Subscribe to our RSS Feed

ရွေးကောက်ပွဲတွေကို စိတ်ဝင်စားတယ်


မြန်မာနိုင်ငံမှာ ၁၉၂၂ ခု နိုဝင် ဘာလ ဒိုင်အာခီ ရွေးကောက်ပွဲက စလို့ ပြီးခဲ့တဲ့ နောက်ဆုံး ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက် ပွဲအထိ ရွေးကောက်ပွဲတွေ မနည်း လှပါဘူး။ သမိုင်းဘီးကြီး လည်ပတ် နေသလို နိုင်ငံရေးစနစ်တွေ ပြောင်း ရင် ပြောင်းသလို ရွေးကောက်ပွဲ တွေ ရှိနေခဲ့တာပါပဲ။
မြန်မာ့သမိုင်း ဖြစ်ရပ်မှန်များ
ပထမဆုံး ရွေးကောက်ပွဲ ကျင်းပတဲ့ ၁၉၂၂ ခုမှာ မြန်မာနိုင်ငံ မှာ သူရိယ (၁၉၁၁-၁၉၅၄)၊ မြန် မာ့အလင်း (၁၉၁၄) သတင်းစာ ကြီးတွေ အပါအဝင် စာနယ်ဇင်း တွေ ရှိနေပါပြီ။ ၄င်း စာနယ်ဇင်းများ ရဲ့ ကျေးဇူးနဲ့ ကျွန်တော်တို့ နောင် လာနောက်သားတွေဟာ ကိုယ့်တိုင်းပြည်ရဲ့ နိုင်ငံရေးသမိုင်းကို ခြေရာကောက်လို့ ရတယ်။ ရွေး ကောက်ပွဲ တစ်ခုချင်းရဲ့ ဖြစ်စဉ် ဇာတ်လမ်းတွေကို သတင်းစာ အဟောင်းတွေ ပြန်လှန်ပြီး လေ့ လာလို့ ရတယ်။ သတင်းစာ အဟောင်းတွေနဲ့ သက်ရှိထင်ရှား ကျန်ရှိနေသူတွေ ကို တွေ့ဆုံမေး မြန်းပြီး ရေးသားတဲ့ မြန်မာ့သမိုင်း ဖြစ်ရပ်အမှန်များ ရေးသားပြုစုရေး အဖွဲ့ရဲ့ စာအုပ်တွေကနေ ဖြစ် ရပ်အမှန်တွေကို လေ့လာနိုင်ခဲ့ တယ်။
ဗိုလ်ချုပ်ကိုယ်တိုင် မဲဆွယ်ပေးခဲ့
မြန်မာနိုင်ငံ လွတ်လပ်ရေး အကြို ၁၉၄၇ တိုင်းပြု ပြည်ပြု လွှတ်တော် ရွေးကောက်ပွဲတုန်းက ဗိုလ်ချုပ်အောင်ဆန်းဟာ ဘုရင်ခံ အမှုဆောင်ကောင်စီ ဒုဥက္ကဋ္ဌ (ဝန် ကြီးချုပ်) အဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်နေခဲ့တယ်။ ဖဆပလအဖွဲ့ ချုပ်ဟာ အာဏာလက်ရှိ ပါတီပဲ။ လွတ်လပ်ရေးရယူဖို့ ဖွဲ့စည်းအုပ်ချုပ် ပုံ အခြေခံဥပဒေ ရေးဆွဲရမယ့် လွှတ်တော်မှာ ဖဆပလအမတ် တွေ အများစု မဲရဖို့ ဗိုလ်ချုပ်ကိုယ် တိုင် နယ်လှည့်တရားဟော မဲ ဆွယ်ပေးခဲ့တယ်။ ဖဆပလကို အားပေးဖို့၊ ဖဆပလ အမတ် လောင်း တွေကို မဲထည့်ဖို့ ပြော တယ်။ အတိုက်အခံတွေ (ဥပမာ-ဗမာပြည်ကွန်မြူနစ်ပါတီ) ကိုလည်း တရားမျှတစွာ ပါဝင်ယှဉ်ပြိုင်ခွင့် ပြုခဲ့တယ်။ ၁၉၅၂ ခုနှစ်၊ ၁၉၅၆ ခုနှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ တွေမှာလည်း ဖဆပလ အစိုးရဟာ အာဏာလက်ရှိပဲ။ အဲဒီအချိန်များ မှာတော့ အတိုက်အခံ (ပမညတ) တွေကို နည်းမျိုး စုံနဲ့ နှိပ်ကွပ်တယ် ဆိုတဲ့ မှတ်တမ်းတွေ ကျန်ခဲ့တယ်။
နိုင်ငံရေးမသမာမှုတွေအကြောင်း
၁၉၅၆ ခု ရွေးကောက်ပွဲနဲ့ ၁၉၆ဝ ပြည့်နှစ် ရွေးကောက်ပွဲတွေ ကျင်းပခဲ့စဉ်က နိုင်ငံရေးလူသတ်မှု တွေအကြောင်း၊နိုင်ငံရေးမသမာမှုတွေ အကြောင်း၊ မဲလိမ်၊ မဲခိုး၊ မဲပုံး ဖောက်မှုတွေ အကြောင်း၊ လာဘ် ထိုးမှုတွေ၊ ခြိမ်းခြောက်မှုတွေ အကြောင်းကို အခု နှစ်ပေါင်း လေး ငါးဆယ်ကြာတဲ့အထိ စာနယ်ဇင်း ဟောင်းတွေမှာ ပြန်ကြည့်လို့ရ တယ်။ ဘာကြောင့်လဲ။ လွန်ခဲ့တဲ့ နှစ် လေးငါးဆယ်က ကျွန်တော်တို့ ရဲ့ နောင်တော့် နောင်တော် စာနယ် ဇင်းသမားများရဲ့ ကျေးဇူးကြောင့် မဟုတ်ပါလားဗျာ။
လူတွေကို လှုပ်နိုးပေးတဲ့အလုပ်
စာနယ်ဇင်းတွေကသာ မှတ် တမ်းမတင်ခဲ့ရင် ကြာတဲ့အခါ ပျောက်ပျောက်ပျက်ပျက် ဖြစ်ကုန် မှာ သေချာတယ်။ ကျွန်တော်တို့ လူမျိုးကလည်း အမှတ်သညာ နည်းတာနဲ့ အံကိုက်ပေါ့ဗျာ။ အမှတ်သညာ နည်းရုံမက အမှတ် သည်းခြေလည်း နည်းကြတယ်ဗျ။ ကျွန်တော်တို့ စာနယ်ဇင်း သမားတွေက အဲသလို အမှတ်သည်းခြေနည်းတဲ့ လူတွေကို လှုပ် လှုပ်နှိုးပေးတဲ့ အလုပ်ကိုပါ လုပ်ရ တယ်ဗျ။ ဥပမာ-၁၉၆ဝ ရွေး ကောက်ပွဲတုန်းက တည်မြဲနဲ့ သန့် ရှင်း ယှဉ်ပြိုင်မှုအကြောင်းကို သင် ခန်းစာယူနိုင်အောင် မကြာခဏ ပြန်လည် ဖော်ထုတ်ကြတယ်။ တည်မြဲဖဆပလက ပုဂ္ဂိုလ် အတော်များများဟာ ငွေကြေး လို လေးသေးမရှိ သုံးနိုင်ကြတော့ ငွေနဲ့ ပေါက်ရင် လိုချင်တာ ရတာပဲလို့ ခံယူပြီး လူထုကို အထင်သေး အမြင်သေး ဆက်ဆံ၊ မိမိတို့ရဲ့ ပြိုင် ဘက်တွေကို ဒေသဆိုင်ရာ အာဏာ ရှိသူတွေနဲ့ ပေါင်းပြီး ခြိမ်းခြောက် အနိုင်ကျင့်၊ ဖမ်းဆီး၊ ထောင်ချ ကိုကိုးကျွန်းပို့၊ ရှုံးရင်လည်းနိုင်ရမယ်။ နိုင်ရင်လည်း နိုင်ရမယ်ဆိုတဲ့ စကား မျိုးလည်း သူတို့ပဲ ပြောလို့ထွက် တယ်။ အဲဒါတွေဟာ အဖြစ်မှန်တွေ ပါ။ ၁၉၆ဝ ရွေးကောက်ပွဲ မတိုင်ခင် ထုတ်ဝေတဲ့ သတင်းစာတွေမှာ ခေါင်းစဉ်ကြီးတွေနဲ့ကို ပါခဲ့တာတွေ ပါ။ သမိုင်းအမည်းစက်တွေကို ဘာနဲ့ မှ ဖုံးကွယ်လို့ မရပါဘူး။
မီဒီယာသမားတွေဟာ လတ် တလော ဖြစ်ရပ်တွေကို သက်သေ ပြုရင်း၊ မှတ်တမ်းတင်ရင်း နောက် မျိုးဆက်အတွက်ပါ အလုပ်လုပ်ပြီး သား ဖြစ်သွားတာပဲဗျ။ သည်လို နဲ့ပဲ စာနယ်ဇင်းသမားတွေဟာ နိုင်ငံ ရေးသမား (politician) နဲ့ နိုင်ငံပြု ခေါင်းဆောင် (statesman) တွေရဲ့ အလုပ်တွေကို တစ်ဆက်တည်း လုပ်ပေးသွားတယ်လို့ ပြောနိုင်တယ်။
အိမ်စောင့်အစိုးရနှင့် တည်မြဲ
၁၉၆ဝ ရွေးကောက်ပွဲဟာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ အိမ် စောင့်အစိုးရက ဒိုင်လူကြီးအဖြစ် ကျင်းပပေးတာ ဖြစ်တယ်။ အာဏာ လက်ရှိပါတီ မရှိပေမယ့် တည်မြဲ ဖဆပလက ဒေသဆိုင်ရာ အာဏာ ရှိသူတွေနဲ့ ပေါင်းပြီး မတော်မတရား တွေလုပ်ခဲ့လို့ လူထုရဲ့ ဒဏ်ခတ်ခြင်း ခံခဲ့ရတယ်။ ၁၉၉ဝ ရွေးကောက်ပွဲကို နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက် ရေးအဖွဲ့က (အိမ်စောင့်အစိုးရ အနေအထားမျိုးနဲ့) ကြီးမှူးကျင်းပ ပေးခဲ့တယ်။ အာဏာလက်ရှိ ပါတီ ရယ်လို့ မရှိဘူး။ အာဏာရ ပါတီ ဟောင်း ကနေ အမွေဆက်ခံတဲ့ တစည ပါတီဟာ အခြားယှဉ်ပြိုင်ဘက် ပါတီများနဲ့ တန်းတူပဲ အခွင့် အရေးရခဲ့တယ်။ အာဏာလက်ရှိ (incumbent) အနေအထားဟာ သာမန် ယှဉ်ပြိုင်ဘက် ပါတီအချင်းချင်းထက် ပိုပြီး သတိထားရတယ်။ နည်း နည်းလေး အခွင့်ထူးယူမိတာနဲ့ အပြစ်ပြောခံရမှာပဲ။ ၁၉၅၂၊ ၁၉၅၆ နဲ့ ၁၉၆ဝ တုန်းက အာဏာလက်ရှိ အချို့ရဲ့ မတော်မတရားမှုတွေဟာ မှတ်တမ်းတင်ခံရပြီး ယခုထိ သင် ခန်းစာယူစရာတွေဖြစ်နေတာ မမေ့သင့်ဘူး။
နိုင်ငံရေးသမား နိုင်ငံပြု ခေါင်းဆောင်
‘နိုင်ငံရေးသမား (politician) ဟာ လာမည့်ရွေးကောက်ပွဲအတွက် ကြည့်တယ်။ နိုင်ငံပြု ခေါင်းဆောင် (statesman) က လာမည့်မျိုး ဆက်အတွက် ကြည့်တယ်’ ဆိုတဲ့ အမေရိကန် တရားဟောဆရာ၊ စာရေးဆရာ ဂျိမ်း ဖရီ မင်းကလပ်ရဲ့ စာကိုး စကားကိုးကို အတော် လူကြိုက်များကြတယ်။ ကျွန်တော် ကိုယ်တိုင်လည်း အလွန်သဘော ကျလို့ ဆောင်းပါးတချို့မှာ အလျဉ်း သင့်သလို ထည့်ရေးခဲ့ဖူးတယ်ဗျ။
နှစ်မျိုးလုံးကို ကြည့်ရမယ်
သည်လိုဆိုရင် ကျွန်တော်တို့ (မီဒီယာသမား) တွေကကော ဘာ ကို ကြည့်မလဲလို့ စဉ်းစားမိပြီး ကိုယ့် ဘာသာ အဖြေရှာကြည့်တယ်။ နောက်ဆုံး ကျွန်တော် ပြောချင်တဲ့ အဖြေကတော့ မီဒီယာသမားတွေ (ယခင်အခေါ် သတင်းစာဆရာတွေ) ကတော့ နှစ်မျိုးစလုံးကို ကြည့်ရမှာ ပဲဗျ။ လာမည့် ရွေးကောက်ပွဲကိုလည်း ကျွန်တော်တို့က စိတ်ဝင် စားရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က သမိုင်းကို မျက် မှောက်ပြုနေရတာကိုး။ သမိုင်းကို သက်သေလုပ်နေရတာကိုး။ သမိုင်းကို မှတ်တမ်းတင်နေ ရတာကိုး။
မောင်ဝံသ

2 comments:

ဟုတ်ပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်က လွတ်လပ် ရေးရခဲ့တာပါ။ ၁၉၆၂ ကျမှ ရတာမဟုတ်ပါ။ ၁၉၆၂ မှာက စစ်တပ်ကအာဏာသိမ်း ခဲ့တာပါ။ ဒါဆို ဘာလို့ အာဏာအသိမ်း ခံရတာလည်း။ အဲဒီအချိန်က အရွေးချယ်ခံ အစိုးရရဲ့ အားနည်းချက် တွေ ရှိနေလို့ပါ။ အစစ အရာရာ အစဉ်ပြေချောမွေ့နေရင် အာဏာသိမ်း စရာ အကြောင်းပြချက် မရှိနိုင်ပါ။ ဒါကြောင့် အခု ဒီမိုကရေစီ စနစ်နဲ့သွားမယ်ဆိုရင် ဟိုတုန်းက ဖြစ်ခဲ့တာ တွေကို သင်ခန်းစာယူနိုင်အောင် ရှေ့မီနောက်မီ မီဒီယာဆရာ ကြီးများက သမာသမတ်ရှိရှိ ရေးသားပေးကြပါ။ ကျေးဇူး တင်ပါသည်။

1-AS FAR AS WE KNOW WE DID NOT FIND NEUTRAL MEDIA.
2-NEARLY ALL MEDIA FAVOR TO ONE SIDE FOR SOME REASONS.
3-OUR GENERAL PUBLIC NOT RECEIVING TRUE INFORMATION FROM THE MEDIA AND POLITICIANS.
4-NEARLY ALL POLITICIANS ALWAYS CONSIDER HE/SHE IS THE BEST PERSON TO TAKE THE PUBLIC OFFICE AND LEAD THE NATION.
5-PUBLIC CAN ONLY DECIDE AND BEST TO CHOOSE IF THEY CAN SEE THE PERFORMANCE OF PAST AND PRESENT RECORD AND TRUE INFORMATION FROM THE MEDIA.
6-EVERYBODY REQUIRE TO PROOF HIS/HER COMPETENCY MUST COMPLETE NECESSARY TRAINING AND PASS THE SKILL EXAMINATION.
7-SIMILARLY WE NEED TO TAKE OPEN NON BIAS PUBLIC SURVEY FOR EACH MEDIA, EACH POLITICAL PARTY AND EACH POLITICIAN.
8-WE NEED MEDIA ETHIC.(FREE FROM SANDA, DAWTHA, BAYAR, MAWHA).
9-WE NEED POLITICIAN ETHIC.(FREE FROM SANDA,DAWTHA,BAYAR,MAWHA).
10-WE DO NOT NEED POLITICIAN ONLY LOOKING FOR DONATION MONEY AND JUST TO WIN TO PUBLIC OFFICE.

WITH MYITTS...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်