Subscribe to our RSS Feed

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေး ရန်ပုံငွေထားရှိရန် ပြည်သူ့လွှတ်တော် အတည်ပြု

From : ခေတ်လူငယ်

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေး ရန်ပုံငွေစာရင်း ခေါင်းစဉ်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း ရန်ပုံငွေတစ်ရပ်ထားရှိရန် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ကြောင်း သိရသည်။ ယင်းအဆိုက ကချင်ပြည်နယ်၊ မြစ်ကြီးနားမဲဆန္ဒနယ်လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းဖော်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်က ဇန်နဝါရီ ၂၆ ရက်တွင် ပြုလုပ်သော ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် တင်သွင်းခဲ့သည်။ “လွတ်လပ်ရေးရပြီးစကစပြီး ယနေ့ထက်တိုင် အကြောင်းအမျိုးမျိုးကြောင့် လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ပေါက်လျက်ရှိပါတယ်။ ယခုအခါမှာ လက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးဆောင်ရွက်နေပါတယ်။ ငြိမ်းချမ်းရေးယူပြီးတဲ့ ဒေသများဟာ ခေတ်အဆက်ဆက်က ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မှု အားနည်းတဲ့ ဒေသတွေဖြစ်တာကြောင့် အပစ်အခတ်ရပ်စဲပြီးတဲ့ ဒေသတွေမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ဖို့ လိုတာကြောင့် အဆိုတင်ရတာပါ” ဟု ဦးသိန်းဇော်က ပြောသည်။ ယင်းအဆိုကို ချီဗွေမဲ ဆန္ဒနယ်မှ ဦးဇုံးတိန့်နှင့် တနိုင်းမဲဆန္ဒနယ်မှ ဦးမျိုးဆွေတို့က ထောက်ခံဆွေးနွေးခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြာထားပါသည်။

Myanmar Express

4 comments:

နိုင်ငံရေးပါတီတွေမှာ သူ့တို့ရဲ့ စံနဲ့ ကိုက်ညီအောင်ရေးထားတဲ့ အဆိုပြုချက် ဖွဲ့စည်းပုံဥပဒေ ဆိုတာတွေ၇ှိရမှာဖြစ်ပါတယ် NLD ပါတီအနေနဲ့ အဲ့လိုမျိုးတွေရှိရင် ပြည်သူတွေကချပြစေချင်ပါတယ်။

၁။ ဒေါ်အောင်ဆန်စုကြည် ချမှတ်ထားတဲ့ ဥပဒေ လေးများရှိပါသလား။
၂။ တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည် အာနာ ရရင် လက်ရှိအစိုးရ ခင်းပေးသွားတဲ့ အဆောက်အဦးတွေ မြို့တွေ လွတ်တော်တွေ လေဆိပ်တွေ လမ်းသတားတွေ ကိုဆက်ပြီးအသုံးပြုမှာလား နေပြည်တော်မှာရောရုံးထိုင်မှာလား ? ဘာလို့လဲဆိုတော့ လက်ရှိအစိုးရက ချမှတ်ထားတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ တွေကို NLD နဲ့ အတိုက်အခံတွေ အရင်ကသဘောမတူခဲ့တဲ့ အတွက်ကြောင့်ပါ။ နေပြည်တော်မြို့ တည်ဆောက်စဉ်ကလဲ သူတို့အားလုံးကန့်ကွက်ခဲ့လို့ပါ ။ သိပါရစေ။။

very good commenter aung gyi,, i would like your question..
aung san su kyi is real myanmar citizen?,,

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်