Subscribe to our RSS Feed

၈၈ မျိုးဆက် သတင်းစာရှင်းလင်းပွဲ ကျေနပ်စရာ တကွက်မှ မရှိ


ဒီကနေ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလာ ၂၁ ရက်နေ့မှာ ၈၈ မျိုးဆက် ကျောင်းသားများ ဆိုပြီး နာမည်ခံထားတဲ့လူတွေက သတင်းစာရှင်းလင်းပွဲတစ်ခုကို လုပ်သွားခဲ့ပါတယ်။ သတင်းထောက်အများအပြားကို ဖိတ်ကြားခဲ့ပေမယ့် အခန်းအနားတက်ရောက်သူ တဝတ်ကျော်က သူတို့လူတွေသာဖြစ်နေတာကို တွေ့ရပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ တစ်ယောက်ပြီး တစ်ယောက်က ထပြီး မိုက်ခရိုဖုန်းရှေ့ကုန်းကာ စကားတွေပြောခဲ့ကြပါတယ်။ ပြောတဲ့အထဲမှာ ခဏခဏ ပါတဲ့ စကားကတော့ ၈၈ ကျောင်းသားတွေက ၂၃ နှစ်ကျော် အနစ်နာခံခဲ့တဲ့အကြောင်း ဖြစ်ပါတယ်။ ၈၈ ကျောင်းသားတွေရဲ့ ၂၃ နှစ်ကြိုးစားမှုမှာ ဘာမှတိုးတက်မလာတဲ့အကြောင်းနဲ့ ၈၈ ကျောင်းသားတွေ ကြိုးစားမှုကြောင့် ပြည်သူတစ်ဦးတစ်ယောက် ဘယ်လို တိုးတက်ကောင်းမွန်သွားတယ်ဆိုတာကိုတော့ ရှင်းမပြခဲ့ပါဘူး။

ဒါ့အပြင် ဦးမင်းကိုနိုင်က ဒီကနေ့ နိုင်ငံရေးတိုးတက်မှုက ၈၈ မျိုးဆက်တွေရဲ့ ကြိုးပမ်းမှုတွေ ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီနေ့ မှမဟုတ်ပဲ ဟိုးအရင်ကတည်းက နိုင်ငံတော်အကြီးအကဲတွေက လမ်းပြမြေပုံ ခုနှစ်ချက်ကို ရေးဆွဲကာ နိုင်ငံတော်သစ်တည်ဆောက်ဖို့ အစီစဉ်ဆွဲခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလမ်းပြမြေပုံ ၇ ချက်ကတော့

၁။ ၁၉၉၆ခုနှစ်ကစတင်၍ ယာယီအားဖြင့်ဆိုင်ငံ့ထားလျှက် ရှိသော အမျိုးသား ညီလာခံကို ပြန်လည်ကျင်းပခြင်း။


၂။ အမျိုးသားညီလာခံကြီးအောင်မြင်စွာကျင်းပပြီးစီးသည့်အခါ စစ်မှန်သည့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေးအတွက် လိုအပ်သော ဆောင်ရွက်ဖွယ်ရာ လုပ်ငန်းစဉ်များကိုတဆင့်ပြီးတဆင့် ဆက်လက်ဆောင်ရွက်ခြင်း။

၃။ အမျိုးသားညီလာခံကြီးက ချမှတ်ပေးသော အခြေခံမူများနှင့် အသေးစိတ်အခြေခံ ရမည့်မှုများနှင့်အညီဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုရေးဆွဲခြင်း။




၎။ ဖြစ်ပေါ်လာသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကိုပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကျင်းပ ၍အတည်ပြုခြင်း။



၅။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ လွှတ်တော်များဖွဲ့စည်းရေး အတွက်တရားမျှတသော ရွေးကောက်ပွဲများကျင်းပခြင်း။




၆။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်နှင့်အညီလွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်အစည်း အဝေးပွဲများကျင်းပခြင်း။



၇။ လွှတ်တော် ကရွေးကောက် တင်မြှောက်သောနိုင် ငံတော်အကြီးအကဲများနှင့် လွှတ်တော်ကဖွဲ့စည်းပေးသော အစိုးရအဖွဲ့နှင့်အာဏာပိုင်အဖွဲ့အစည်းများဖြင့်ခေတ်မှီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေ စီနိုင်ငံတော်သစ်တည်ဆောက်ခြင်း။

တို့ဖြစ်ပါတယ်။ နိုင်ငံတော်မှ အစိုးရနဲ့ တာဝန်ရှိသူများက အဲဒီမူဝါဒ ခုနှစ်ချက်အတိုင်းလုပ်ဆောင်နေရာက ဒီနေ့ မြင်တွေ့နေရတဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ဖြစ်လာရတာဖြစ်ပါတယ်။ ၈၈ မျိုးဆက်တွေ လုပ်ခဲ့လို့ ဖြစ်လာတာလည်း မဟုတ်သလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လုပ်ခဲ့လို့ ဒီနေ့ ရလဒ်ကောင်းတွေ ဖြစ်လာတာ မဟုတ်ပါဘူး။

၈၈ မျိုးဆက်တွေနဲ့ ဒေါ်အောင်ဆန်းဆုကြည်နဲ့ NLD က လမ်းပြမြေပုံ ၇ ချက်ကို ကန့်ကွက်ခဲ့ကြပါတယ်။ အမျိုးသားညီလာခံ ကို မတက်ခဲ့ကြပါဘူး၊ တက်သူတွေကိုလည်း ရှုံ့ချခဲ့ပြီး မတက်သူတွေကို ထောက်ခံခဲ့ကြသူတွေဖြစ်ပါတယ်။ အခြေခံဥပဒေမူကြမ်းကိုလည်း ပိုးစိုးပက်စက် မကောင်းပြောခဲ့သူတွေဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ခဲ့ကြသူတွေဖြစ်ပါတယ်။

ဒါတောင်မှ ဒီကနေ့ နိုင်ငံတော်ရဲ့ တိုးတက်မှုတွေက သူတို့တွေ အနစ်နာခံခဲ့လို့၊ သူတို့တွေ ၂၃ နှစ်လုံးကြိုးစားခဲ့လို ဖြစ်လာတယ်လို့ အရှက်မရှိပြောနေကြတာကို တွေ့နေရပြန်ပါတယ်။


သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက်ဆိုသူ ဦးမင်းကိုနိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုမှ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်တဲ့အပေါ်မှာ ကြိုဆိုကြောင်း ပြောကြားခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ အမျိုးသားညီလာခံကို မတက်ခဲ့ခြင်း၊ အခြေခံဥပဒေကို စစ်ကျွန်အဖြစ်သွပ်သွင်းမယ့် ဥပဒေလို့ ပြောခဲ့ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်းကို နအဖ ရဲ့ နွားတင်းကုပ်ထဲဝင်ခြင်း ဖြစ်ကြောင်း ပြောခဲ့ခြင်းနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်က သပိတ်မှောက်ဖို့ ပြောခဲ့ခြင်းများအပေါ်မှာတော့ တစုံတရာ ပြောမသွားခဲ့ဘူးလို့ သိရပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက် ဦးမင်းကိုနိုင်က ၁၉၈၈ အရေးအခင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားခဲ့ပေမယ့် အဲဒီချိန်တုန်းက အရေးအခင်းမှာ ဆူပူသူ ၈၈ မျိုးဆက်တွေရဲ့ ပြည်သူပိုင် အဆောက်အအုံတွေကို ဖျက်ဆီးမှုအကြောင်း၊ အပစ်မဲ့ပြည်သူတွေကို ခေါင်းဖြတ်သတ်ခဲ့တဲ့အကြောင်း၊ ဂိုဒေါင်တွေကို မီးရှို့တဲ့အကြောင်း တွေကိုတော့ ထိန်ချန်ထားခဲ့ပါတယ်။


၈၈ မျိုးဆက်များ ဂိုဒေါင်တွေဖောက်ကာ ပြည်သူပိုင်ပစ္စည်းများကို လုယက်ဖျက်ဆီးခဲ့စဉ်က

သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက်တွေရဲ့ နိုင်ငံရေးအခြေအနေကို ဘယ်လိုမြင်လဲ ဆိုတာကိုတော့ ဦးမင်းကိုနိုင်ကပဲ နိုင်ငံရေး အသုံးအနှုံး စကားလုံး တစ်ခုမှ မပါပဲ ဒီနေ့ မြန်မာနိုင်ငံက ဖန်ခွက်ထဲက ရေတဝက်ဖြစ်ကြောင်းနဲ့ ပြည်သူက အဲဒီရေထဲက ငါး ဖြစ်ကြောင်း ဥပမာ ပြ ပြောကြားသွားပါတယ်။ ဖန်ခွက်ထဲကို ရေတဝက်ထည့်ပြီး ငါးထည့်ကြည့်ပါက နာရီပိုင်းအတွင်း ငါးက သေသွားမှာ ကိုတော့ ဦးမင်းကိုနိုင် ဦးနောက်က စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိမသွားခဲ့ပါဘူး။ ဒီနေ့နိုင်ငံဟာ ဖန်ခွက်လည်း မဟုတ်သလို ရေ လည်း မဟုတ်ပါဘူး။ မြန်မာပြည်သူတွေကလည်း ငါး မဟုတ်ပါဘူး။ ငါး ဆိုရင်လည်း ဖန်ခွက်ထဲမှာ မနေပဲ မြစ်ထဲ ပင်လယ်ထဲမှာပဲ နေချင်ကြမှာပါ။ မြန်မာနိုင်ငံသားအားလုံးကတော့ မြန်မာနိုင်ငံထဲမှာပဲ နေချင်ကြပါတယ်။ ဒါကြောင့် နိုင်ငံရေး နားမလည်တဲ့ ဦးမင်းကိုနိုင်ရဲ့ ဥပမာက နိုင်ငံရေးနားလည်သူတွေအတွက် ဟာသ ဖြစ်စေတယ်လို့ သတင်းထောက်တစ်ဦးက ဆိုပါတယ်။

ဦးမင်းကိုနိုင်သာမကပဲ တခြား ၈၈ မျိုးဆက် ဆိုသူတွေထဲမှာ နိုင်ငံရေးနဲ့ ဘွဲ့ရသူ၊ သမိုင်းနဲ့ ကျောင်းပြီးသူ တစ်ယောက်မှ မရှိပဲ အားလုံးက ကျောင်း တပိုင်းတစ နဲ့ ထွက်လာကြသူတွေသာ ဖြစ်တာကြောင့် အတွေးအခေါ်တွေက ညံ့ဖျင်းနေကြောင်း သိရပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်ကာ လူဖြစ်ပြီး လူတွေကြားမှာ မနေရတာကြာတော့ လူလို မတွေးတတ်တာလည်း ဖြစ်နိုင်တယ်လို့ အခန်းအနားကို တက်ရောက်ခဲ့တဲ့ သတင်းထောက်ကပဲ ဆက်ပြောပါတယ်။

ဒါ့အပြင် ဦးမင်းကိုနိုင်က စာပေစိစစ်ရေး ဆိုတာ ရှိနေရင် ဒီလောက က ထပ်တက်လာမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပေမယ့် ပြည်ပ သတင်းမီဒီယာတွေရဲ့ comment တွေကို စိစစ် ပြီးမှ တင်ပေးတဲ့အကြောင်း၊ တိုက်ရိုက်လေလှိုင်းဆွေးနွေးမှုတွေ၊ ပေးစာတွေကို စိစစ်ပြီးမှ ဖော်ပြတဲ့အကြောင်းတွေနဲ့ ဘီဘီစီလို သတင်းဌာနကြီးက facebook မှာ comment တွေ ဖြတ်တဲ့အကြောင်းနဲ့ comment ပေးလို့ မရအောင် လုပ်တဲ့အကြောင်းတွေကိုတော့ ပြောကြား သွားခြင်း မရှိဘူးလို့ သိရပါတယ်။ ၈၈ မျိုးဆက်ဆိုသူတွေထဲမှာ နည်းပညာအားနည်းသူတွေသာ များနေတာကြောင့် facebook ဆိုတာ မသိသူတွေလည်း တပုံကြီးရှိနိုင်ကြောင်း facebook လောကမှ သတင်းတွေအရလည်း သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားတွေ ဘယ်လိုဖြစ်လာလဲ ဆိုတဲ့အကြောင်းကိုတော့ ဦးမင်းကိုနိုင်ကပဲ ၁၉၈၈ ဆူပူမှုမှာ ပါဝင်လာကြရင်း ပေါ်ပေါက်လာတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အရင်ကတည်းက နိုင်ငံရေး ခံယူချက်ရှိလို့၊ နိုင်ငံရေးအကြောင်းနားလည် လေ့လာခဲ့လို့ နိုင်ငံရေးလောက ကို ဝင်ရောက်လာတာ မဟုတ်ကြပဲ အရေးအခင်း ဖြစ်တုန်း လမ်းကြုံလို့ နိုင်ငံရေးလောကထဲကို ရောက်လာခြင်းဖြစ်ကြောင်း ဝန်ခံသွားတာ ဖြစ်ပါတယ်။

ခေါင်ဖြတ်ပြီး ထောင်ထားတဲ့ ဂုဏ်ယူဖွယ်ရာ ရှစ်လေးလုံးအရေးတော်ပုံ

သတင်းထောက်တွေ သတင်းယူနေတဲ့ ရှေ့မှာပဲ ၈၈ မျိုးဆက်ဆိုသူ ဦးမင်းကိုနိုင်က သူတို့တွေ ဘက်လိုက် မယ့်အကြောင်းကို "
ပြတ်ပြတ်သားသား ဘက်လိုက်မှာပါ။ အဲဒါလေးကို ကျွန်တော်အသိပေးပါရ စေ" လို့ အတိအလင်း ပြောကြားသွားတာကိုလည်း အံ့သြဖွယ် တွေ့ရပြန်ပါတယ်။

ဦးမင်းကိုနိုင်က "လွန်ဆွဲပွဲ တစ်ခုဖြစ်ကြောင်း၊ တစ် ဖက် အပြောင်းအလဲကို ငြင်းဆန်ပြီးတော့ အဟောင်းထဲမှာပဲ နေမယ်ဆိုတဲ့ သူတွေဖြစ်ကြောင်း၊ ကျန်တဲ့တစ်ဖက် က ပြုပြင်ပြောင်းလဲ ရေးဘက်က ဖြစ်ကြောင်း" ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အဲဒီလွန်ဆွဲပွဲမှာ ပြုပြင်ပြောင်းလဲရေးဖက်ကနေ ၈၈ မျိုးဆက်တွေက ရှိမယ့်အကြောင်း ပြောကြားခဲ့ပေမယ့် ဒီကနေ့ အစိုးရ လုပ်ဆောင်နေတဲ့ ပြုပြင်ပြေင်းလဲရေး လုပ်ငန်းတွေနဲ့ အတိုက်အခံအင်အားစု အချို့ရဲ့ ၉၀ ရွေးကောက်ပဲကို ပြန်ခေါ်ဖို့ နဲ့ နောက်ကြောင်းပြန်ဖို့ အကြောင်းတွေကိုတော့ တစ်ခွန်းမှ ပြောမသွားခဲ့ပါဘူး။

စီးပွားပိတ်ဆို့မှု နဲ့ ပတ်သက်ပြီး ဖယ်ရှားဖို့အတွက် ၈၈ မျိုးဆက်တွေဖက်က ဝိုင်းဝန်းကူညီမယ် လို့ ဦးမင်းကိုနိုင်က က ပြောကြားခဲ့ပေမယ့် စီးပွားပိတ်ဆို့မှု ကြောင့် ပြည်သူအများ အလုပ်လက်မဲ့ဖြစ်ခဲ့ရတဲ့အကြောင်းတွေ ကိုတော့ ထည့်သွင်းမပြောခဲ့ပါဘူး။ စီးပွားပိတ်ဆို့မှု နှစ်ပေါင်းများစွာ ခံနေရချိန်တုန်းကလည်း ဘယ် ၈၈ မျိုးဆက် တစ်ယောက်ကမှ ပိတ်ဆို့မှု ရုတ်သိမ်းဖို့ တောင်းဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ ဦးကိုကိုကြီးကလည်း ဦးကိုကိုကြီးရဲ့ တစ်ကိုယ်စာ ဖွံ့ဖြိုးတိုးတက်စေချင်ရင် ထောင်ထဲသွားမနေတဲ့အကြောင်းနဲ့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ထောင်ထဲသွားတာ ဖြစ်ကြောင်း ပြောကြားခဲ့ပါဘတယ်။ ဦးကိုကိုကြီးထောင်ထဲသွားနေချိန် နိုင်ငံတိုးတက်ဖို့ ဘာမှ မလုပ်ပဲ ငုတ်တုတ်ထိုင်နေချိန်မှာ ထောင်ပြင်ကလူတွေ အစွမ်းအစနဲ့ ရုန်းကန်နေကြတဲ့အပေါ်မှာတော့ ဘာမှ ပြောမသွားခဲ့ပါဘူး။

နိုင်ငံရေး အကျဉ်းသားဆိုတာနဲ့ ပတ်သက်ပြီး လူတွေ ဒလဟော အူလှိုက်သဲလှိုက် ကြိုဆိုခြင်းကိုတွေ့ရလို့ နိုင်ငံရေးအကျဉ်းသား တွေသာ ဖြစ်ပြီး သူခိုး ဓားပြတွေ မဟုတ်ကြောင်း ဦးမင်းကိုနိုင်က ပြောကြားခဲ့ပေမယ့် ဦးခင်ညွန့်ကို လူအများက အူလိုက်သဲလှိုက်ကြိုဆိုကြပုံနဲ့ ရွှေတိဂုံဘုရားသွားချိန်မှာ စောင့်နေခဲ့ကြပုံကိုတော့ ဦးမင်းကိုနိုင် မပြောခဲ့ပါဘူး။

ပါတီထောင်ဖို့ကိစ္စနဲ့ပတ်သတ်လို့ကတော့ ဦးလှမျိုးနောင်က စဉ်းစားဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။ ၈၈ မျိုးဆက် ဆိုတဲ့လူတွေထဲမှာ ပါတီနိုင်ငံရေး နဲ့ပတ်သက်ပြီး ဗဟုသုတ အလွန်းနည်းတာကြောင့် လည်း ဖြစ်နိုင်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲအကြောင်းမေးချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း ဦးကိုကိုကြီး က ပြောကြားခဲ့ပါတယ်။ ဘာကြောင့်ပူးပေါင်းမယ်၊ ဒေါ်အောင်ဆန်းစုကြည်က ဘာတွေလုပ်ခဲ့လို့ ပြည်သူတွေ ဘယ်လို အကျိုးခံစားနေရတယ် ဆိုတာတွေကိုတော့ ရှင်းမပြခဲ့ပါဘူး။

သတင်းစာရှင်းလင်းပွဲအပြီးမှ သဘောထားထုတ်ပြန်ချက်ဆိုပြီး အောက်ပါအချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်များထဲမှာ အစိုးရရဲ့ လမ်းပြမြေပုံ ၇ ချက်လို တိတိကျကျ ဦးတည်ထားတဲ့ ရည်ရွယ်ချက် တစ်ခုမှ မပါသလို၊ နိုင်ငံတော်နဲ့ ပြည်သူလူထု ခံစားရမယ့် ကောင်းကျိုး တစ်ခုမှ မပါခဲ့ပါဘူး။

၁။ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီးမှ စတင်၍ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြသူများ ဖြစ်သည်။ (၈၈၈၈ အရေးတော်ပုံအကြောင်း)



၂။ ကျွန်ုပ်တို့နိုင်ငံသားများသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးမူဝါဒအမှားများ ဒီမိုကရေစီ ဆိတ်သုန်းမှုများကြောင့် ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျမှုစသည့် လူမှုဒုက္ခ အ၀၀ကို ဆယ်စုနှစ်ငါးခုကျော် ခံစားခဲ့ကြရပြီးဖြစ်သည်။ (၎င်း နိမ့်ကျမှုများမှ တိုးတက်အောင် ၈၈ မျိုးဆက်များ ဘာမှ မလုပ်နိုင်ခဲ့ပါ)

၃။ ယနေ့အချိန်အထိ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်သို့ ဦးတည် ကြိုးပမ်းကြရမည့် အချိန်ဖြစ်သည်ဟု ယုံကြည်သည်။ (ဒီနေ့ဒီအချိန်ကို ဖန်တီးခဲ့တာ ၈၈ မျိုးဆက်တွေ အစွမ်းအစ ကြောင့် မဟုတ်ပါ။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်ဆီ ချမှတ်ခဲ့တဲ့ လမ်းပြမြေပုံကြောင့်သာဖြစ်သည်)

၎။ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်အား ထောက်ခံသည်။ ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် အားပေးဝန်းရံသွားမည်။ (စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် သပိတ်မှောက်ခိုင်းခဲ့တာကိုတော့ မကန့်ကွက်ရဲပါ)

၅။ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသော တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်များမှတစ်ဆင့် ပိုမိုကျယ်ပြန့်ပြည့်စုံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖြစ်ပေါ်စေရန် အမျိုးသားအင်အားစုအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်။ (၈၈ မျိုးဆက်အချင်းချင်း ရက်ရက်စက်စက် သတ်ခဲ့ကြတဲ့ ABSDF ထဲက မငြိမ်းချမ်းတောတွေကို အရင်ရှင်းပါ)

၆။ နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များအား ပြန်လည်စုစည်းနိုင်ရန်၊ နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသည့် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည်လွှတ်ပေးရေး၊ နိုင်ငံရေးအရ တိုင်းပြည်မှ ထွက်ခွာခဲ့ရသော ပြည်ပရောက်နိုင်ငံရေးအင်အားစုများ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးတို့အတွက် ပြည်ထောင်စုအစိုးရမှ အမြန်ဆုံးဆောင်ရွက်ပေးပါရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းအပ်ပါသည်။ (ပြန်ပရောက် နိုင်ငံရေးအင်အားစုများ ဂုဏ်သိက္ခာရှိရေးမှာ အစိုးရက လုပ်ပေးလို့မရပါ. သူတို့လုပ်ရက်တွေကသာ သူတို့ဂုဏ်သိက္ခာကို ဖော်ပြလိမ့်မည်။ မယောင်ရာကို ဆီမလူးပါနဲ့ ၈၈ မျိုးဆက်များ)

၇။ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားလာစေရေးအတွက် နိုင်ငံတကာနှုန်းစံများနှင့်အညီ ကျင့်သုံးဆောင်ရွက်မှုများ၊ အိမ်နီးချင်းနိုင်ငံများအပါအ၀င် နိုင်ငံတကာမိသားစုများနှင့် ဆက်ဆံရေး တိုးမြင့်လာစေရန် ကြိုးပမ်းဆောင်ရွက်မှုများအား အားပေးထောက်ခံသွားမည်။ (အားမပေးလို့လည်း မရတော့ဘူး၊ အားမပေးခဲ့စဉ်၊ ကန့်ကွက်ခဲ့စဉ်၊ မထောက်ခံစဉ် တုန်းကလည်း အစိုးရက သူလုပ်စရာရှိတာ ဆက်လုပ်နေတာပဲ)

၈။ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော်အင်အားစု၊ နိုင်ငံရေးပါတီအသီးသီး၊ တိုင်းရင်းသားအင်အားစုများအပါအ၀င် မြန်မာ့လူ့အဖွဲ့စည်းတစ်ရပ်လုံးရှိ ပြုပြင်ပြောင်းလဲရေး အင်အားစုများနှင့် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမည်။ (ပူးပေါင်းတာက လွယ်ပါတယ်၊ ကိုယ်စွမ်းနဲ့ ဥာဏ်စွမ်းရှိအောင် အရင်လုပ်ကြပါ။ လမ်းပေါ်ထွက်ပြီး အော်တဲ့ နိုင်ငံရေးလောက်တော့ ဘယ်နိုင်ငံရေးမှ မလွယ်ဘူးဆိုတာ သတိထားပါ )

၉။ မြန်မာနိုင်ငံဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကြိုးပမ်းမှုများတွင် အားပေးကူညီထောက်ခံနေသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာမိသားစုများနှင့် လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယုံကြည်ထက်သန်စွာ အကောင်အထည်ဖော်နေသူအားလုံးအား ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများမှ အလေးအနက် တန်ဖိုးထားအပ်ပါသည်။ (ပြုပြင်ပြောင်းလဲရေးကို လက်မခံသူတွေ၊ ၉၀ ရွေးကောက်ပွဲကို နောက်ကြောင်းပြန်ချင်သူတွေ အများကြီးရှိနေသူတွေ ပြည်တွင်းပြည်ပ မှာ အများကြီးရှိနေတာကိုလည်း သတိရပါ)

ဆက်စပ် သတင်းများ

ဘာလဲဟဲ့ ရှစ်လေးလုံး

၈၈ ကျောင်းသားများ နှစ်ခြမ်းကွဲ ပြန်


6 comments:

ဗကပခေါင်းဆောင် သခင်ဗသိန်းတင်က ၈၈ လှုပ်ရှားမူမှာ ကြွေးကြော်ခဲ့တဲ့ ကြွေးကြော်သံတွေရဲ့  ၉၉ ရာခိုင်နှုံးကို ဗကပက သူတို့ ရဲ့ မြေအောက် ကျောင်းသားတွေက တစ်ဆင့် လူထုထဲကို ချပေးစေတယ်ဆိုတဲ့ ဗီဒီယိုမှတ်တမ်းကို ၁၉၈၉ခုနှစ် နိုဝင်ဘာလမှ မြန်မာ့တီဗီက ထုတ်လွှင့်ပြီး ကထဲက ၈၈ ကျောင်းသားတွေကို ဗကပက မြေအောက် ကျောင်းသားလို့ ဘဲ မြင်တယ်။ လက်နက်ကိုင်ပြီး မလှုပ်ရှားနိုင်တော့တဲ့ ဗကပရဲ့  ရေရှည်တိုက်ပွဲ လမ်းစဉ် ကတော့ သူတို့ ရဲ့ မြေအောက် အဖွဲ့ အစည်းတွေက လူထုကို ဆူပူအောင် လုပ်စေပြီး အစိုးရကို ပြုတ်ကျအောင် လုပ်ပြီး အာဏာယူဖို့ ပါဘဲ။ ၈၈ ကျောင်းသားတွေရဲ့  ၂၃ နှစ်ကြိုးပမ်းမှုတွေကို လေ့လာကြည့်ရင် ဗကပရဲ့  ရေရှည်တိုက်ပွဲ လမ်းစဉ်ကို အကောင်အထည် ဖေါ်နေတာကိုဘဲ ထင်ထင်ရှားရှား တွေ့ နေရပါတယ်။ လက်ရှိအစိုးရ အနေနဲ့ ပြည်တွင်းနိုင်ငံရေး အင်အားစုတွေနဲ့ သဘောထားအမြင် ကွဲလွဲမူတွေကို လျှော့နဲစေလိုလို့ လဲ ပြည်တွင်းနိုင်ငံရေး အင်အားစုတွေနဲ့ သင့်မြတ်အောင် လုပ်ဆောင်နေတာ လက်ရှိနိုင်ငံရေးမှာ ပါဝင်စေချင်လို့  အခွင့်အရေးတွေ ပေးနေတာကို မယူတတ်ရင်တော့ ပြည်သူရဲ့  ဒဏ်ခတ်တာ ခံရလိမ့်မည် ဖြစ်ပြီး မြောင်းထဲပြန်ရောက် သွားမှာကို မြင်ယောင်နေပါတယ်။

အဲကောင်တွေ စောက်ရူးတွေဥစ္စာကွာ... ဘာရည်မှန်းချက်မှမရှိ..၊ လူထုကို တိုးတက်အောင်လဲ သူတို့လုပ်ပေးခဲ့တာ တစ်ခုမှ မရှိပဲနဲ့ စောက်ကြီးစောက်ကျယ်ပြော... အရူးချီးပန်း တောင်ပြောမြောက်ပြောကောင်တွေ..။ ကျုပ်ရှေ့လာပြီး ၈၈ မျိုးဆက်လို့ ဂုဏ်ယူစွာလာပြောနေလို့ကတော့ စောက်ခွက်ကို ဖြတ်ကန်ပြီး သေးနဲ့ပန်းပစ်မယ်.. အလကားကောင်တွေ...။ အခုလဲ အရူးချီးပန်းမီဒီယာဆိုသူများက ဒင်းတို့အကြောင်းကို လုပ်စားကိုင်စားလို့ကောင်းအောင် မဟုတ်တမ်းတရားတွေ စွတ်ချီးမြှောက်ပြီး ရေးကြသားကြ... အလယ်အလတ်မီဒီယာနဲ့ အစိုးရလုပ်ငန်းစဉ်တွေအပေါ် နည်းနည်းလေးအကောင်းမြင်ကြတဲ့ မီဒီယာတွေကျတော့ သစ္စာဖောက်တွေလို့ ပြန်စွပ်စွဲချင်စွဲနဲ့... ဒီလိုဖြစ်နေသရွေ့ ကျုပ်တို့နိုင်ငံ ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး။ ကိုယ်လုပ်တာသာ ကိုယ်ကောင်းတယ်ထင်နေကြတဲ့လူတွေ... အဲဒီလူတွေအားလုံးကို ကျုပ်က လီးပဲလို့ ဒီနေရာကနေ ပြောလိုက်ချင်တယ်... ဒါပဲ... စောက်ကျက်သရေတုံးလို့။

မင်းကိုနှိုင်ရဲ. သမိုင်းလေးးသိချင်တယ်ဗျာ တင်ပေးပါ် လားးဒီကောင်ကြီး က ဘာလို.ဒီလိုလုပ်နေတာလဲ ပြည်သူအတွက်လားနိုင်ငံတော်ကို မကျေနပ်တာလား နိုင်ငံတော်ကြီးကို ဖျက်စီးအောင်လူပ်နေတာလားးအခုက စုတ်ယုတ်အောင် လုပ်နေတာလား ဆိုတာလေးသိချင်လို.ပါ ဘာလို.အဲလိုလုပ်နေတယ်ဆိုတာနားမလည်ဘူး သှူုဦးတည်ချက်တွေက ဘာတွေလဲ နားမလည်ဘူး သူကိုတော.... ကျောင်းမှာလည်းပြောလိုက်ရင် အစိုးရ မကောင်းကြောင်းချည်းဘဲ နေရာတိုင်းမှာကောဘဲ အခုက သူက နိုင်ငံတော် တိုးတက်အောင် လုပ်နေတာလားးး အစိုးရကို မကျေနပ်လို.....လုပ်နေတာလား ဆိုတာ ကျွန်တော်တို. ကျောင်းတက်နေတဲ..ခလေးဦးနှောက်တောင် သိတယ်နော် ပြောလိုက်စေချင်ပါတယ် (ဦး မင်းကိုနိုင်) ကြီးကို လုံးဝ မထောက်ခံပါဘူးဆိုတာတော... အခုခေတ် ကျွန်တော်တို. ကျောင်းသားတွေက တင်ပြလိုက်ပါတယ် ရန်ကုန် ကျောင်းသားတစ်ဦးးး

8888 ကလူတွေအားလုံးကိုလီးပဲကွာ နိုင်ငံကိုပုန်ကန်တဲ့ကောင်တွေ ဒင်းတို့လုပ်ခဲ့လို့ မြန်မာပြည်မှာသွေးစွန်းခဲ့တာလဲ ဒင်းတို့တရားခံပဲ စစ်တပ်ကတော့ မငြိမ်ရင်ပစ်မှာပဲ သေတာတောင်နည်းသေးတယ် ။ ကိုမေကိုလိုးတွေ တိုင်းပြည်၇ဲ့ဆံကုန်မြေလေးတွေ ဒင်းတို့ရှိနေလို့နိုင်ငံမတိုးတတ်တာ ဒေါ်အောင်ဆန်းဆုကြည်က ဗိုလ်ချုပ်ရဲ့ အရှိန်အ၀ါနဲ့လုပ်စားတယ် ဒင်းတို့က ဒေါ်အောင်ဆန်းဆုကြည့်  နဲ့လုပ်စားတယ် ခေါ်တာတော့ အမေဆုတဲ့ အမေဆုလင်ကို ကျတော့ရော ဘယ်လိုခေါ်မှာလဲ ရင်လေးပါသေးတယ်..။NLD ထဲမ၀င်ရင်လည်း မြန်မာပြည်မှာလုပ်စား စရာတွေတစ်ပုံကြီးပါ ထမင်းငက်မသွားပါဘူး NLD ကောင်းမူအကြာင်းပြုပြီးတော့ ကုလားထိုင်လုချင်တဲ့ အရူးတွေ ...။

မှန်တယ် ကိုယ့်ညီတို့ရေ.... ကိုတို့ပညာရေးဟာ...ဒီ
မင်းကိုနိုင်တို့....ကိုကိုကြီးတို့...၈၈မျိုးဆက်သစ်
ကျောင်းသားတို့ဆိုတဲ့ သောက်ရူးတွေ...ဘာမှန်း..ညာမှန်း
ဘာဝါဒမှန်းမသိတဲ့ကောင်တွေကြောင့်....မှုန်မှုန်ဝါးဝါးနဲ့
ပြီးဆုံးခဲ့ပြီးပြီ...ကိုယ့်ညီတို့လက်ထက်မှာ မဖြစ်အောင်
တားဆီးကြပါ...နိုင်ငံတော်ကိုချစ်တယ်ဆိုရင် ဒီနိုင်ငံမှာ
နေထိုင်ကြတဲ့သူတွေရဲ့ ကောင်းကျိုးကိုယ်သာ လုပ်ရမှာ
ဒါမှ အမျိုးသားနိုင်ငံရေးလေ။ ဥပဒေကို ဖီဆန်ရမှာ မဟုတ်ဘူး....။ ဒီမင်းကိုနိုင်ဆိုတဲ့ သောက်ရူး
တရားဝင်နိုင်ငံရေးမလုပ်ရဲဘူး...မယုံရင် စောင့်ကြည့်
သူ့ကိုထောက်ခံမယ့်သူက သူ့အမျိုးတွေနဲ့
မကင်းရာမကင်းကြောင်းတွေပဲရှိတယ်ဆိုတာ
သူကိုယ်တိုင်သိတယ်။ ဒါကြောင့် ပါတီနိုင်ငံရေး
မလုပ်ရဲတာပေါ့။ ခုချိန်ထိ သူ့ဝါဒကို ပြည်သူကိုမကြေညာ
ရဲသေးဘူး။။
တို့နိုင်ငံကို ဖျက်ဆီးနဲ့ အဖျက်သမားတွေ ကျဆုံးပါစေ။
တို့နိုင်ငံ အမိမြေ ထာဝရငြိမ်းချမ်းပြီး ဒီမိုကရေစီ ထွန်း
ကားနိုင်ပါစေ။။။။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်