
၂၀၁၂ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ ၅နှစ်တာ ဆောင်ရွက်မယ့် မသန်စွမ်းသူများ လူမှုအသိုင်း အ၀ိုင်းအတွင်း ၀င်ဆံမှုမြင့်တင်ရေး စီမံကိန်း Disability Inclusive Project ကို ဂျပန်နိုင်ငံ The Nippon Foundation မှ ကူညီထောက်ပံ့မှုနဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ မှ ဆောင်ရွက် မှာဖြစ်တယ်လို့ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ Internation Business Center မှာ ကျင်းပပြုလုပ် တဲ့ အဆိုပါ Project ရှင်းလင်းမိတ်ဆက်ပွဲမှ သိရပါတယ်။

အဆိုပါ Project မှာတော့ အကျုံးဝင်တဲ့ တိုင်းဒေသကြီး ပြည် နယ်တွေအနေနဲ့ ပထမနှစ်စီမံကိန်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ ပြုလုပ်မှာဖြစ်ပြီး ကျန်နယ်တွေမှာတော့ တခြားပြည်နယ်နဲ့ တိုင်းေ ဒသကြီးတွေမှာ ဆက်လက်ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
2 comments:
သတင်းကောင်းလေးပါပဲ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ပါစေဗျာ..
တတ်နိုင်သလောက် ဝင်ရောက် ကူညီပါ့မယ်.
ကျေးဇူတင်ပါတယ်နှင်း
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်