Subscribe to our RSS Feed

ငါးထောင်တန်ဖုန်းအစီအစဉ် ဆက်သွယ်ရေးထံကမ်းလှမ်း


From : ခေတ်လူငယ်

အစိုးရခွင့်ပြုချက်ရလျှင် ကျပ်ငါးထောင်တန်ဖုန်းရောင်းချမည်ဟု ဆိုသော ရွှေပြည်တံခွန်ကုမ္ပဏီ၏ ငါးထောင်တန်ဖုန်းကိစ္စကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းထံသို့ ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းစာနှင့် အစီအစဉ်အသေးစိတ်ကို ဇန်နဝါရီလ ၂၅ ရက်နေ့က တင်ပြထားကြောင်း ယင်းကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထန်ကျင်တောင်းက ပြောကြားသည်။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ဖုန်းလိုင်းလေးသန်းစီမံချက်ကို ဆောင်ရွက်လျက်ရှိရာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငါးထောင်တန်ဖုန်း ချထားပေးနိုင်ခြင်းရှိ၊ မရှိမေးခွန်းနှင့် ပတ်သက်၍ “အစိုးရခွင့်ပြုရင် ဘာမဆိုဖြစ်ပါတယ်။ အခုက သူတို့ခွင့်ပြုချက်ကို ထိုင်စောင့်နေတာပါ” ဟု ၎င်းက ဆိုသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ်ဖုန်းဌာန အင်ဂျင်နီယာချုပ် ဦးစိုးအောင်က အဆိုပါ ငါးထောင်တန် ဖုန်းစာတင်ခြင်းကိစ္စနှင့်ပတ်သက်၍ မိမိတို့မသိရှိကြောင်း ပြောကြားသည်။ “ဒီကိစ္စဖြစ်နိုင်မဖြစ်နိုင် လူကြီးပိုင်းတွေပဲ သိတဲ့ကိစ္စပါ။ ကျွန်တော်တို့ မသိပါဘူး” ဟု ၎င်းက ဆိုခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်