Subscribe to our RSS Feed

မင်းကိုနိုင်နှင့်ကျောင်းသားခေါင်းဆောင်ဆိုသူများသို့ ..(ပေးစာ)


မောင်မင်းကိုနိုင်စတဲ့ ကျောင်းသားခေါင်းဆောင်၊ တိုင်းပြည်ရဲ့ခေါင်းဆောင်တွေကို ဘုန်းဘုန်း ပြောချင်တယ်။ နိုင်ငံရေးနဲ့ ဘာသာရေးဆိုတာ အထူးသဖြင့် ဗုဒ္ဓဘာသာပေါ့ကွာ ရည်မှန်းချက်ချင်း လုံးဝဥဿုံ မတူပါဘူ။ ဒါကြောင့် ကိုယ်သေသေချာချာ မလေ့လာရသေးတဲ့ ဘာသာရေးနယ်ပယ်မှာ မောင်ရင်တို့ ၀င်မပါစေချင်သေးဘူး။ အခု ရွှေည၀ါကိစ္စဆိုတာ တကယ်တော့ ဘာသာရေးကိစ္စ၊ သံဃာ့ကိစ္စပါကွာ။ နိုင်ငံရေး မဟုတ်ပါဘူး။ မန္တလေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ တရားဟောလို့ ဆိုတာက စကားကျဉ်းအောင် ခေါင်းစဉ်တပ်တာပါ။ အဲဒါက အဓိက မဟုတ်ဘူး။ ဟောထားတဲ့တရားဟာ မြတ်ဗုဒ္ဓရဲ့ ဓမ္မ၀ိနယနဲ့ ဘယ်လောက်သွေဖီနေသလဲ ဆိုတဲ့ အပေါ်မှာမူတည်ပါတယ်ကွာ။ ဘုန်းဘုန်း ဒီလိုပြောတာ အလွတ်မဲ့ ပြောတာ မဟုတ်ပါဘူး။ ဘုန်းဘုန်းက ရွှေည၀ါဆရာတော်ဟောတဲ့ “မတရားမလုပ်ကြနဲ့”တို့ “ငါးပါးမှောက်သွားမယ်”တို့ “စုံနံ့သာမြိုင်ဟောပြောပွဲ” တို့ စတဲ့ စတဲ့ တရားခွေတွေကို နားထောင်ပြီးမှ ပြောတာပါ။ အဲဒီမှာ အားနည်းချက်တွေ ရှိနေတယ်။ နိုင်ငံရေးကို မဆိုလိုပါဘူး။ ဘာသာရေးအရ မပြောအပ်တာတွေ ပြောထားတာမျိုးတွေ ရှိနေတယ်။ ရွှေည၀ါတစ်ပါးတည်း မဟုတ်ပါဘူးကွာ။ တခြားဓမ္မကထိကဆရာတော်တွေမှာလဲ အဒီလိုမျိုး အမှားအယွင်းတွေ ရှိနေတဲ့အတွက် မဟနအဖွဲ့ဆရာတော်ကြီးများက တရားဟောခွင့် တစ်နှစ်ပိတ်တယ်ဆိုတာမျိုးကို လုပ်ရပါတယ်။ အမှားအယွင်းတွေကို ဖြန့်ဖြူးရာရောက်နေလို့ ပိတ်ရတာပါ။ နိုင်ငံရေးကြောင့်တော့ မဟုတ်ပါဘူး။ ဒါကို ရွှေည၀ါဆရာတော်က အပြည့်အ၀ မလိုက်နာခဲ့ဘူး။ နောက်ပြီး သူနေတဲ့ ကျောင်းကလဲ သူပိုင်ကျောင်းမဟုတ်ဘူး။ သာသနာရေးဋ္ဌာနက ပိုင်တဲ့ကျောင်း၊ ပြောရရင် အစိုးရပိုင်ကျောင်းဖြစ်နေတယ်။ ပြဿနာဖြစ်လို့ အစိုးရက သိမ်းထားတာ။ မဟနနဲ့ ဘာမှ မဆိုင်ဘူး။ ဒီတော့ အစိုးရပိုင်ကျောင်းမှာ နေပြီး မဟနဆရာတော်ကြီးများရဲ့ အဆုံးအမကိုလဲ အပြည့်အ၀ မလိုက်နာတဲ့အတွက် ဆရာတော်ကြီးများအနေနဲ့ ထိုက်သင့်သလို အရေးယူရတယ်။ တကယ်တော့ ဆရာတော်ကြီးတွေက အလွန်သက်ညှာပါတယ်။ ဘယ်နေ့ ထွက်သွားရမယ်ဆိုတာမျိုး မလုပ်ပါဘူး။ ရွှေည၀ါကို ထွက်သွားစေလိုတဲ့ ဆန္ဒမျိုးလဲ မရှိပါဘူး။ တတ်နိုင်သမျှ ရွှေည၀ါဆရာတော် အပြောအဆိုတွေ ဆင်ခြင်လာမလား-ဆိုပြီး ညွှန်ကြားချက်တွေ ထုတ်တယ်လို့ ယူဆနိုင်ပါတယ်။ အာရ်အက်ဖ်အေ က တိုင်းသံဃနာယကဥက္ကဋ္ဌဆရာတော်ကို ဆက်သွယ်မေးမြန်တဲ့အခါမှာလဲ ဥက္ကဋ္ဌဆရာတော်က အရေးမယူပါဘူး၊ မဟနဆရာတော်ကြီးများက သိလိုရာကို မေးမြန်းခိုင်းလို့ မေးမလို့ပါ-လို့ ပြောပါတယ်ကွာ။ ဒါကို ရွှေည၀ါဆရာတော်က မီဒီယာတွေ အသုံးချပြီး ဆရာတော်ကြီးတွေကပဲ မတရားလုပ်နေသလို သူ့ကိုပဲ လူချွတ်တော့မှာ လိုလိုနဲ့ မမှန်မကန် ပြောဆိုတာပါ။ ဒါက ဖြစ်စဉ် အကျဉ်းပါ။ ပြောလိုတာက မောင်ရင်တို့တတွေ မီဒီယာတွေအပါအ၀င်ပေါ့ကွာ။ သံဃာ့အဖွဲ့အစည်း အမည်တောင် မှန်အောင် မပြောနိုင်( တိုင်းသံဃနာယကကို တိုင်းသံဃမဟာနာယကလို့ ပြောတာမျိုး)သေးဘူးဆိုတော့ ဒီသံဃာ့အဖွဲ့အစည်းနဲ့ ဆိုင်တဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတွေ၊ ၀ိနည်းတရားတော်တွေဆိုတာကို သိဖို့ တော်တော်လေ့လာကြရဦးမှာပါ။ ဒီလို ကိုယ့်ဘက်က ဘာမှ ကျကျနန မလေ့လာရသေးတဲ့အချိန်မျိုးမှာ ရွှေည၀ါဆရာတော်ကို ၀ိုင်းထောက်ခံပြီး ဆရာတော်ကြီးတွေအပေါ် အမြင်တစ်မျိုး ဖြစ်နေတာ ဘုန်းဘုန်း တော်တော် စိတ်မကောင်းပါဘူး။
ဘုန်းဘုန်းဖြစ်စေချင်တာက ခုလိုကိစ္စမျိုးမှာ မောင်ရင်တို့ ၀င်မပါစေချင်သေးဘူး။ နောက်ဆုံးကုန်ကုန်ပြောမယ်ကွာ ရွှေည၀ါ အခုနေတဲ့ ကျောင်းက ထွက်ပေးရတယ် ဆိုရင်တောင် မောင်ရင်တို့ ၀င်မပါသင့်ဘူး။ အေး မောင်ရင်တို့ လုပ်ပေးရမှာက မောင်ရင်တို့ဆရာတော် အနေအထိုင် မဆင်းရဲရအောင် နေရေးထိုင်ရေးအတွက် စီစဉ်ပေးသင့်တယ်။ တခြား ဆွမ်းကွမ်းကိစ္စတွေ၊ သူလုပ်နေတဲ့ ပညာရေးလုပ်ငန်းတွေ အဆင်ပြေအောင် အကူအညီပေးပေါ့ကွာ။ မောင်ရင်တို့ ပြောရမှာက အခုလိုမျိုး ဆရာတော်ကြီးတွေအပေါ် အမြင်စောင်းသွားစေနိုင်တဲ့ အပြောမျိုးတွေ မပြောဘဲနဲ့ “ဒါဟာ သံဃာ့ကိစ္စ သံဃာဆောင်ရွက်တာ ဖြစ်တယ်၊ ကျနော်တို့ဘက်ကတော့ တတ်နိုင်သမျှ ထောက်ပံလှူဒါန်ဖို့သာ ဖြစ်ပါတယ်” ဆိုတာမျိုးလောက်ပဲ ပြောသင့်ပါတယ်ကွာ။
မောင်ရင်တို့ကို ဘုန်းဘုန်း အခုလို သတိပေးပြောဆိုတာ မောင်ရင်တို့အပေါ် မျှော်လင့်ချက် ကြီးကြီးမားထားနေလို့ ပြောတာ။ ၀င်မစွက်သင့်တဲ့ ကိစ္စမှာ ၀င်စွက်မိလို့ မြင်းကောင်းခွာလိပ် ဖြစ်သွားမှာကို ဘုန်းဘုန်း သိပ်ပြီးစိုးရိမ်တယ်။ ဘုန်းဘုန်းဘ၀မှာ ၀မ်းသာလွန်းလို့ ကျတဲ့ မျက်ရည်ဆိုတာ မောင်ရင်တို့ ပြန်လွတ်လာတဲ့နေ့က ကျတဲ့ မျက်ရည်ပဲ ရှိတယ်။ ဒီတော့ ကိုယ်သေသေချာချာ မလေ့လာရသေးတဲ့ သံဃာ့ကိစ္စမှာ ၀င်မစွက်ကြပါနဲ့၊ ၀င်စွက်ချင်သပဆိုရင်လဲ မဟနအဖွဲ့က ဆရာတော်ကြီးတွေအကြောင်း၊ သံဃာ့အဖွဲ့အစည်းတွေအကြောင်း ကျကျနန နီးနီးကပ်ကပ်လေ့လာပြီးမှ ၀င်စွက်ကြပါလို့ မောင်ရင်တို့ကို ဘုန်းဘုန်းမေတ္တာရပ်ခံပါရစေ။

http://mgkyautkhae.blogspot.com/2012/01/blog-post_8493.html မှ ကူးယူဖော်ပြပါကြောင်း

18 comments:

ကျတော်တို့လည်း ကျောင်းသားတွေပါပဲ ဒါပေမဲ့ မင်းကိုနိုင် ကို ကျောင်းသားခေါင်းဆောင်လို့ တခါမှ မထင်ခဲ့ဖူးပါဘူး ကျောင်းသားခေါင်ဆောင်လို့ ကျောင်းသားတွေက အသိအမှတ် ပြုထားတာလား သူတို့ ဘာသာ ခေါင်းစဉ်တပ်ထားတာလားဆိုတာတော့ မပြောတက်တော့ဘူး
ကျတော်တို့ တင်ထားတဲ့ ကျောင်းသားခေါင်းဆောင်ဆိုတာ စာအုပ်စာပေ
တွေနဲ့ နည်းပညာတွေလို့ ထင်တယ်...တိုတို ပြောရရင် ကျောင်းသားတွေရဲ့ ထာဝရခေါင်းဆောင်က စာအုပ်တွေပါ

ကျွန်တော်ထင်တာတော့ ၈၈ ကျောင်းသားတွေရဲ့ ခေါင်းဆောင်ထင်တယ်.. အဲ့လိုလည်းမဟုတ်လောက်ဘူးဗျ ... ၈၈ ကျောင်းသားတွေလည်း နည်းတာမှ မဟုတ်တာ .. သူတို့ အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်မယ် .. ဒါမှ မဟုတ်ရင်တော့ မသိတော့ဘူး.. ဘာကျောင်းသားခေါင်းဆောင်လဲတော့

88 ကျောင်းသားခေါင်းဆောင်ဆိုတာ ဘယ်ကစပြီးဖြစ်လာတာလဲ. . ဘယ်သူတွေက အသိအမှတ်ပြုပီးခန့်ထားတာလဲ... တကယ်မသိလို့ပါ...သိတဲ့လူရှိ၇င်လဲပြောပေးပါဦး.. ကျွန်တော်တို့မွေးတာ 88 မွေးတာမို့မသိတာဆိုရင်လည်း.. အိမ်က မိဘတွေပြောတာတော့ကြားဖူးရမှာပေါ့... အခုမိဘတွေပြောပြတာလဲမကြားဖူးလို့ပါ... သိတဲ့လူရှိ၇င်ပြောပြပေးပါဦး..

ဘုန်းဘုန်းဘုရား...မင်းကိုနိုင်က..ထောင်ကထွက်လာတော.
လုပ်စရာအလုပ်လည်းမယ်မယ်ရရမရှိ.ဘူး။သူများကျွေးတာ
စား..ဘ၀နဲ.နေလာပါဘုရား။ အလုပ်မလုပ်ဘဲထမင်း
ကောင်းကောင်းစားဖို.ဆိုတာ..ရိုးသားတဲ့ပြည်သူပြည်သား
တွေရှေ.မှာ..သူတို.လိုလူတွေစုဝေးပြီးအတင်းထောက်ခံ.
အတင်းနေရာယူ...ဒီလိုလုပ်ပြီးနေရတာပါဘုရား။ါရွှေည၀ါ
ဆရာတော်ကြီးကိုဗန်းပြပြီးတော.သူတို.အလျှူခံ...တောင်း
စားကြအုံးမှာပါဘုရား..တပည်.တော်တို.လည်း ၈၈ ခုနှစ်
ကကျောင်းသားတွေပါဘုရား။ ၈၈ ခုနှစ်ကကျောင်းသား
အစစ်ကဘာလို.အသက် ၅၀ ဖြစ်နေတာလည်းဆိုတာ
ပညာတတ်တဲ့လူတွေနားလည်နိုင်ပါတယ်။တကယ်၈၈
ကျောင်းသားတွေကခု ၄၅ ၀န်းကျင်တွေဘဲဖြစ်ပါတယ်။
အလိမ်ခံနေရတဲ့လူငယ်တွေအတွက်ရင်လေးပါတယ်ဘုရား။

are you guys a bunch of so called undergrad military students in Russia? I mean, i've heard about this website before, mostly cited as propagandist blog under government payroll and all but this is the first time i see for myself that you guys are actually full of craps. wow.

The observer

ခင်ဗျာကလည်းဗျာ..ကျောင်းသားခေါင်းဆောင်ဆိုတာ
သူတို.လူလေး ၁၀ ယောက်က၀ိုင်းတင်ထားကြတာဗျ။
ဘယ်သူမှ.မတင်ဘူး..ဒီကောင်ခုအသက် ၅၀ ရှိ.နေပြီ
၈၈ ခုနှစ်ကကျောင်းသားအစစ်ဆိုရင်..၄၀ နဲ့၄၅ ကြား
လောက်ဘဲရှိ.ပါတယ်။ ဘာလို.သူက အသက်နေရတာ
လည်း။ဒီကောင်ကလိန်ကကျစ်ကောင်။ ကျွန်တော်က
ဒီအကြောင်းအရာတွေကို..Elevenmedia တို. ဧရာဝတီ
တို.မှာတင်တယ်..ဖျက်ခံရတယ်။အဲကဒီတော.
elevenmedia နဲ့ ဧရာဝတီ သတင်းဌာနကကောင်တွေ
ကလိန်ကကျစ်ကောင်တွေဘဲ။တင်သမျှ Comment
တွေဖျက်ပြစ်တယ်။အမှန်ရေးလို.မရဘူးဗျ။ ဒီလိုကောင်
စားတွေနဲ.ဒီလိုအယုတ်တမာသတင်းဌာနတွေကြောင့်
တိုင်းပြည်နာတယ်။

ကျနော်ကတော့စာတွေအများကြီးမရေးဘူး
လူတွေအများကြီး ကအင်မတန်ကြီးမားတဲ့အပြစ်ကိုကြူးလွန်နေကြတယ်
အဲဒါကတော့ဘာမှသေချာမသိပဲနဲ့ အင်မတန်မှသီလ သမာဓိစဉ်ကြယ်ကြတဲ့ဆရာတော်ကြီးတွေကိုပြစ်မှားနေကြတာပဲ....

မင်းကိုနိုင် တို့ အလုပ်အကိုင် မရှိရင်လည်း ရွာမှာ လယ်လာလုပ်ကွာ
လယ်တကွက် ပေးမယ်... ဆူညံဆူညံ မလုပ်ရင် ပီးတာပဲ
ခေါ်တာခေါ်ရတာပါ လက်ကြောတင်းမဲ့ ကောင်စားတွေမဟုတ်ဘူး...
စိတ်ဝင်စားရင် ငါတို့ရွာမှာ စပါးလာရိတ်ကြကွာ...တနေ့ 2000ပေးမယ်... တနေ့2000လည်း တန်ဖိုးထားမဲ့ ကောင်စားတွေ မဟုတ်ပါဘူး လက်ဖြန့်တောင်းစားနေရတဲ့ ဘ၀ကို ကျေနပ်နေတဲ့ ကောင်
တွေပဲ နေမှာ...

ကိုမြင့်သောင်း
ကောက်စိုက်သမ များအဖွဲချုပ်
ဘာရယ်တော့ ဟုတ်ဘူးးး သူများတွေ အဖွဲ့ချုပ်ဆိုလို့ ကိုယ်လဲ ရှိတာလေးကို အဖွဲ့ချုပ် လုပ်လိုက်တာ...ဟဲဟဲ

နိုင်ငံရေးကြောင့် ထောင်ထဲဝင်ပီး ပြန်ထွက်လာတာနဲ့ ပြည်သူတွေရဲ့ သူရဲကောင်း ဖြစ်သွားရောလား ..........အေးလေ စောင့်ကြည့်သေးတာပေါ့ သူတို့ကြောင့် ဆူဆူပူပူ တွေဖြစ်ပီး ပြည်သူတွေ ဒုက္ခရောက်ဦးမလား ငြိမ်းချမ်းသာယာလာမလား ဆိုတာ....

အသက် နည်းနည်းကြီးတာက စာမေးပွဲတွေ ဘာတွေကျလို့ဖြစ်ပါလိမ့်မယ် ..သိချင်တာက အဲဒီကျောင်းသားခေါင်းဆောင် ရာထူးက ဘယ်လိုရထားတာလဲဆိုတာပါ.. နောက်ပြီး.. ကျောင်းသားခေါင်းဆောင်တွေကလည်း အများကြီးပဲနော် ..ဘယ်သူတွေက ၈၈ ကျောင်းသား တပည့်(နောက်လိုက်) တွေလဲဟင် .. တစ်ခါမှ မကြားဖူးသလိုပဲနော် ၈၈ ကျောင်းသား တပည့်များတို့ဘာတို့လေ..အားလုံးက ခေါင်းဆောင်တွေချည်းပဲ ..

မှန်ပါတယ်ဘုးရား.... မိမိတို့
မသိ နားမလည်တဲ့ အကြောင်းတွေ ၀င်ပြီး မစွက်ဘက်တာ အကောင်းဆုံးဘဲလို့ တပည့်တော်တို့လဲ ယူဆပါတယ်ဘုရား...
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် ၀ိနည်းတော်နှင့်အညီ အမြဲဆုံးဖြတ်ပေးနေလျှက် ရှိတယ်ဆိုတာ အတပည့်တော်တို့ အပြည့်ဝ ယုံကြည်ပါတယ်ဘုရား...

ဟုတ်တယ် ၈၈ကျောင်းသားဆိုတာနဲ့ တပည့်ကို မရှိတော့ဘူး
အကုန်လုံးခေါင်းဆောင်တွေလား
ဘာလုပ်တဲ့ခေါင်းဆောင်တွေလဲ
ဘယ်လိုနေရာတွေမှာ ဦးဆောင်နေတာလဲ
ဘာတွေအောင်မြင်ခဲ့ပြီလဲ
................?

၈၈ ကျောင်းသားခေါင်းဆောင်တဲ့ ...

အသိတရားများ တိုးပွားစွာနဲ့
ဆင်ခြင်နိုင်ကြပါစေ
အမှန်တရား မမြင်သမျှ လိမ်စားသူတွေ
နေရာရနေကြမှာမို့ အသိပညာ အတတ်ပညာ
သင်အံလေ့လာပြီး နိုင်ငံတော်ကြီးခိုင်မြဲအောင်
ဝိုင်းဝန်းထမ်းဆောင်ကြပါစို့

၈⁠၈ ကျော​င်း​သား တ​ပ​ည့်ေ​တွ​က ေ​သ​ကုန္ပီ​ေ​လ ---
ေ​တာ​ထဲ​မွာ အခ်​င်းချ​င်း​သတ်လိုက်ပီ
က်​န​္ေ​နေ​သး​တာ​က ေ​ခါ​င​္းေ​ဆာ​င​္ေ​တြ​ပဲ​ရွိ​ေတာ့တယ်

အောင် မင်းကိုနိုင် မင်းကိုနိုင် အော်အသိတရားမရသေးဘဲ ဆက်မိုက်နေတာ ကိုးးးး မင်းးးဘာရည်ရွက်ချက်နဲ. လုပ်နေလဲ ဆိုတာ ငါတို.ပြည်သူတွေနားမလည်တော.ဘူးကွာ မင်းသွားမယ် လမ်းစဉ်လေး လဲ မင်းသိတယ်ဆိုရင် ငါတို.ပြည်သူတွေကို ချပေးပါလားကွာ တကယ်ပြောတာပါ မင်းက အရည်အချင်းမရှိတော.လည်းးးး အခုလိုလူပြောခံရတယ်ဆိုတာ မဆန်းပါဘူးလေ

ကျူပ်ဘယ်ဆိုဒ်မှာမှ မဆဲခဲ့  ဖူးပါဘူးဗျာ ကျောင်းသားခေါင်းဆောင်ဆိုလို့  ရင်နာလွန်းလို့ ပါ..ဒင်းတို့ ကြောင့် ကျူပ်တို့ လို့ အချိန်မတန်ဘဲ ကျောင်းကထွက် လိုက်ရတဲ့ကောင်တွေက သူတို့ ၈၈ အုပ်စုထက်ပိုများတယ်..ကျုပ်တို့ သားသမီးတွေက အစ ခေါင်းဆောင်ဖြစ်ချင်ရင် လမ်းပေါ်မှာဆူဖူးမှ...ထောင်ကျဖူးမှ ခေါင်းဆောင်ဖြစ်တယ်ထင်နေပါဦးမယ်...ကျောင်းသားခေါင်းဆောင်လို့ ပြောရအောင်ဘယ်ကျောင်းသားတွေကိုခေါင်းဆောင်နေလို့ လည်း...နောက်လိုက်ဘယ်နှစ်ယောက်ရှိလို့လဲ...ဘယ်သူတွေက သူ့ကိုဘာအတွက်အားကိုးနေလို့ လဲ.

anonymous ဆိုပြီးပုဆိုးခြုံထဲကလက်သီးပုန်းပြတဲ့ကောင်တွေ မင်းကိုနိုင်
ကိုမင်းအမေလင်ထင်နေလား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်