Subscribe to our RSS Feed

နိုင်ငံတကာလေကြောင်းလိုင်းများ နေပြည်တော်လေဆိပ်တွင် တိုက်ရိုက်ဆင်းသက်လိုပါက လေကြောင်းညွှန်ကြားမှုဦးစီးဌာနသို့ လျှောက်ထားနိုင်


နိုင်ငံတကာနှင့် ချိတ်ဆက်ပျံသန်းနေသည့် ခရီးသည်တင်လေကြောင်းလိုင်းများအနေဖြင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တိုက်ရိုက်ဆင်းသက်လိုပါက လေကြောင်းညွှန်ကြားမှုဦးစီးဌာနသို့ တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း သိရသည်။ ယင်းလေဆိပ်သို့ ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းများအား ပြောင်းရွှေ့ပြေးဆွဲရမည့်အစီအစဉ်ကို လေကြောင်းညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အတင်းအကျပ် ဆောင်ရွက်သွားမည်မဟုတ်ဘဲ ယင်းသို့ဆင်းသက်လိုပါက ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရသည်။ ယင်းကဲ့သို့ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြည်ပလေကြောင်းလိုင်းများ ပြေးဆွဲမည်ဆိုလျှင် လေကြောင်းလိုင်းကုမ္ပဏီအမည်၊ ဧည့်သည်အရေအတွက်၊ ပျံသန်းချိန်များ၊ လေယာဉ်အမျိုးအစား၊ ပျံသန်းမည့်နိုင်ငံ၏ သတ်မှတ်လေကြောင်းလိုင်းဖြစ်ကြောင်း ဌာနအထောက်အထားတို့ကို တင်ပြရမည်ဖြစ်သည်။ နေပြည်တော်လေဆိပ်မှ ပျံသန်းခွင့်လျှောက်ထားရာတွင် လက်ရှိရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းလျက်ရှိသည လေကြောင်းလိုင်းများမှာ နှစ်ပတ်အတွင်း ပျံသန်းခွင့်ပါမစ် ရရှိမည်ဖြစ်ကြောင်း၊ လေကြောင်း လိုင်းသစ်ဖြစ်ပါက တစ်လအတွင်း ပါမစ်ရရှိနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၆ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်