Subscribe to our RSS Feed

ကြိုးဖုန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းပေးမည်ဟုဆို


ကျပ်ခြောက်သိန်း ငါးသောင်းဖြင့် လျှောက်ထားရယူနိုင်မည့် အဆိုပါအော်တိုတယ်လီဖုန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးရာတွင် ငါးကြိမ်စီ အရစ်ကျခွဲသွင်းပြီး အသုံးပြုနိုင်မည်ဖြစ်

ကြိုးဖုန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းပေးမည်ဟုဆို

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ၂၀၁၂ နှစ်ဆန်းပိုင်း ပထမပတ်မှစတင်ပြီး ကြိုးဖုန်းများကို အရစ်ကျစနစ်ဖြင့် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ယင်းလုပ်ငန်းမှ သတင်းရရှိသည်။ ကျပ်ခြောက်သိန်း ငါးသောင်းဖြင့် လျှောက်ထားရယူနိုင်မည့် အဆိုပါအော်တိုတယ်လီဖုန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးရာတွင် ငါးကြိမ်စီ အရစ်ကျခွဲသွင်းပြီး အသုံးပြုနိုင်မည် ဖြစ်သည်။ လျှောက်ထားလိုသူများအနေဖြင့် စာချုပ်ချုပ်ဆိုသည့်နေ့တွင် ပထမအရစ်အတွက် ကျပ်သုံးသိန်းကို ပေးချေရမည်ဖြစ်သည်။

ဒုတိယအရစ်အတွက် ပေးချေရမည့်ငွေပမာဏမှာ ကျပ်တစ်သိန်းဖြစ်ပြီး စာချုပ်ချုပ်ဆိုပြီး နှစ်လပြည့်ပြီးလ၏ လဆန်းငါးရက်အတွင်းတွင် ပေးဆောင်ရမည်ဖြစ်သည်။ တတိယအရစ်အတွက်ကိုမူ စာချုပ်ချုပ်ဆိုပြီး လေးလပြည့်ပြီးလ၏ လဆန်းငါးရက်အတွင်း ပေးသွင်းရမည်ဖြစ်ကာ ယင်းအကြိမ်ပေးဆောင်ရမည့် ပမာဏမှာ ကျပ်တစ်သိန်းပင်ဖြစ်သည်။ စတုထ္ထအရစ်နှင့် ပဉ္စမအရစ်များအတွက် ပေးသွင်းငွေများမှာ ကျပ်တစ်သိန်းနှင့် ငါးသောင်းစီ အသီးသီးဖြစ်ကြပြီး စာချုပ်ချုပ်သည့်နေ့မှ ခြောက်လပြည့်ပြီး လဆန်းငါးရက်အတွင်းနှင့် ရှစ်လပြည့်ပြီးနောက် လဆန်းငါးရက်တွင်း အပြီးသတ်ပေးသွင်းသွား၍ လျှောက်ထားနိုင်မည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

လျှောက်ထားတပ်ဆင်သူများ အနေဖြင့် ၄င်းတို့လျှောက်ထားသည့် တယ်လီဖုန်းလိုင်းများကို စတင်စာချုပ်ချုပ်ဆိုအပြီး ၃ရက်အတွင်း အပြီးသတ် တပ်ဆင်ပေးမည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အော်တိုတယ်လီဖုန်းလိုင်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးရေးကို ယခုလဒုတိယပတ်အတွင်း ပြုလုပ်ခဲ့သည့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။ အဆိုပါအရစ်ကျဖြင့် အော်တိုတယ်လီဖုန်းများ လျှောက်ထားတပ်ဆင်နိုင်မည့် အစီအစဉ်ကို ၂.၁.၂၀၁၂ တွင် စတင်ဆောင်ရွက်မည် ဖြစ်သည်။

Credit: ယုဇနကိုကို(7Day News Journal)

2 comments:

လိုင်းဖုန်းကတော့ နောက်ပိုင်းမှာ ဟန်းဖုန်းလောက် တွင်ကျယ်ပါ့မလား မသိဘူး။ အသစ်ရောင်းချပေးမယ့် တန်ဖိုးနည်းဖုန်းတွေကို အရစ်ကျ ဆိုပြီးပေးရင် အရမ်းကောင်းမှာဘဲ...

ဟန်းဖုန်းကိုလည်း အရစ်ကျ ရောင်းသင့်ပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်