Subscribe to our RSS Feed

ထိုင်းဘုရင့်တော်ဝင်မိသားစု ရှယ်ယာပိုင်ဘိလပ်မြေ ကုမ္ပဏီမြန်မာတွင် စက်ရုံတည်ဆောက်ရန် စီစဉ်မည်

From : SMG

ထိုင်း ဘုရင့်တော်ဝင်မိသားစု ရှယ်ယာပိုင်ဆိုင်သော Siam ဘိလပ်မြေ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဘိလပ်မြေစက်ရုံ တည်ဆောက်သွားရန် စီစဉ်နေပြီ ဖြစ်ကြောင်း ပြည်ပသတင်းဌာန၏ ဖော်ပြချက်အရ သိရပြီး ယင်းကဲ့သို့ လာရောက်ရင်းနှီးမြှုပ်နှံပါက ပြည်တွင်းရှိ စက်ရုံများ အနေဖြင့် ဈေးကွက်ပြိုင်ဆိုင်မှုများ ပြင်းထန်လာမည်ဖြစ်ကြောင်း ပြည်တွင်း ဘိလပ်မြေစက်ရုံ လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

Siam Cement ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် လွန်ခဲ့သောနှစ်နှစ် ကတည်းက လေ့လာမှုများ ပြုလုပ်နေခဲ့သည်ဟု သိရပြီး ထိုင်းနိုင်ငံမှ ဘိလပ်မြေပစ္စည်းများ ပြည်တွင်းဈေးကွက် နေရာရယူနိုင်မှုရှိနေခြင်း ကို လေ့လာထားပြီး ဖြစ်သည်ဟု ဆိုသည်။ ''ကျွန်တော်တို့ လေ့လာနေခဲ့တာ ကြာပါပြီ။ မြန်မာမှာ လုပ်ကိုင်ခွင့်ရမယ့် အခွင့်အလမ်း အနေအထားတွေကို လေ့လာနေခဲ့တာ နှစ်နှစ်ရှိခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်က မြန်မာအစိုးရရဲ့ ပြည်ပကလာမယ့် ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ ချမှတ်မယ့် ပေါ်လစီအပေါ် တည်မှီနေပါတယ်'' ဟု ကုမ္ပဏီ၏ အကြီးအကဲဖြစ်သူ Kan Jrakulhoonက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းများ ကြီးထွားလာနေမှုကိုလည်း သတိပြုမိနေသည်ဟု ဆိုပြီး မြန်မာနိုင်ငံဘက်မှ သတင်းအချို့အရ တစ်နှစ်လျှင် ဘိလပ်မြေသုံးစွဲမှုပမာဏ တန်ခြောက်သန်းရှိနေကြောင်း သိရသည်။ ''ထိုင်းက လာမယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ အိမ်နီးချင်းလည်း ဖြစ်နေတယ်။ ဒီဘက်က ဖွံ့ဖြိုးလာမယ့် အရိပ်အယောင်တွေကိုလည်း သူတို့လေ့လာနေမှာ အမှန်ပဲ။ မြန်မာ့ဈေးကွက်ကို ထိုင်းဘိလပ်မြေတွေ လာရင်းနှီးပြီးသားဆိုတော့ သူတို့က အရင်အကောင်အထည် ပေါ်နိုင်တယ်'' ဟုကမ္ဘောဇကုမ္ပဏီမှ ဘိလပ်မြေဆိုင်ရာ အကြံပေးအရာရှိ ဦးစိုးနိုင်က ပြောကြားသည်။ SCGဘိလပ်မြေ လုပ်ငန်းကို ထိုင်းဘုရင့်တော်ဝင် မိသားစုက ရှယ်ယာ ၃ဝရာခိုင်နှုန်း ပိုင်ဆိုင်သည် ဟုလည်း သိရသည်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်