆိုတဲ့ စိတ်ကူးမျိုး ပေါ့ အိမ်ထောင်တခုမှာဆိုလည်း စီးပွားရှာတဲ့သူ က မိမိအိမ်စီးပွားရေးကို အောင်မြင်အောင်လုပ်မယ်ဆိုတာမျိုး မိမိရဲ့ တာဝန်ကို မိမိကျေပွန်ရမှာပါ။ နိုင်ငံဆင်းရဲတယ်ဆိုတဲ့အချက်ထဲမှာ ကျွန်တော်တို့နိုင်ငံ ဟာအင်မတန်မှာ လူဝေဖန်မှာကို ကြောက်ကြသလို လူတိုင်းကလည်း ဝေဖန် တာကိုအင်မတန်ကြိုက်ကြပါတယ်။ တခြားနိုင်ငံတွေချမ်းသာတာကိုသွားမ ကြည့်ပါနဲ့ သူတို့ ကအိမ်တအိမ်မှာ မိသားစု လေးယောက်ရှိရင် 18 နှစ်ပြည့်ပြီးသူတိုင်းလေးယောက်လုံးအလုပ်လုပ် တယ် ကျွန်တော်တို့နိုင်ငံရဲ့ အတွေးအခေါက အဲလိုမဟုတ်ပြန်ဘူး အိမ်ထောင်တခု ရဲ့ တာဝန်ဟာ ခင်ပွန်းတယောက်ပဲ အရေးကြီးတယ်လို့တွက်တယ် ကျန်တဲ့သူက အိမ်မှာ ပဲနေထိုငိစားတယ် (အားလုံးကိုဆိုလိုချင်တာမဟုတ်ပါ) မိန်းကလေးများကို ရည်ရွယ်တာလည်းမဟုတ်ပါ ။ တချို့ဆိုအဖေက အသက်လေးဆယ်ကျော်အလုပ်လုပ်လို့သား ကအသက်နှစ်ဆယ်ဘာ အလုပ်မှမလုပ်ဘူးစသည်ဖြင့်ပြောတာပါ။ တခြားနိုင်ငံတွေမှာကိုယ်လုပ်မှ ကိုယ်စားရတာပါ။ ဒီနေရာမှာပြောစရာရှိတာက အလုပ်အကိုင်အခွင့်အလမ်းပေါ့နော်အလုပ်လုပ်ချင်တယ် အစိုးရကဘာမှလုပ်မပေးနိုင် လို့ လုပ်စရာမရျိဘူးဆိုပြီး ပြောကြပါတယ် ဒါမှန်သင့်သလောက်မှန်ပါတယ် ကျွန်တော်တို့လူမျိုးဟာအင်မတန်မှလူ အထင်သေးမှာကို ကြောက်ပါတယ် အလုပ်ရှာပြီဆိုရင် အလွန်ရွေးပါတယ် (စားပွဲထိုးတို့ တခြားစရင်းကိုင်လောက်) ဘာ ညာဆိုမလုပ်ချင်တော့ဘူး သူများကဲ့၇ဲ့မှာဆိုးတယ် ။ရှက်ကြပါတယ် ။နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့သူတွေရှိပါ တယ်သူတို့ဆီမှာ အဲလိုအလုပ်လုပ်လို့ ကဲံရဲ့လားဆိုတာကို မေးကြည့်ပါ။ အလုပ်လုပ်တာရှက်စရာမဟုတ်ပါဘူး ဘယ်အလုပ်ပဲလုပ်လုပ် အလုပ်ကိုယ်ပိုင်ရှိတဲ့သူ ဟာ ဘာပဲဖြစ်ဖြစ်လေးစားစရာကောင်းပါတယ် ။ မြန်မာ လူမျိုးတွေ ဟာရှက်သင့်တာကိုမရှက်ပဲ မရှက်သင့်တာကိုတော့၇ှက်ပါတယ်။ တိုင်းပြည်တိုးတက်ချင်တယ်ဆိုရင် ကိုယ်တိုင်ပြင် ရပါ့မယ်။ အိမ်က အဖေ အမေကအလုပ်လုပ်ပြီး ကိုယ်ကထိုင်စားနေတာကိုမရှက်ပဲနဲ့ တခြားနေရာတွေမှာ သွားရှက် နေတတတ်ပါတယ်။ ကျွန်တော်အကြုံပြုချင်တာက အလုပ်ဟူသမျှ ကောင်းပါတယ် လုပ်ပါ သမာအာဇီဝနဲ့ရတာ ရှက်စရာမလိုပါဘူး ။ လူတိုင်းသာအားလုံးအဲလိုလုပ်ကြည့်ပါ နိုင်ငံချမ်းသာလာမှာပါ ဒါကအခြေခံကျတဲ့အချက်တချ က်ပါ တခြားအများကြီးရှိပါသေးတယ် ။ ကျောင်းသားလူငယ်တွေအနေနဲ့လည်းနိုင်ငံရေးကိုစိတ်ဝင်စားတာ လက်ခံပါတယ် ဒါပေမဲ့မိမိကျောင်းသားတာဝန် ကိုဘယ်လောက်ကျေပြီလဲ ပြန်တွေးကြည့်ပါ အဆင်မပြေတာ တွေကိုဝေဖန်ပြောဆိုနေတာထက်စာရင် ငါဘယ်လို လုပ်မလဲဆိုတာ မျိုးအတွေးနဲ့ ကြိုးစားသင့်ပါတယ် ။ ကျောင်းတွေမှာအဆင်မပြေတာတွေရှိမှာပါ ဒါတွေကို တွေးပြီး ဆဲဆိုနေတာထက်စာရင် မိမိကိုယ်တိုင် လမ်းကြောင်းရှာကြိုးစားသင့်ပါတယ် ။ ဒါတွေကိုတိုင်းပြည်အတွက် လို့မတွေး ပါနဲ့ဦး မိမိအတွက်ဆိုပြီးကြိုးစားကြည့်ပါ ။ကျောင်းတွေမှာ တွေ့ရတာက စာ ဖက်ပိုင်း မှာ roll 1 ရအာင်ပြိုင်တဲ့သူ တွေ တဦးနှစ်ဦးပါပဲ အားလုံးက ရေလိုက်ငါးလိုက်ဖြစ်နေတယ် အားလုံး ကသာအဲနေရာ ကို ရအောင်အပြိုင်အဆိုင် ကြိုးစားကြရင် ကျောင်းသားအားလုံးဟာအရမ်း ကိုအားရစရာကောင်းလာမှာပါ ဒီ roll 1 ဘာလုပ်လို့ရလဲ ဆိုတော့ ဘာမှလုပ်လို့မရပါဘူး ဒါပေမဲ့ ဒါက ကိုယ့်ရဲ့ ability ဘယ်လောက်ရှိလဲဆိုတာကို စမ်းသပ်တဲ့ test လေးပါပဲ အဲလိုသာ ကျောင်းသားတိုင်းကြိုးစားမယ်ဆိုရင် မြန်မာပညာရေးစနစ်လဲမြင့်မားလာမှာပါ စာကြိုးစားတဲ့ သူကိုတော့ ဘယ် ပညာရေးစနစ်ကမှ မကြိုးစားနဲ့လို့မပြောပါဘူး ဒါပေမဲ့ ပညာရေးစနစ်မှာ လိုအပ်ချက်တွေ မှားယွင်းနေတာ တွေရှိ မှာပါ ဒါတွေကိုစိတ်ပျက်နေမဲ့အစား မိမိဘာသာ မိမိ နည်းလမ်းရှာ ကြိုးစား ကြည့်ရင်အားလုံးအောင်မြင်မှာ ပါ ဒီလို စာကိုကြိုးစားတာ ဟာ ဒီမိုကရေစီ ဆိုပြီးအော်ပြီး နိုင်ငံတော်အတွက်လုပ်နေတာထက်စာရင် ခုလိုကြိုးစား ဒါဟာ ကျွန်တော်တို့နိုင်ငံ တိုးတက်ဖို့ကို အထောက်အကူပိုပြုနိုင်မှာပါ တချို့နိုင်ငံ ရေးသမားတွေဟာ ကျောင်းသားတွေ ကို တည်ကျက်အဖြစ်သုံးလာတယ် အဲဒါက မြန်မာနိုင်ငံ ကိုချောက်ထဲကိုဆွဲချနေတာပါ ကျောင်းသားတွေနိုင်ငံရေး လုပ်ပြီ ဆိုကလည်း က နိုင်ငံ ဆင်းရဲတွင်းနက်ပြီးရင်နက်လာမှာပါ တကယ်ဝမ်းနည်းဖို့ကောင်းပါတယ် အဲလို ဟောပြောတာ တွေကြားရတိုင်း တိုင်းပြည်ခွေးဖြစ်မှာပဲလို့  ခင်ဗျားတို့ လူငယ်ကျောင်းသားတွေသာ မိမိရဲ့ကျောင်းစာကို မလုပ်ပဲ အားလုံးသာနိုင်ငံ ရေးလုပ်ကြည့်ပါ ဘယ်ဒီမိုကရေစီပဲရရ ဘယ်အစိုးရပဲတက်တက် နိုင်ငံဟာမွဲနေမှာပါ တိုင်းပြည်ကို လည်းရောင်းစားရာကြပါတယ် နိုင်ငံရဲ့ဆင်းရဲတဲ့အချက်ထဲမှာအရေးကြီးဆုံးက တော့နည်းပညာမရှီတာပါ ကျွန်တော် တို့ တိုင်းပြည်မှာ ဘယ် လောက် သယံဇာတပေါပေါ နည်းပညာမရှိတော့ ကုန်ကြမ်းအဖြစ်သာရောင်းလို့ရတယ်တခြားနိုင်ငံ က နည်းပညာနဲ့ အဲကုန်ကြမ်းတွေကို ပြုပြင်ပြီး ပြောင်းေ၇ာင်းတာကို ဝယ်ရတဲ့ ။အင်မတန်ဝမ်းနည်းစရာ ကောင်းပါတယ်။ တကယ်သာနိုင်ငံကိုတိုးတက် ချင်တယ်ဆိုရင်ဒီမိုကရေစီ အော်နေစရာမလိုပါဘူး နိုင်ငံရေးသမား တွေအော်မှာပါ မိမိက မိမိတာဝန်ကိုကျေဖို့သာလိုပါတယ်။ နည်းပညာဆိုတဲ့နေရာမှာ မိမိရဲ့အလုပ်ပိုတန်ဖိုးထားတာနဲ့လည်းဆိုင်ပါတယ် ဥပမာ ဗျာ ကျွန်တော်တို့နိုင်ငံ ဘိန်းမုန့် လုပ်တယ်ဆိုတာရှိတယ် အဲလိုလုပ်တဲ့အချိန် ရွာတွေမှာ လုပ်ရောင်းကြတယ် လုပ်တဲ့အခါမှာ မိမိအလုပ်ကို ပိုက်ဆံရဖို့ပဲတွေးတယ် ဘယ်လိုတိုးတက်လာောအင်လုပ်မလဲမတွေးပါဘူး ဘိန်းမှန့်လုပ်တဲ့အိုးလေးတွေဆိုတာ ဒီဇိုင်း ကဒီ တမျိုးပဲ နှစ်ဘယ်လောက်ကြာ ကြာ တခြား နိုင်ငံတွေမှာ လည်းအဲလိုဘိန်းမှန့်လိုမျိုးလေးတွေရှိပါတယ် သူတို့ ကအဲဘိန်းမုန့်ကိုပဲ စားချင်စရာလေးဖြစ်လာအောင်အမျိုးမျိုး လေးတွေလုပ်ကြတယ် အိုးလှလှလေးတွေနဲ့ လုပ်တယ် ပုံလေးတွေလှလှလေးတွေထွက်လာတဲ့အချိန် ဈေးကပိုရတယ် စသည်ဖြင့်ပေါ့ ဘယ်နေရမှာမဆို နည်းပညာအင်မတန်အရေးကြီးပါတယ် အတွေးအခေါ အင်မတန်မှလိုအပ်ပါတယ်။ ဒါတွေကိုပြုပြင် ဖို့ဆိုရင် ကျောင်းသားလူငယ်တွေကပဲလုပ်နိုင်ပါတယ် ကျောင်းသားလူငယ်တွေဟာ ဒါမျိုးနိုင်ငံတိုးတက်မဲ့နည်းပညာ မျိုးတွေ အတွေးအခေါမျိုးတွေမှာပဲစိတ်ဝင်စားသင့်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာဖြစ်နေတာလေးတခု ပြောပြချင်ပါတယ်။ ကျောင်းသားတွေဆယ်တန်းအောင်တဲ့အချိန်မှာ ကျောင်း သားလေးတွေဟာအရမ်းဟာနပျိုတက်ကြွပြီး ကြိုးစားချင်စိတ်အပြည့်ရှိနေတဲ့အချိန်မှာ ကျောင်းတွေ university တွေေ၇ာက်လာတဲ့အချိန်မှာ သူတို့ရဲ့စိတ်ဟာ တမျိုးပြောင်းသွားတယ် university ဆိုတာအင်မတန်မှ ပျော်စရာကောင်းတဲ့နေရာကြီးတခုအဖြစ်မြင်လာတယ် အချိန်တန်ကျောင်းလေးမတက်တချက်တက်တချက်လုပ် လိုက် လက်ဘက်ရည်ဆိုင်လေးထိုင်လိုက်ဆေးလိပ်လေးသောက်လိုက် တနေကုန်သူငယ်ချင်းတွေနဲ့စကားထိုင်ပြော လိုက် ညနေပိုင်းဘီယာလေးပြေးဆွဲလိုက် အတွဲလေးနဲ့ သွားလိုက် ညပိုင်းကောင်မလေးတွေအဆောင်ရှေ့မှာ ဂစ်တာလေး တစ်လိုက်နဲ့အင်မတန်စိတ်ချမ်းသာစရာ နေရာအဖြစ်မြင်လာပါတယ် ကျောင်းစာတွေကိုငါဘယ်လိုလုပ် မယ်ဆိုတဲ့အတွေးမျိုး မရှိတော့ဘူး အချိန်တန်အောင်မှာပဲဆိုပြီးတော့ ။ဒါတွေဟာနိုင်ငံတော်ကို ချောက်ထဲဆွဲချနေ တာပါ ကျောင်းသားဘဝ မပျော်ရဘူးမပြောပါဘူး လူငယ် ပါ ဒါပေမဲ့မိမိတာဝန်ဖြစ်တဲ့ ကျောင်းစာကိုကြိုးစားရမှာ ကိုမေ့ထားလို့မရပါဘူး မြန်မာနိုင်ငံမှာ တခြားနိုင်ငံကျောင်းသားတွေအားကျစရာကောင်းတဲ့အချက် ကကိုယ်တိုင် အလုပ်လုပ်ပြီးကျောင်းတက်စရာမလိုပါ မိဘပေးသောပိုက်ဆံကို ထိုင်သုံးပြီးကျောင်းတက်ယုံသာ ဖြစ်ပါသည်။ တခြား နိုင်ငံတွေမှာ ကျောင်းသားတွေဟာအလုပ်မျိုးစုံကျောင်းတက်ရင်းလုပ်ကြပါတယ် ကျောင်းတွေမှာပဲ သန့်ရှင်းရေးပြန်လုပ်တာ ရှိတယ် ပြီးတော့တခြား စားပွဲထိုးတွေ ပါဆယ်ပို့တဲ့သူတွေ လက်မှတ်ဝေတဲ့သူတွေ စသည်ဖြင့်ပေါ့ ဘာမှမရှက်မကြောက်အလုပ်လုပ်ရင်းကျောင်းတက်ကြတယ် ကျွန်တော်တို့နိုင်ငံ မှာ ဘာအလုပ် မှလုပ်စရာမလိုပဲ စာ တခုပဲလုပ်စရာရှိတာတောင်မလုပ်ကြပါဘူး ။ ဒါကပညာရေးစနစ်ကြောင့်လည်းပါတယ် ဒါပေမဲ့ အဓိက က မိမိကိုယ်တိုင်ပါပဲ မိမိခံယူချက်ကိုမိမိပုံသွှုင်းပါတယ် ။ ဒါတွေကိုငြင်းပယ်လို့မရဘူး အခက်အခံ ဘယ်လောက်ရှိရှိ ဘယ်သူလုပ်လုပ်မလုပ်လုပ်ငါလုပ်တယ်ဆိုပြီး ကြိုးစားဖို့လိုပါတယ် ။ လူငယ်တိုင်းသာ အဲလိုအတွေး အခေါမျိုးနဲ့ကြိုးစားရင်တိုင်းပြည်တိုးတက်မှာပါ။ လူငယ်ဟာ တိုင်းပြည်ရဲ့အနာဂါတ်ပါ လူငယ်တွေကောင်းမှတိုင်းပြည်ကောင်းမှာပါ ။ကောင်းတယ်ဆိုတဲ့နေရမှာ အဲလို ထိုင်ပြီး ဝေဖန်ရေးလုပ် ဒီမိုကရေစီအော်နေတာထက် မိမိတာဝန်ကိုကျေ့ပွန်ဖို့ပါ။ တခြားနိုင်ငံတွေမှာ အလုပ်လုပ် နေတဲ့ လူငယ်တွေကိုကြည့်ပြီးအားကျမိပါတယ် သူများနိုင်ငံမှာ ကြိုးစားနိုင်လို့ ဒါပေမဲ့အမြင်တွေက မှားနေကြတယ် သူတို့တိုင်းပြည်ကို တိုးတက်ချင်တဲ့ စေတနာနဲ့ ဝေဖန်တာတွေလုပ် ဆဲဆိုနေတာ တွေတွေ့ရပါတယ် ဒါတွေဟာ တိုင်းပြည်ကိုတိုးတက်ဖို့မဟုတ်ပဲ ချောက်ထဲဆွဲချနေသလိုပါပဲ နိုင်ငံခြားမှာအလုပ်လုပ် နေတဲ့ သူတွေဟာအင်မတန်မှအရေးပါပါ တယ်တိုင်းပြည်အတွက် ပေါ့ တိုင်းပြည်မှာနည်းပညာမရှိဘူး သူတို့ တိုင်းပြည် တိုးတက်စေချင်တယ်ဆိုရင် ဘာမှ ဒီမိုကရေစီလည်းအော်မနေပါနဲ့ ဘာမှလည်းဆဲဆိုဝေဖန်မနေပါနဲ့ မိမိ အလုပ် ကိုမိမိအောင်မြင်အောင်ကြိုးစားပါ တချိန်ကျ ရင် မိမိတိုင်းပြည်ကိုပြန်လာပြီးအလုပ်အကျွေးပြုပါ ။ အုပ်ချုပ်တဲ့ အစိုးရမည်သူဖြစ်ပါစေ မိမိရဲ့အကျင့် တဦးတယောက်ချင်းစီရဲ့စိတ်ဓာတ်မကောင်းရင်တိုင်းပြည်ဆင်းရဲနေမှာပါ တခြား တိုင်းပြည်တွေကိုကြည့်ကြည့်ပါ မိမိတိုင်းပြည်ရဲ့ကောင်းကြောင်းကိုပဲပြောတယ် မကောင်းကြောင်းကို မပြော ဘူး တခြားနိုင်ငံသားက မိမိနိုင်ငံအပေါမှာ အထင်သေးမှာကို အစိုးရကိုမှန်းတယ်ဆိုတဲ့ စိတ်တခုတည်းနဲ့ တိုင်းပြည် ကိုမြောင်းထဲရောက်အောင်မပြောသင့်ပါဘူး တကယ်နိုင်ငံတိုးတက်စေချင်တယ်ဆို၇င် မကောင်းထိုင်ပြောတာတွေလုပ်နေမဲ့အစား မိမိက မိမိတာဝန်ကို ကျေအောင် လုပ်ပေးရပါလိမ့်မယ် ။ တိုင်းပြည်အတွက်လုပ်တယ်ပြောပြီးလမ်းပေါမှာအမှိုက်လေးကျနေတာတောင် ကောက်ပြီးထည့်တတ်တဲ့စိတ်လေးမရှီရင် ဘာမှလုပ်လို့မရပါဘူး ဒီမိုကရေစီဆိုတာ လည်းနိုင်ငံရေါ်စနစ်တခုပါ ဒါပေမဲ့အားလုံးအခြေခံဟာ လူတိုင်းစည်းကမ်းရှိဖို့ပါ ကျွန်တော်တို့နိုင်ငံလောက်လွတ်လပ်တဲ့နိုင်ငံမရှိပါဘူး လမ်းပေါ တွေ့တဲ့နေရာ အမှိုက်ပစ်တယ် ဆေးလိပ်သောက်တယ် ကွမ်းထွေးတယ် ဖမ်းမဲ့သူမရှိဘူး ဒါတွေကို ကိုယ်တိုင်တဦးချင်းပြင်မှ တိုင်းပြည်လည်းတိုးတက်မှာပါ ။ လူငယ်တွေ နိုင်ငံရေးအော်ပြီး ဒီမိုကရေစီလုပ်နေလည်းတိုးတက်မလာပါဘူး ဒီမိုကရေစစ်အရမ်းအောင်မြင်လို့လည်း လူတိုင်းကို အိမ်မှာ ကားတစီး တိုက်တလုံး စားစရာကြက်သားတုန်းလာမပေးပါဘူး အားလုံး ကကိုယ့်ကြိုးစားမူ့ နဲ့ သာရယူနိုင်ပါလိမ့်မယ်။ ဝမ်းနည်းစရာကောင်းတဲ့အချက်တချက်ကို ကြားလိုက်ရပါတယ် ကျောင်းသားဟောင်းနိုင်ငံရေးသမားတွေဟာ ကျောင်းသားတွေကိုပါ နိုင်ငံရေးထဲဆွဲသွင်းချင်တဲ့ ဟောပြောမူ့မျိုး ဒါတွေဟာ တိုင်းပြည်ကိုချစ်ရာမကြပဲ နှစ်ရာ ကြပါတယ် အဲလူတွေ နိုင်ငံရေးရာထူးကြီးကြီးတွေရလာရင် တိုင်းပြည်လည်း ဖာနိုင်ငံဖြစ်သွားလိမ့်မယ် ။ လူငယ် တွေဟာ နိုင်ငံရဲ့ တကယ့်ကိုအသက်သွေးကြောဖြစ်ပါတယ် အဲလူငယ်တွေ သာ နိုင်ငံတိုးတက်ရေးကို မှားယွင်း စွာနဲ့ လုပ်နေမယ်ဆိုရင် တိုင်းပြည်မှာ မည်သူပင်အုပ်ချုပ်ပါစေ ဆင်းရဲမြဲဆင်းရဲမှာပါ။ နောက်ဆုံးအနေနဲ့အကြံပြုလိုသည်မှာ လူငယ်များအနေနဲ့ ဒီမိုကရေစီအော်ပြီး ဝေဖန်ရေးတွေလုပ် နိုင်ငံရေးကို စိတ်ဝင် စားလုပ်နေတာထက်စာရင် တကယ်တိုင်းပြည်တိုးတက်ချင်တယ်ချစ်တယ်ဆိုရင် ယခုမိမိလုပ် နေသော အလုပ်ကိုပဲ အခက်အခဲဘယ်လောက်ရှိရှိ တာဝန်ကျေကျေလုပ်တာက တိုင်းပြည်ကိုပိုချစ်တာဖြစ်ပါတယ်။ ဒါမှလည်းနောင် ဒီလိုအသိညန် မြင့်မားတဲ့လူငယ်တွေလက်ထက်ကြရင် တိုင်းပြည်ဟာ တခြားတိုင်းပြည်တွေထက်သာသွားမှာပါ ။ ယခုရေးသားထားခြင်းမှာ နိုင်ငံရေးကိုစိတ်ဝင်စားလို့လည်းမဟုတ်ပါ အပြစ်တင်ချင်သော ကြောင့်လည်း မဟုတ်ပါ ရေကိုရေလိုထိုးဖောက်မြင်နိုင်စေဖို့ မိမိကိုယ်မိမိ ပြန်သုံးသပ်စေချင်ယုံသက်သက်ပါ တကယ်သာလူငယ်တွေ နိုင်ငံရေးအားလုံးလုပ်နေမယ်ဆိုရင် တိုင်းပြည် ချောက်ထဲကျပြီး ဆင်းရဲနေဦးမှာပါ မျက်နှာငယ် နေရမှာပါ. အားလုံးကိုတိုက်တွန်းလိုသည်မှာ မိမိသည်မိမိသာဖြစ်သည်မိမိအလုပ်တွင်မိမိကြိုးစားခြင်းသည် မိမိအတွက်သာ မက တိုင်းပြည်နိုင်ငံ အတွက်ပါဖြစ်သည်ဆိုတာကိုတိုက်တွန်းလိုပါသည်။

အမှားများရှိခဲ့လျင် စေတနာအမှားသာဖြစ်ပါသဖြင့်အားလုံးပဲနားလည် ပေးနိုင်ပါစေ
ပြည့်ဖြိုး

1 comments:

ကောင်းတယ်ဗျာ အဲဒါလေးးး ကျွန်တော်ကြိုက်တယ် ဘယ်သူမှမပုပ်ခပ်ပြောဆိုခြင်းမဟုတ်ပါ ကျွန်တော် ကျောင်းသားတဦးပါ (စင်ကာပူ) ဒီမိုကရေစီဆိုတာကို နောင်ဖြစ်လာမယ် ညီငယ်လေးတွေစဉ်းစားပါ တွေးခေါ်ပြီးမှ ပြောပါ နိုင်ငံရေးလုပ်ချင်တယ်ဆိုရင်လည်းးးလေ.လာပါ ပြီးမှမကောင်းတာကို ထောက်ပြပါ ဖြစ်သင်.တာလေးတွေကို ထောက်ပြ နိုင်မှကိုယ်နိုင်ငံကြီးတိုးတက်လာမှပါ ညီငယ်လေးတို.ရေ NlD လို လည်းမဖြစ်စေချင်ဘူးးးး သူတို.ကို မပုပ်ခပ်ဘူး ကိုယ်က ဒါပေမဲ. သူတို.လုပ်နေတဲ.... ရည်ရွယ်ချက် ဘာလဲ ဆိုတာကို သူတို.ကိုယ်တိုင် အခုချိန်ထိ လမ်းကြောင်းကို မရွေးနိုင်သေးတာဘဲ ပညာရှိတဲ...လူ တော်တော်များများးပေါ. ကျွန်တော်နိုင်ငံခြားမှာ ပညာသင်နေတဲ..... ကျွန်တော်တို.အရပ်သားတွေစုမိလို....နိုင်ငံရေး အကြောင်းးများပြောမိရင် ဒီလိုပြောကြတယ်ဗျ ....ရည်ရွယ်ချက်မရှိတဲ..... ပညာတတ် နည်းပါးတဲ.... လမ်းပျောက်နေတဲ... နိုင်ငံကြီးကို မငြိမ်မသက်ဖြစ်အောင်လုပ်မဲ..... ၈၈ကိုပြန်သွားချင်တဲ.....လူများးးးအများကြီးပါနေလို.ဘဲ ဖြစ်နေကြတယ်လို. ပြောကြတယ် ပြီးတော.. ပါသေးတယ် သူတို.လုပ်နေတာက တဲ....နိုင်ငံကြီးးးဆူပူဖို. လုပ်နေတာလားးး ပြည်သူထောက်ခံမှုရအောင် လုပ်နေသလားးးတဲ.... ပြီးတော.ပြောသေးတယ် ဒါမှမဟုတ် အာဏာ လိုချင်လို.လားးတဲ.... ပြောလိုက်ပါတယ် ကျွန်တော်ကတော.... တခွန်းထဲနဲ....၀ါးခနဲ..ရယ်သွားကြတယ် ( မဟုတ်ပါဘူးကွာလို.. အဲဒါ သူတို.. စားစရာမရှိလို.) ပါ လို.. ပြောလိုက်တယ် နာချင်လည်းမတတ်နိုင်ဘူးဗျာ ကျွန်တော်တို.လို သမာအာဇီဝနည်းသုံးပြီးရှာလည်းးစားနိုင် သားနဲ..... အဲလိုလုပ်နေတာတော.. ကျွန်တော်တို. ကျောင်းသားတွေ လက်ပိုက်မကြည်.နိုင်တော...ဗျာ NLDမှ ဒီမိုမှ အဖွဲ.သားများးးး ကျွန်တော် ကို ခွင်.လွတ်ကြပါ :D

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်