ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့က နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် တွေ့ဆုံကာ ဆွေးနွေးမှုများ စတင်ဆောင်ရွက်တော့မည်ဟု ကေအိုင်အိုဗဟိုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ထို့အပြင် ပြည်ထောင်စုအတွင်း အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြကာ ဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စု နိုင်ငံတော်ကြီးအဖြစ်သို့ တည်ဆောက်နိုင်ရန် ရှေးရှု၍ တွေ့ဆုံညှိနှိုင်း ဆွေးနွေးသွားမည်ဟု ဇန်နဝါရီလ ၁၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ရာ ၈ လခန့် ကြာမြင့်နေပြီဖြစ်သည်။ နိုင်ငံတော်သမ္မတက ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော မြန်မာတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကြား ထိုးစစ်များရပ်ရန် ဒီဇင်ဘာ ၁၀ ရက်က ညွှန်ကြားစာ ပေးပို့ခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
ခေတ်လူငယ်
ခေတ်လူငယ်
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်