Subscribe to our RSS Feed

ကမ္ဘာကြီး ပျက်စီးခန်နီးလို့ ဗုံးခိုကျင်းများ ဝယ်နေကြပြီ


၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ လ ၂၁ ရက်နေ့တွင် ကမ္ဘာကြီး ပျက်သုဉ်းတော့မည်ဟု လွန်ခဲ့သော ၅၁၂၅ နှစ်က မာယာလူမျိုးတွေက နက္ခဗေဒပညာတွေ သင်္ချာဗေဒပုံ သေနည်း များနဲ့ သေသေချာချာ တွက်ပြခဲ့သည်။ မာယာလူမျိုးများ၏ ဟောပြောချက်ကို ယုံကြည်သူအနောက်တိုင်းသား အများအပြားရှိသည်။ အမေရိကန် အာကာသ အေဂျင်စီ ဖြစ်သော နာဆာကပင် ဌာနခွဲတစ်ခုဖွင့်ကာ ထိုကိစ္စနှင့် ပတ်သက်၍လက်ခံ ပြန်ကြားပေးနေရသည်။ ”၂ဝ၁၂ မှာ ကမ္ဘာဘာမှ မဖြစ်နိုင်ဘူး”ဟု နာဆာအဖွဲ့က ၄င်း၏ ဝက်ဘ်ဆိုက်တွင် တင်ထားသည်။ ”ဒီကမ္ဘာဂြိုလ်ကြီက နောက် ထပ် နှစ် ၄ ဘီလျံလောက်ထိ ဘာမှမဖြစ်နိုင်ဘူး”ပြောသည်။ စိုးရိမ်ပူပန်နေသော အမေရိကန်များကား (၁၇)ပေါင်တန် အန္တရာယ်ကင်း လမ်းညွန် စာအုပ်မှစပြီး ပေါင် ၃၂ဝဝတန် ဗုံခိုကျင်းမျိုးထိ ဝယ်နေကြသည်။ ကယ်လီဖိုနီးယား ပြည်နယ်မှ စီးပွားရေး လုပ်ငန်းရှင် ရောဘတ် ဗီစီနိုဆိုလျှင် ဇိမ်ခံဗုံးခိုကျင်းများ ဆောက်လုပ်ကာ ငှားရမ်းရန်ပင် စီစဉ်နေသည်။ သူ၏ ဗုံခိုကျင်းတွင် တစ်နေရာ ငှားရမ်းရန် စရံသက် ထားသူစတိဗ်ကမူ ”ကျုပ်တို့ကရူးနေတာမဟုတ်ဘူး ကျုပ်မိသားစုက အသက်ရှင်ချင် ကြတော့ ဒီလိုပဲ လုပ်ရမှာပဲ။”ဟု ပြန်ပြော၏။ ဂျေဆန်ဟောခ်ျ ဆိုသူ ကလည်း ”ဒါက အသက်ရှင်ဖို့ အတွက် ရင်းနှီးမြှုပ်နှံမှုဗျ”ဟု ပြောသည်။

3 comments:

ုငါလည်းမြန်မြန်ဝယ်မှဖြစ်တော့မယ်....

ုငါလည်းမြန်မြန်ဝယ်မှဖြစ်တော့မယ်....

ကျုပ်တို့နိုင်ငံကို ဂျပန်တွေ ဗုံးကျဲတုံးက ကျင်းထဲဝင်ပုန်းကြတာ သတိရမိတယ်ဗျာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်