Subscribe to our RSS Feed

အချင်းချင်းရက်ရက်စက်စက် သတ်ဖြတ်မှုနဲ့ နာမည်ကြီးနေတဲ့ ABSDF မှ လူသတ်ကောင် တချို့ မြန်မာနိုင်ငံပြန်မည်



အချင်းချင်း လူမဆန်စွာ နိုပ်စက်မှု၊ ရက်ရက်စက်စက် သတ်ဖြတ်မှုတို့နဲ့ နာမည်ကြီးနေတဲ့ ABSDF မှ အတွင်းရေးမှူးဟောင်း ဦးအောင်သူငြိမ်း နှင့် အဖွဲ့ ဝင်ဟောင်းများဖြစ်တဲ့ ဦးအောင်နိုင်ဦး၊ ကိုမင်းဇော်ဦးတို့ ဖေ ဖော်ဝါရီလဆန်းမှာ မြန်မာနိုင်ငံပြန်တော့မယ်လို့ သတင်းရရှိပါတယ်။

ABSDF ဆိုတဲ့ ကျောင်းသားတပ်မတော် ဆိုတာ ဒီရက်ပိုင်းမှာ နာမည်ပျက်နဲ့ ကြော်ကြားနေတဲ့ အဖွဲ့ဖြစ်ပြီး ဥက္ကဌ ကတော့ သူဌေးကြီး ဦးသံခဲဖြစ်ပါတယ်။ ၈၈ ဆူပူလှုပ်ရှားမှုဖြစ်အပြီးမှာ အဖမ်းခံရမှာ အလွန်ကြောက်ခဲ့ကြတဲ့ သူရဲကောင်းတွေက ထိုင်းနယ်စပ်ကို ထွက်ပြေးလာရမှ စုပေါင်းဖွဲ့စည်းခဲ့တဲ့အဖွဲ့ဖြစ်ပြီး ၂၄ နှစ် ကြာတဲ့အချိန်ထိ နိုင်ငံတော်နဲ့ ပြည်သူ တစ်ဦးတစ်ယောက်မှ ကောင်းကျိုးကို မဆောင်ရွက်နိုင်သေးတဲ့ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

ဦးအောင်သူငြိမ်း
ဦးအောင်နိုင်ဦး


ABSDF ဥက္ကဌ မိုးသီးဇွန်း လက်ထက်မှာ နှစ်ခြမ်းကွဲခဲ့ကာ အစိပ်စိပ်အမွာမွာဖြစ်ခဲ့ရပါတယ်။ အခုတော့ ABSDF အဖွဲ့ဝင် အများစုဟာ အမိနိုင်ငံနဲ့ ပြည်သူတွေအကျိုးကို လစ်လျှူရှုပြီး တတိယနိုင်ငံများဆီသို့ ကိုယ်လွတ်ရုန်းထွက်ခွာခဲ့ကြပြီး အဲဒီနိုင်ငံတွေက နိုင်ငံသားတွေကို အလုပ်အကျွေးပြု ကျွန်ခံရင်း ဆက်လက်ရပ်တည်နေကြပါတယ်။

ဒီကနေ့ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုကြောင့် ပြည်ပရောက် အတိုက်အခံ အများအပြား မျက်နှာပြောင်တိုက် ပြန်ဝင်လာချိန်မှာ ABSDF အဖွဲ့ဝင်တွေလည်း ပြန်လာကြမှာဖြစ်ပါတယ်။ အများစုကတော့ မိသားစုကလည်း နိုင်ငံခြားမှာ အစဉ်ပြေနေချိန်၊ ပိုက်ဆံလည်း စုမိဆောင်းမိရှိနေတာကြောင့် မြန်မာနိုင်ငံက ပြည်သူတွေ ဘာပဲဖြစ်နေဖြစ်နေ ပြန်လာဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။

1 comments:

သူတို့ကတော့အမှန်တကယ်အရည်ချင်းရှိကြပါတယ် ဒါပေမဲ့အနင့်နာမခံကြပါဘူး အေဘီကွဲတော့ကျနော်သူတို့နဲ့တဘက်ထဲမှာနေတာပါ တောင်ပိုင်းဒေသမှာနေတာပါ ရည်မှန်းချက်ကြီကြသူတွေပါ တော်ပေမဲ့လည်းမရိုးသားကြဘူး နေရာမက် ကိုယ်ကျိုးမက်ကြသူတွေအချောင်သမားတွေပါ နိုင်ငံခေါင်းဆောင်တွေမဖြစ်သင့်ပါဘူး နေရာနဲ့ ကိုယ်ကျိုးစီးပွားသမားတွေပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်