Subscribe to our RSS Feed

ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နှင့် အထူးတွေ့ဆုံမေးမြန်းခြင်း

တပ်မတော်အစိုးရလက်ထက် ၀န်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် ဇန်န၀ါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်မြောက်လာသူ ၆၅၁ ဦးတွင် ပါဝင်ခဲ့သည်။ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလမှစတင်ခါ နေအိမ် အကျယ်ချုပ်ဖြင့် ခုနစ်နှစ်ကျော် နေထိုင်ခဲ့ရသူ တပ်မတော်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်အား ဇန်န၀ါရီလ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် န၀ဒေးလမ်းရှိ ၎င်း၏နေအိမ်တွင် မြန်မာတိုင်း(မ်) သတင်းအဖွဲ့က သီးသန့်တွေ့ဆုံ မေးမြန်းခဲ့သည်။

အတွဲ ၂၈ ၊ အမှတ် ၅၅၃ ( ၂၀ - ၂၆ ၊ ၁ ၊ ၂၀၁၂)

မရမ်းကုန်းမြို့နယ်ရှိနေအိမ်တွင် တွေ့ရသော ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်။
ဓာတ်ပုံ-ကောင်းထက်

* ဒီမိုကရေစီရဲ့ လမ်းပြမြေပုံဆိုတဲ့ Road Map ကို အကောင်အထည် ဖော်ခဲ့တဲ့အပေါ်မှာ ဘယ်အတိုင်း အတာအထိ ကျေနပ်မှုရှိပါသလဲ။

အခုကတော့ Seven Stepsက ပြီးမြောက်သွားပြီလေ။ ပြီးမြောက်သွားပြီ ဆိုတော့ အောင်မြင်တယ်လို့ပဲ ယုံကြည်တယ်။ အောင်မြင်သွားပြီပေါ့။

* Road Map ကို အကောင်အထည် ဖော်ပြီးတဲ့နောက်မှာ ပြုပြင်ပြောင်း လဲမှုတွေက ဆက်တိုက်ဖြစ်လာတယ်။ အခုလို ခပ်မြန်မြန်နဲ့ ပြုပြင် ပြောင်းလဲမှုတွေဖြစ်လာတာ ဘာကြောင့်လို့ ထင်ပါသလဲ။

အကောင်အထည်ဖော်တဲ့ ပုဂ္ဂိုလ်တွေပေါ်မှာမူတည်ပါတယ်။ မြန်မြန် ဆန်ဆန်အကောင်အထည်ဖော်ရင် မြန်မြန် ဆန်ဆန်အကောင်အထည် ပေါ်တာပဲပေါ့။ ဘေးကပံ့ပိုးမှုလိုတယ်။ ပြည်သူတွေရဲ့နားလည်မှု လိုတယ်။ အဓိကကတော့ ဦးဆောင်ဦးရွက်ပြုတဲ့ နိုင်ငံတော်အစိုးရပါ။ အစိုးရရဲ့လုပ်ကိုင် ဆောင်ရွက်မှုပေါ်မှာမူတည်ပြီး အောင်မြင်တယ်ဆို တဲ့အနေအထားမျိုးရှိတာပေါ့လေ။

* အစိုးရသစ်တက်တဲ့ ကိုးလကျော် ၁၀ လကာလမှာ ပြုပြင်ပြောင်းလဲမှုတွေက အရှိန်အဟုန်ကောင်းကောင်းနဲ့ ဖြစ်လာနေတယ်။ အဲဒါတွေက နောက်ကြောင်းပြန်လှည့်သွားနိုင်ပါသလား။

ထင်တယ်လေ။ သမ္မတကြီးကိုယ်တိုင်ကပြောတယ်။ နောက်ပြန်လှည့်ဖို့ မရှိပါဘူးလို့ ပြောတယ်နော်။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကလည်း နောက် ပြန်လှည့်စရာ အကြောင်းမရှိတော့ဘူး ပြောတယ်။ သိပ်ခိုင်မာနေပြီပဲ။

* အရင်က တပ်မတော်ခေါင်းဆောင် တစ်ယောက်အနေနဲ့ အောင်မြင်ခဲ့တယ်။ ကျော်စောထင်ရှားခဲ့တယ်ပေါ့။ အခုလက်ရှိနိုင်ငံရေး အခင်းအကျင်းမှာရော အံဝင်ခွင်ကျဖြစ်နိုင်မယ်လို့ ထင်ပါသလား။

ခုနစ်နှစ်တာကာလ အိမ်ထဲမှာပဲနေတော့ အပြင်လောကနဲ့ ပတ်သက်ပြီး အဆက်ပြတ်တယ်လေ။ အပြင်လောက အခြေအနေကို မီဒီယာကနေတစ်ဆင့်တော့ မြင်ရတွေ့ရ ကြားရတာပေါ့။ အခု နိုင်ငံရေးကို သိပ်ပြီးလေ့လာမှုလည်း မရှိသေးဘူး။ နိုင်ငံရေးလုပ်ဖို့ လည်း ကြံရွယ်ချက်မရှိသေးဘူးကွယ်။ အပြင်လောကနဲ့ အဆက်ပြတ်နေတော့ ဘာလုပ်ရမှန်းမသိဘူး။ လုပ်ဖို့ဥစ္စာကတော့ အဘ ဘာသာရေးလုပ်နေတယ်။ လူမှုရေးတွေလုပ်မယ်။ နောက်တိုင်းပြည် အေးချမ်းမှုအတွက်ကို တတ်နိုင်သမျှ ပုဂ္ဂလိကစွမ်းဆောင်မှုနဲ့ပဲ စွမ်းဆောင်မယ်။ ပုဂ္ဂလိကနော်။ ပုဂ္ဂလိကစွမ်းဆောင်မှုနဲ့ပဲ တိုင်းပြည်သာယာရေး၊ တိုးတက်ရေးကို စွမ်းဆောင်နိုင်သမျှ စွမ်းဆောင် မယ်လို့ပဲ စိတ်ထဲမှာ ကြံရွယ်ထားပါတယ်။ ဘယ်တော့အကောင်အထည်ပေါ်မယ်ဆိုတာတော့ မသိဘူးပေါ့။

* လက်ရှိအစိုးရကသော်လည်းကောင်း၊ တစ်စုံတစ်ယောက်ကသော်လည်းကောင်း နိုင်ငံရေးနဲ့ ပတ်သက်ပြီး လာရောက်တွေ့ဆုံပြီး အကြံဉာဏ် တောင်းတာမျိုး၊ အကူအညီတောင်း တာမျိုးရှိလား။ တကယ်လို့တောင်း လာမယ်ဆိုရင်ရော ဘယ်လိုတုံ့ပြန် ဖို့ရှိပါသလဲ။

အခုထိတော့ အကြံဉာဏ်တောင်းတာတွေမရှိပါဘူး။ နိုင်ငံရေးမလုပ်တော့ဘူးလို့ပဲ ဒီလိုပဲ စိတ်ထဲမှာ ပိုင်းဖြတ်ထားတယ်လေ။ တိုင်းပြည်အတွက် ကောင်းရာကောင်းကျိုးအတွက်ပေါ့လေ။ ပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းမှု၊ တိုင်းပြည်အတွက် အကျိုး ဖြစ်ထွန်းမှု၊ နောက်တစ်ခါ ငြိမ်းချမ်းရေးပေါ့။ တည်ငြိမ်အေးချမ်းရေးအတွက် အကျိုးဖြစ်ထွန်းမှုတွေအတွက်ကို ရည်ရွယ်ပြီးတော့ လာပြီး အကြံဉာဏ်တောင်းရင်တော့ အဘရဲ့ အတွေ့အကြုံပေါ် မူတည်ပြီးတော့ ကောင်းတဲ့အကြံဉာဏ်တွေပေးမှာပါ။

* အခုလက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ ကြားမှာ ငြိမ်းချမ်းရေးအတွက် စကား ပြောနေတာတွေ ရှိတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

သိပ်ကောင်းတာပေါ့။ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးကို အဘစပြီး အကောင်အထည်ဖော်ခဲ့တာပါ။ တကယ်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ လက်နက်မကိုင်တဲ့တိုင်းရင်းသားတွေရော သူတို့ရဲ့ပင်ကို စရိုက်က အင်မတန်ရိုးသားပါတယ်။ သူတို့နဲ့ အကြာကြီးပဲ အဘဆက်ဆံခဲ့တာ။ အခု တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်နေတယ် ဆိုတာ အင်မတန် ကောင်းပါတယ်။ အောင်လည်းအောင် မြင်စေချင်တယ်။ အောင်မြင်ပါစေလို့လည်း အဘဆုတောင်းတယ်။ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေရော တိုင်းရင်းသားတွေရော၊ အားလုံးညီညွတ်မှ၊ စည်းလုံးမှ ပြည်ထောင်စု ကြီးခိုင်မြဲမှာ။ အဲဒါ ကိုတော့ အဘက သိပ်ပြီး စိတ်လည်းဝင်စားတယ်၊ အောင်လည်း အောင်မြင်စေချင်တယ်။ အောင်မြင်ဖို့အတွက်လည်း အဘစိတ်ထဲ မှာ အကြံဉာဏ်တွေပေါ့လေ လိုအပ်တယ်ဆိုလည်း အဘပေးမှာပါ၊

* ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး နဲ့ ဆင်းရဲမှုတိုက်ဖျက်ရေးတွေမှာ ပါဝင်ကူညီမယ်လို့ ဖြေထားတာတွေ့တယ်။ အဲဒီအတွက် အသေးစိတ် စဉ်းစားထားတာများရှိလား။

ပုဂ္ဂလိကအနေနဲ့ပဲ၊ မိသားစုအနေနဲ့ပဲ တတ်နိုင်သမျှကူညီပါမယ်။ အဖွဲ့အစည်းကြီး ထူထောင်ပြီးတော့ ဆောင်ရွက်တာမျိုးတော့ မဟုတ်ပါဘူး။ မိသားစုအနေနဲ့ တစ်နိုင်တစ်ပိုင် ဆောင်ရွက်တဲ့ နေရာမှာ ကျန်တဲ့ စေတနာရှင်တွေကနေ ပူးပေါင်းပါဝင်ပါရစေ ဆိုရင်တော့လည်း ပူးပေါင်းပါဝင်ပြီးတော့မှ ဆောင်ရွက်မယ်လို့လည်း အဲဒီလို စိတ်ကမျှော်မှန်းထားတယ်။ ရည်ရွယ်ထားတယ်။ သားတွေနဲ့တောင် တိုင်ပင်ထားတယ်။ အင်မတန်ကောင်းတဲ့၊ မွန်မြတ်တဲ့လုပ်ငန်းပါလို့လည်း သားတွေက အကြံပြုပါတယ်။

* အခုလိုလွတ်မြောက်လာဖို့ အာဏာပိုင်တွေနဲ့ ညှိနှိုင်းခဲ့ရတာမျိုး၊ ကတိ တစ်ခုခုပေးရတာမျိုးရှိခဲ့လား။

ဘာမှမရှိပါဘူး။ အဘကတောင် တော်တော်အံ့ဩနေတယ်။ လွှတ်လိုက်ပြီဆိုတဲ့အခါကျတော့ တကယ်အံ့ဩပါတယ်။ အဘထင်တာ ငါ့တပည့်တွေ တချို့တစ်ဝက်လွတ်မယ်။ ငါတော့ မလွတ်သေးဘူး။ ဒီလို စိတ်ထဲကဖြစ်တယ်လေ။ တော်တော်ကို အံ့ဩပြီး ၀မ်းလည်း ၀မ်းသာတယ်။ အဘကို ဒီလို လွှတ်ပေးတဲ့ သမ္မတကြီးပေါ့လေ။ အဘ မမျှော်မှန်းတဲ့ကိစ္စကို သမ္မတကြီးကနေ လွှတ်ပေးလိုက်တဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ်။

* နေအိမ် အကျယ်ချုပ်ကျခံနေရတဲ့ အချိန်မှာ လုပ်ချင်လျက်နဲ့ လုပ်လို့ မရခဲ့တဲ့အလုပ်များရှိလား။

ဘာမှမရှိပါဘူး။ အဘ အိမ်ထဲမှာ နေရပြီဆိုကတည်းကိုက အဘစိတ် တုံးတုံးချလိုက်တယ်။ ငါဘုရားတရား အလုပ်လုပ်ခွင့်ရပြီ။ နောက်တစ်ခါ စိုက်ရေးပျိုးရေးတွေလည်း ၀ါသနာပါတော့ ကိုယ့်ဘာသာကိုယ်ပဲ တစ်နိုင်တစ်ပိုင်ပေါ့ကွယ်။ သစ်ပင်လေးတွေ မြေ တောင်မြှောက်တာ။ အခုက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကလည်း နိုင်ငံတကာမှာ သိပ်ထွန်းကားနေတယ် မဟုတ်လား။ အားလုံးကလည်း ဒါကို လေ့လာမှုတွေ၊ ပံ့ပိုးမှုတွေ၊ ကူညီမှုတွေလုပ်နေကြတာဆိုတော့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကိုလည်း အဘက သိပ်ပြီးတော့ ၀ါသနာပါတယ်။ အဘခြံထဲမှာတစ်နိုင်တစ်ပိုင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်နေတာပါ။

* မိသားစုစားဝတ်နေရေးအတွက် ဘယ်လိုစဉ်းစားထားလဲ။

ညကတောင် တိုင်ပင်ထားတယ်။ မိသားစုတွေထိုင်ပြီးတော့မှ တို့ဘာလုပ် ကြမလဲ။ ကြီးကြီးမားမားတော့ မလုပ်နိုင်ဘူးလေ။ ကိုယ့် စားဝတ်နေရေးပြေလည်အောင် ဒါလုပ်ရမှာပေါ့။ သားတွေရဲ့ လုပ်ငန်းတွေလည်း မရှိဘူး။ အဘမှာလည်း ဘာစီးပွားရေးလုပ်ငန်းမှ မရှိပါဘူး။ စီးပွားရေးပုဂ္ဂိုလ်ကြီးတွေနဲ့ ပေါင်းပြီး ဖက်စပ်လုပ်ထားတဲ့လုပ်ငန်းလည်း မရှိပါဘူး။ ဘယ်မှာမှ ရှယ်ယာဝင်ထားတာလည်း မရှိဘူးလေ။ ဒါကတော့ အဆင်ပြေလာမှာပါ။ သားတွေကလည်း လူငယ်တွေ၊ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေပါ။ တစ်ချိန်ကလည်း တိုင်းပြည်အတွက်ကို လုပ်ခဲ့ကြတာပဲဆိုတော့ သားတွေနဲ့တိုင်ပင်ပြီးတော့မှ လုပ်ရမှာပေါ့။ အဆင်ပြေလိမ့်မယ်လို့ပဲ မျှော်လင့်တာပေါ့။

* ပြောစရာရှိတာတွေကို မီဒီယာကနေ တစ်ဆင့်ဆက်သွယ်ပြီး ပြောသွားမယ်ဆိုတော့ မီဒီယာကို ဘယ်လိုဆက်သွယ်သွားဖို့ရှိလဲ။ မီဒီယာရဲ့ အနာဂတ်ကိုရော ဘယ်လို မြင်ပါသလဲ။

ပိုပြီး ပွင့်လင်းလာတာ ပိုကောင်းတာပေါ့။ ပွင့်လင်းမှုကို လိုလားတယ်။ မျှော်လင့်တယ်။ အခုဆက်သွယ်ရေးစနစ်က အရမ်းကောင်း နေပြီ။ ဖုန်းလေးတစ်ချက် ဆက်ပြီး ကျွန်တော်ဘာပြောချင်တယ်၊ လာပါဦးဆို ချက်ချင်းပေါက်ချလာမယ် မဟုတ်လား။

* ယုံကြည်ချက်ကြောင့်အကျဉ်းကျနေတဲ့အကျဉ်းသားတွေနဲ့ အဘတို့ကိုလွှတ်ပေးပြီးတဲ့အခါမှာ အမေရိကန်နိုင်ငံက သံတမန် အဆင့်ကို မြှင့်လိုက်ပါတယ်။ကျန်တဲ့ အာဆီယံကလည်း စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ဆိုပြီး အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့ ကိုတောင်းဆိုနေပါတယ်။ အဲဒီအချိန်မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းကို အဘ Message တစ်ခုခုလောက် ပေးပေး ပါဦး။ တိုင်းပြည်တိုးတက်ဖို့ဆိုတာ ပြည်တွင်းအင်အားရော ပြည်ပအင်အားရောလိုအပ်ပါတယ်။ ပြည်တွင်းအင်အားပဲရှိပြီး ပြည်ပ အင်အား မရရင် ဘယ်လို မှမတိုးတက်နိုင်ဘူး။ အခုတော့လည်း ပြည်ပအင်အားတွေက တဖြည်းဖြည်းနဲ့ ၀င်လာပြီပေါ့လေ။ သူတို့ ကလည်း အချိန်အခါနဲ့ အခြေအနေကြည့်ပြီးတော့မှ တဖြည်းဖြည်းနဲ့ တစ်လှမ်းချင်း တစ်လှမ်းချင်းဝင်လာတာပေါ့။ တစ်လှမ်းလှမ်း လိုက်၊ တိုးတက်မှုမြင်ရင် နောက်တစ် လှမ်းလှမ်းလိုက်။ နောက်တိုးတက်မှု မြင်ရင် နောက်တစ်လှမ်းလှမ်းလိုက်။ အခု တိုးတက်မှုလေး တွေ မြင်မြင်လာတော့ လှမ်းလာကြတာတွေ့ရပါတယ်။ အမေရိကန်က အရင်တုန်းက၊ ကျွန်တော်တို့ရှိတုန်းကဆိုရင် သံတမန်အဆင့် ကိုချလိုက်တာပေါ့။ အခုသံတမန်ထားမယ်ဆိုတော့ သိပ်ကောင်းတာပေါ့ဗျာ။ သိပ်ကောင်းတာပေါ့။ နောက်အာဆီယံကလည်း အခု ဆိုရင် မြန်မာနိုင်ငံဘက်က ရပ်တည်ပေးနေတယ်လေ။ မြန်မာနိုင်ငံကလည်း အာဆီယံဥက္ကဋ္ဌရပြီလေ။ မြန်မာနိုင်ငံရဲ့ Image က တော်တော်လေးကောင်းနေပါပြီ။ ဒါကြောင့်မို့လို့ အခုပံ့ပိုးတဲ့ အမေရိကန်နိုင်ငံရော၊ နောက်လည်းလာဦးမယ့် အီးယူနိုင်ငံတွေရော၊ အာဆီယံနိုင်ငံတွေရော အခုလို မြန်မာနိုင်ငံကို တိုးတက်ဖွံ့ဖြိုးလာအောင် ကိုယ်ချင်းစာစိတ်နဲ့ပေါ့လေ။ မြန်မာနိုင်ငံသူနိုင်ငံသားတွေ အတွက် စားဝတ်နေရေးကအစ အဆင့်မြင့်လာအောင် အခုလိုပံ့ပိုးကူညီမှုတွေပေးမယ်လို့ ဆောင်ရွက်နေတာတွေ နောက်တစ် ဆင့်တိုးပြီးပေးလာပါလို့ တောင်းဆိုချင်ပါတယ်။

* စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂက မရုပ်သိမ်းရသေးဘူး။ ဩစတြေးလျကတော့ ရုပ်လိုက်ပြီ။ အဲဒါနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးပါဦး။

Sanction လုပ်ထားတဲ့အတွက် ကျွန်တော်တို့ တိုင်းပြည်သိပ်နစ်နာတာပေါ့ဗျာ။ တိုင်းပြည်နစ်နာတယ်ဆိုတာ ပြည်သူတွေ နစ်နာတာ ပဲလေ။ Sanction က မြန်မြန်ရုပ်သိမ်းလေ ပြည်သူအတွက် ပိုပြီးတော့ အခွင့်အလမ်းတွေ ဖြစ်ထွန်းလေပဲ။ Sanction လုပ်ထားတဲ့ အတွက် စီးပွားရေးလုပ်ငန်းလုပ်တဲ့သူတွေလည်း အကန့်အသတ်နဲ့လုပ်ထားရတာ။ ကျွန်တော်တို့နိုင်ငံအတွက် အရေးအကြီးဆုံး Challenge က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပဲ။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး အားလုံးတစ်ပြေးညီ ဖြစ်ထွန်းပြီးတော့မှ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဖြစ်ထွန်းမှာက နံပါတ်(၁)ပါ။ နံပါတ်(၂)က စီးပွားရေး။ စီးပွားရေးကောင်းမှ ပြည်သူတွေရဲ့ဘ၀ ဖူလုံမှာပေါ့။ ပြည်သူတွေရဲ့ဘ၀ မြင့်မားမှာပေါ့။ စီးပွားရေးမှာ ကျွန်တော်တို့ မြန်မာနိုင်ငံက သိပ်မကောင်းဘူး။ အဲဒီ နှစ်ခုကောင်းပြီ ဆိုရင် တိုင်းပြည် တိုးတက်ပြီပဲ။

Myanmar Times


16 comments:

ဘယ်သူတွေဘာပြောပြော ဟိုးအရင် မဆလ ခေတ်မှာ နိုင်ငံတော်အကြီးအကဲရဲ့  PA ဘ၀ ၊ န၀တခေတ်မှာကိုယ်တိုင် နိုင်ငံတော်ရဲ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးအဖြစ် နိုင်ငံရေး ၊စီးပွါးရေး ၊ လုံခြုံရေး ၊ ငြိမ်းချမ်းရေး တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့
အဘဦးခင်ညွန့်  ကိုနိုင်ငံတော်သမ္မတရဲ့  အကြံပေး တစ်နေရာပေးသင့်ပါတယ်၊

ကလေးဆိုတော့ ကလေးအတွေးတခုနဲ့ပဲပြောချင်ပါတယ်
ဥပမာ-ဦးခင်ညွှန်က အပ်တချောင်းဖြစ်မယ်ဆိုရင်တောင် ခက်ခဲကြမ်းတမ်းစွာ လျှောက်လှမ်းနေတဲ့ ပြည်သူတွေရဲ့ခြေဖုဝါးတွေမှာ
ဆူးနင့်နေတဲ့ဆူးတွေကိုဖယ်ထုတ်ပေးမဲ့ အပ်တချောင်းဖြစ်မယ်ထင်တယ်
Mrs Aris ကြီးကတော့ နာနေတဲ့ အသားတွေ ထပ်နာလည်းမထူးတော့ပါဘူးဆိုရင် အပ်တချောင်းလုံး ၀င်သွားအောင်
ထိုးသွင်းမဲ့ လူစားမျိုး ဖြစ်မယ်ထင်တယ်
ကလေးမိုလို့ ကလေးအတွေးပဲ တွေးတက်တာနော်...(ဂဏန်ကောင်)တွေလိုတော့ အမြင့်ကြီးမတွေးတက်ဘူး
မှားရင်ခွင့်လွှတ်ပေးနော်...

ဘဘ ကျန်းမာပါစေ... စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံပါစေ.... ဖြစ်နိုင်ရင် သမ္မတကြီး အကြံပေး ပြန်လုပ်စေချင်ပါတယ်ယ်ယ်....

ဦးခင်ညွန့်က နံပါတ်(၁)တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နံပါတ်(၂)စီးပွားရေးတိုးတက်ကောင်းမွန်ရေး၊အဲဒီနှစ်ခုကောင်းဘို့လိုတယ်လို့ ပြောပါတယ်။လုံးဝလက်ခံပါတယ်။ ကျနော်ဆက်ပြောပါမယ်။ အဲဒီနှစ်ခုအခြေအနေကောင်းမှ နံပါတ်(၃)ခိုင်မာကောင်းမွန်တဲ့ဒီမိုကရေစီစံနစ်တစ်ရပ် ရှင်သန်ပေါ်ထွန်းနိုင်မှာ ဖြစ်ပါတယ်။ ဦးခင်ညွန့်ပြောတဲ့နံပါတ်(၁)နဲ့(၂)တွေဟာ နံပါတ်(၃)အတွက် မရှိမဖြစ် prerequisites တွေဖြစ်တယ် လို့ယုံကြည်ပါတယ်။ ကျနော်တို့နိုင်ငံမှာ လွပ်လပ်ရေးရပြီးကတည်းကဒီနေ့အထိ နံပါတ်(၁)(၂) အခြေနေမကောင်းသေးပါဘူး။ အဲဒီနှစ်ခုမကောင်းလို့ ပါလီမန်ဒီမိုကရေစီခေတ် ကျဆုံးသွားခဲ့ရတာမဟုတ်ဘူးလား။ တိုင်းရင်းသားစည်းလုံးညီညွတ်မှနိုင်ငံအေးချမ်းသာယာတည်ငြိမ်မယ်၊နိုင်ငံအေးချမ်းသာယာမှ စီးပွားရေးအခြေအနေတိုးတက်ကောင်းမွန်ပြီး အားကောင်းတဲ့လူလတ်တန်းစား strong middle class တစ်ရပ်ပေါ်ထွက်လာနိုင်တယ်။ နိုင်ငံတစ်နိုင်ငံမှာ အားကောင်းတဲ့လူလတ်တန်းစားတစ်ရပ်မရှိဘဲ ဒီမိုကရေစီစံနစ်တည်ဆောက်လို့မရဘူးဆိုတာ ဒီမိုကရေစီပညာရှင်တိုင်းပြောပါတယ်။ ဒါပေမဲ့ကျနော်တို့နိုင်ငံက ဒီမိုကရေစီအရေးလှုပ်ရှားသူများကတော့ နံပါတ်(၁)နဲ့(၂) ကိုကျော်ပြီးနံပါတ်(၃)ကိုဇွတ်အတင်းဦးစားပေးတောင်းဆိုနေကြတာ အံ့သြဘို့ကောင်းပါတယ်။ ကျနော်တို့နိုင်ငံရဲ့အခြေအနေက ဒီမိုကရေစီအရေးသည် နံပါတ်(၁) မဟုတ်သေးပါ။ လက်ရှိအစိုးရကတော့ (၃)ခုလုံးတပြိုင်နက်ကြိုးစားအကောင်အထည်ဖေါ်နေတာ တွေ့ရတယ်။ အောင်မြင်ပါစေလို့ ဆုတောင်းနေရပါတယ်။ ဒါပါဘဲ။

အဘထင်မြင်သုံးသပ်ချက်များအားလေးစားမိပါတယ် ဒါပေမယ့်အဘထင်သလို မြန်မာနိုင်ငံဟာ တရှိန်ထိုးတိုးတတ်ဖို့ ဆိုတာမဖြစ်နိုင်သေးပါဘူး လူတွေတော်တော်များများက တိုင်းပြည်တည်ထောင်ရာတွင် အာပေါင်ကျယ်လေထွားသူတွေ ကိုခုထက်ထိ အလေးထားနေတုန်းပါဘဲ အဘတင်မကပဲ အဘနှင့်ပတ်သတ်သူများ ကိုပါ စားဇလုံတစ်လုံးမကျန်အောင် သိမ်းပြီးအပြစ်တွေ ဝေေ၀ဆာဆာကြီးပေးခဲ့တယ့် သူတွေက ဒီအချိန်မှာ အထောက်အခံပေါင်းများစွာနဲ့ ဇိမ်ကျကျနေနေနိုင်နေပြီလေ သူတိုနှင့်သူတို့အသိုင်းအ၀ိုင်းတစ်စုက တော့တော်တော်လေးခိုင်နေပြီပေါ့ ဒီတော့တိုင်းပြည်ရေးရာမှာ ဘာမှဝင်မလုပ်တော့ဘူး တိုင်းပြည်အလုပ်ဆိုတာ ရုံးသွားရုံးပြန်အဆင့်လောက်သာသတ်မှတ်နေကျပြီ သစ္စာရှိဖို့ဆိုတာဝေးလို့ လှည့်တောင်မကြည့်တော့ဘူး ဒါကိုနိုင်ငံတော်ရဲ့
ဥိးဆောင်မှုများစွာကို ကိုယ်တိုင်ပါဝင်လုပ်ကိုင်ခဲ့သူ အတွေ့အကြုံရင့်ကျက်သူတစ်ဦးအနေဖြင့် အဘစဉ်းစားမိပါစေလို့မျှော်လင့်မိပါတယ်။

အဘထင်မြင်သုံးသပ်ချက်များအားလေးစားမိပါတယ် ဒါပေမယ့်အဘထင်သလို မြန်မာနိုင်ငံဟာ တရှိန်ထိုးတိုးတတ်ဖို့ ဆိုတာမဖြစ်နိုင်သေးပါဘူး လူတွေတော်တော်များများက တိုင်းပြည်တည်ထောင်ရာတွင် အာပေါင်ကျယ်လေထွားသူတွေ ကိုခုထက်ထိ အလေးထားနေတုန်းပါဘဲ အဘတင်မကပဲ အဘနှင့်ပတ်သတ်သူများ ကိုပါ စားဇလုံတစ်လုံးမကျန်အောင် သိမ်းပြီးအပြစ်တွေ ဝေေ၀ဆာဆာကြီးပေးခဲ့တယ့် သူတွေက ဒီအချိန်မှာ အထောက်အခံပေါင်းများစွာနဲ့ ဇိမ်ကျကျနေနေနိုင်နေပြီလေ သူတိုနှင့်သူတို့အသိုင်းအ၀ိုင်းတစ်စုက တော့တော်တော်လေးခိုင်နေပြီပေါ့ ဒီတော့တိုင်းပြည်ရေးရာမှာ ဘာမှဝင်မလုပ်တော့ဘူး တိုင်းပြည်အလုပ်ဆိုတာ ရုံးသွားရုံးပြန်အဆင့်လောက်သာသတ်မှတ်နေကျပြီ သစ္စာရှိဖို့ဆိုတာဝေးလို့ လှည့်တောင်မကြည့်တော့ဘူး ဒါကိုနိုင်ငံတော်ရဲ့
ဥိးဆောင်မှုများစွာကို ကိုယ်တိုင်ပါဝင်လုပ်ကိုင်ခဲ့သူ အတွေ့အကြုံရင့်ကျက်သူတစ်ဦးအနေဖြင့် အဘစဉ်းစားမိပါစေလို့မျှော်လင့်မိပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်လည်းတိုင်းပြည်အပေါ်တော်
တော်လုပ်ပေးခဲ့ပါတယ်။သူမှားခဲ့တာလည်းရှိချင်ရှိမှာပေါ့။
လောကမှာအမှားကင်းတဲ့လူဆိုတာမရှိပါဘူး။ဦးခင်ညွန့်
လည်းလူကောင်းပါ။

ဗိုလ်ချုပ်ခင်ညွန့်က အမြော်အမြင်ကြီးပါတယ် သူအမြော်အမြင်ကြီးလို့သာ မြန်မာနိုင်ငံမှာ နေရာအနှံအပြားမှာ ဘင်္ဂါလီမူဆလင်တွေခိုးမဝင်နိုင်တာပါ။ ဒါပေမဲ့သူရဲ့ ရဲဘော်ရဲဘက်တွေကအသုံးမကျကြဘူး အေဒါနဲ့သူကထောင်ထဲကိုရောက်သွားကြတာပါ။ သူသာအမြော်အမြင်မကြီးခဲ့ရင် ဒီနေ့မြန်မာနိုင်ငံအနှံအပြားမှာ ရခိုင်ပြည်ဘက်မှာဖြစ်သလို အိန္ဒိယနိုင်ငံမှာ ဖြစ်သလို အိမ်မီးရှို့မူတွေဖြစ်နေလောက်ပါပြီး။ ဒီအချက်ကိုတော့ကျေးဇူးတင်ရမေ ဒို့မြန်မာတွေ။

Dear U khin Nyunt, you are clever. But not enough experience. You got jump promoted. But system you forgot. For example, your soldier can get bonus 6 months 1 time as gold minium 1/2 kyathar. Do you think ,for front line soldier fair?And some business players do illegal trade, and earns alot money.Fair?Examample,your goverment stop car permit for foreign workers and take their money doller your business people.After your business people sell to us high price land or house or what ever.They never do any cents doller.

That is our hard earn money. Cheating to people.We can not hold our money in myanmar your time. They can hold.So we were robbed. Alot your follwers cheat to country.All project with them.Example, U Khin Shwe how much make money for country yet.Any cents?How many cents.The same all.Every can do any project if you support money.U khin Shwe had said that politician shoulden't do business,because they don't know . it mean party business company. He had done as earlier stage example.He got catering business for oil gas industy . For 1 person 2 doller 1 day. But he supplied food 30 kyats vallue.That time exchange rates was 1 us 100Kyats. Fair?That chance who give?All the same the whole way.He had mentioned that we were not understand business?Power holder and
business partner combined, sure low level more and more poor.Because all selfish.Not for country. But they will say for country.

You had said that all insurgent group people need to stay at city do business.So they not go back.Yes or not?They do drug business in gungle and at city wash their money.So they can spend money than ordinary people.In Mandalay they write noice as "Bamar No Intery" infront of their home gate.I am burmese ,how I will feel.Who bring these people?I can say that you were short sight only see. Your ways is too narrow.I were government staff. Just nomal. How I can work , with less income money compare to orther who earn a lot illegally money.1994 I came to Singapore started work.We had worked hard only can get money. Your time ,No tax pay no inter to country.If my farther got feeling not well, not yet pay tax how I can come back.I can say that you were abuse power that time. A lot people say, you were very good because you can spent money for country purpose. But they all use unfair way.You too.Your family too.Some people happy with you.Because they can do business with you unfair way abusing power . 1972 time if we worked outside, weacme back, we can buy car , we can buy room.Now? all earn money cheated by your partners.

Most worse thing .I want to say that what really happen Singapore.You allow people to go out country very 1st, because you don't want pressure in country.Some people no education.So they can not get the job.One boy do masterbation to singaporian for 5 sin doller. Evening Chinese news mentioned it as myanmar. How you will feel if you were in singapore ?And a lot story I can say.Some Girl Doctor came to Singapore. Can not get the job . For her servival to work as operator.After she can not do hard work , ask to help Myanmar supervisor.later she were second wife of him.That time you were shouting that our sports must be world.My brothers class , education too. In Myanmar, my brother aslo said you were very good.I had smiled . If your way can build the country easily, I will kill myself, answered to him.After you got catched, alot people run to Singapore and buy rooms and asked their to study abroad as Auss,England and orthers. A lot money invested here too.This unfair way who started.May be you love country.We also love.But we do service honestly.Last thing I

Last thing I want to say. Your era people who was just 9th standard but your business supported one. He came and said that we should love country and come back to serve country under their suport money......
How I will feel. Last time I got proposal government deputy ministry, to build CNC in myanmar and raise country industry.He agreed it. But he said no power.I also proposed that, governmet power holder, Business people and all our techanical people can build business together for country.He said yes. But......Now government asked to come back.Some politician too.
I want to ask some politician that how much you had done for country? Just shout democracy no way.
Government too, mentioned about country , took all chance to your people , i say no way...I had done for country near 10 years until my head blood drop.
In Singapore , happy or not happy I had paid tax near 18 years.Especially never see the danger of country , who those so selfish and cunning fox politician and business people , for them no way to service any more.

We have a vacant dishwasher.
Come and ask him to wash my at home.
I will pay him 20 $ per hour.
He should know the basic life before he dies.
He does not know poor life.

ဝန်ကြီးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွှန့် ပြောသွားတာ တွေက ယနေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အေးချမ်းသာယာပြီး စည်းကမ်းပြည့်ဝ သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်နေတဲ့နိုင်ငံမှာ ဒီလိုအရည်အချင်း အရည်သွေးရှိတဲ့ အဘခင်ညွှန့်တို့လိုလူမျိုးတွေ လိုအပ်တယ်.... တစ်ခါလေးမှားမိတာကို မှားတယ်လို့ပြောရင် အဒီပြောတဲ့သူတွေကရော တစ်ခါမှအမှားမလုပ်ဘဲနေဘူးလား၊ အရင်တုံးက အဘဦးခင်ညွှန့် နိုင်ငံတော်ကို ကောင်းမွန်အောင်လုပ်ခဲ့တာတွေ၊ ပညာရေးကိုဦးစားပေး၊ စီးပွားရေး၊ လူမှုရေးတွေမှာ အားတတ်သရောပါဝင်တာတွေကျတော့ရော၊ အဒါတွေကိုဘာဖြစ်လို့ထည့်မတွက်တာလဲ၊ လူတစ်ယောက်မှာ တစ်ခါတော့မှားတာပဲ၊ အဒီအမှားအတွက် နိုင်ငံတော်ကပေးတဲ့ အပစ်ကိုလဲခံပြီးသွားပြီး... ကျေအေးလိုက်ပြီးတော့ အမြော်အမြင်ရှိတဲ့သူတစ်ယောက် နိုင်ငံတော်မှာ နိုင်ငံတော်သမ္မတအကြံပေးအဖြစ်ခန့်ထားလိုက်မယ်ဆိုရင် ပြည်သူတွေရော လက်နက်ကိုအဖွဲ့အစည်းတွေကပါ ကြူဖြူကျေနပ်နေလိမ့်မယ်.... အဘခင်ညွှန့်ရဲ့ ဗျူဟာကိုဘယ်သူမှ မမှီဘူး....

so,you know everything??????????????

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်