Subscribe to our RSS Feed

စတုတ္ထမဏ္ဍိုင် များ သို့


VOA, RFA, BBC မြန်မာဌာနတွေ -- သင်တို.၏ သတင်းဆိုင်ရာ အယ်ဒီတာ၏ မူဝါဒ ပေါ်လီ-ဘယ်လို အခြေခံ မူတွေနဲ. သတင်းတွေကို ရွေးချယ်ပါသလဲဆိုတာ မေးလိုပါသည်။ လူပေါင်း ၃၀ ကျော် ခေါင်းဖြတ် သတ်တဲ့ ကိစ္စနဲ. လူပေါင်း ၈၀ ကျော် အဖမ်း ခံရတဲ့ကိစ္စ နှိပ်စက်တဲ့ ကိစ္စတွေ အင်တာနက်မှာ ကာယကံရှင်တွေ ရေးသားချက်တွေ ဒီလောက်အထိ ရုပ်ရုပ်သဲသဲ ဖြစ်နေတဲ့အချိန်မှာ အဲဒီလို သတင်းမျိုးကတော့ သတင်းအဖြစ် လုံးဝ မလွင့်ပဲ တွံ.တေးမြို.က ကျူရှင်ဆရာတဦး လည်ပင်းမှာ ဆိုင်းဘုတ် ချိတ်ပြီး တစ်ကိုယ်တော် ဆန္ဒပြတဲ့ကိစ္စကိုကျတော့ သတင်းအဖြစ် အကြိမ်ကြိမ် လွှင့်ခဲ့တာ တွေ. တွေ.ရတယ်။ ဒါကြောင့် ဒီ ဖြစ်ရပ် ၂ ခုမှာ ဘယ်ဟာက သတင်းတန်ဘိုး မြင့်သလဲ။ ဘယ်သတင်းက ပိုပြီး အရေးကြီးသလဲ။ News Worthiness and News Values ဖြစ်သလဲ--ဘယ်သတင်းက ပိုပြီး လူတွေ စိတ်ဝင်စားပြီး သိသင့် သိထိုက်တဲ့ Human Interest News Story ဖြစ်သလဲ --- ဒီအချက်တွေကို သောတရှင် ပရိသတ်တွေ သိအောင် ခင်ဗျားတို. သတင်းတွေကို သတင်းခန်း-News Room's Editorial Policy and News Stories Selection Process, How you make decision လုပ်တာတွေ သိလိုပါသည် မေးလိုပါသည်။ ရှင်းလင်းချက် ပြောပါ--= ပြည်သူတွေဟာ မြန်မာပြည်နဲ. ပတ်သက်တဲ့ ကိစ္စတွေမှာ သိခွင့်ရှိတယ်။ သိရမယ်လို. ဒေါ်စုလဲ ပြောပါသည်။ ဘယ်လို လုပ်ကြတယ် ဘယ်လို ဆုံးဖြတ်ကြတယ်ဆိုတာ ပြည်သူတွေ သိခွင့် ရှိတယ်။ သိဖို. မေးရမယ်လို. ဒေါ်စုလဲ ပြောထားပါတယ်။ ဒါကြောင့် သတင်းဌာန၏ သတင်းဆိုင်ရာ ဆုံးဖြတ်ချက် မူတွေနဲ. ဘယ်လို မျိုး ဆုံးဖြတ်ချက်တွေ လုပ်တယ်ဆိုတာ ပရိသတ်တွေ ပြည်သူတွေ သိသာ မြင်သာရှိအောင် ရှင်းပြပေးဖို. တောင်းဆိုပါသည်။ မေးမြန်းပါသည်။ ရှင်းလင်းချက်ကို စောင့်ကြည့်နေပါသည်။ ။

udp myanmar

(ပြည်ပ မီဒီယာများသာမက ပြည်တွင်း မီဒီယာများကိုလည်း MEG မှ အလားတူ မေးမြန်းလိုပါ၏)

2 comments:

သူတို.က သူတို.လိုချင်တဲ.သူ အာဏာရဖို.လုပ်နေတာကွ၊ ငါတို.တော့ဒီအတိုင်းနားလည်တယ်၊ သူတို.မွေးထားတဲ. ဟာတွေလုပ်ချင်တာလုပ်နေတာတော့ ဘယ်လူသိစေချင်မလဲ၊

စိတ် မ ပူ ပါ နဲ့ နောင် ကြီး သူ တို့ သ တင်း ဌာ နတွေ ကို ဘယ် သူ က မှ မ ယုံ ကြ တော့ ပါ ဘူး
ပြည်တွင်းမီဒီယာတွေလဲပွင့်လင်းလာပြီဆိုတော့ နောက်ဆို
BBC တို့ VOA တို့ကို လုံးဝကြည့်စရာမလိုတော့ပါဘူး
အမှန်အတိုင်းပြောရရင် အခုတော့ကြည့်သေးတယ် ဒါပေမဲ့ယုံလို့တော့မဟုတ်ဘူး မြန်မာပြည်မှာ ဖော်ပြခွင့်မရသေးတဲ့သီတင်းတချို့ကို သူတို့ဆီကနေပဲဖတ်နေရလို့
သူတို့က ချဲ့ကားရေးပေမဲ့ ကျနော်တို့က ချင့်ချိန်ယုံပါတယ်
မြန်မာတွေက ဘလိုင်းတွေမှမဟုတ်တာဗျာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်