Subscribe to our RSS Feed

မီးခိုးဗုံးဖြင့် ပစ်ပေါက်ခြင်းကြောင့် အိမ်ဖြူတော်အား ပိတ်ချလိုက်သည်


အင်္ဂါနေ့ (၁၇.၁.၂၀၁၂) ညပိုင်းတွင် အမေရိကန် သမ္မတ၏ စံအိမ်တော် ဖြစ်သော အိမ်ဖြူတော် (The White House) ၏ ခြံစည်းရိုးအားကျော်၍ ဝင်းအတွင်းသို့ မီးခိုးဗုံးဟု ယူဆရသော ပစ္စည်း တစ်ခုအား တစ်စုံတစ်ယောက်က ပစ်လိုက်သဖြင့် အိမ်ဖြူတော်အား ပိတ်ချ (locked down) လိုက်ရပြီး အာဏာပိုင်များက ယင်းကိစ္စအား စုံစမ်းစစ်ဆေးနေကြသည်ဟု လုံခြုံရေးအဖွဲ့ Secret Service မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

"Occupy DC" ဟုခေါ်သော ဆန္ဒပြသမား ၁၀၀၀ မှ ၁၅၀၀ ခန့် အိမ်ဖြူတော် အပြင်ဘက်တွင် ဆန္ဒပြနေသော အချိန် အတောအတွင်း မီးခိုးဗုံးဟု ယူဆရသော ကိရိယာအား ပစ်ထည့်ခဲ့ခြင်း ဖြစ်သည်ဟု လုံခြုံရေးအဖွဲ့ Secret Service မှ ပြောရေးဆိုခွင့်ရှိသူ ဂျော့ အိုဂေလ်ဗီ (George Ogilvie) က ပြောသည်။ အာဏာပိုင်များသည် ၎င်း ပစ္စည်းအား ရှင်းလင်းပစ်ရန် သင့်လျော်သော လုပ်ဆောင်ချက်များကို ဆောင်ရွက်နေသည်ဟု သူကဆက်၍ ပြောသည်။

ဆန္ဒပြသူအများစုသည် အိမ်ဖြူတော် တစ်ဝိုက်မှ ထွက်ခွာသွားကြပြီး ဖမ်းဆီးမှုလည်း မရှိကြောင်း သူကပြောသည်။ သမ္မတ ဘားရက် အိုဘားမား နှင့် ဇနီး မီရှဲလ် (Michelle) တို့သည် ညစာစားရန် အပြင်သို့သွားနေကြသည်ဖြင့် မီးခိုးဗုံး ဝင်းအတွင်းသို့ ကျလာစဉ်တွင် အိမ်ဖြူတော်တွင် မရှိကြပါ။ အိမ်ဖြူတော် သတင်းအဖွဲ့ (White House press pool) မှ လူများအား အပြင်သို့ မထွက်ရန် တားမြစ်ထားသည်။

Ref: Internet

White House locked down after smoke bomb tossed (news.yahoo.com/white-house-locked-down-smoke-bomb-tossed-031842527)
ကောင်းသစ်ရည် (မြန်မာသတင်းရပ်ဝန်း)


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်