Subscribe to our RSS Feed

မြဝတီ-ကော့ကရိတ်လမ်းအား တစ်နှစ်ခွဲအတွင်း အပြီးဖောက်လုပ်မည်


ကရင်ပြည်နယ် အတွင်းရှိ မြ၀တီ-ကော့ကရိတ်လမ်းအား တစ်နှစ်ခွဲအတွင်း အပြီးဖောက်လုပ်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ပါသည်။ “ကရင်ပြည်နယ်က ပြည်နယ်ဝန်ကြီး တင်ပြသွားတာတွေလည်း ကောင်းပါတယ်။ အခုဆို မြ၀တီနဲ့ ကော့ကရိတ်လမ်းကို တစ်နှစ်ခွဲအတွင်း အပြီးတည်ဆောက်သွားဖို့ ရှိပါတယ်။ ADB (အာရှဖွံ့ဖြိုးရေးဘဏ်) က အထောက်အပံ့ပေးဖို့ အစီအစဉ်ရှိပါတယ်” ဟု ၎င်းကပြောကြားခဲ့ပါသည်။ အဆိုပါ မြ၀တီ-ကော့ကရိတ်လမ်းမှာ ကရင်ပြည်နယ်၏ ထုတ်ကုန်များ၊ ကုန်စည်ကူးသန်းမှုများ အတွက် သာမက ကျန်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကုန်စည်များ ပို့ဆောင်ရာ၌ အရေးပါသည့် စီးပွားရေး လမ်းမကြီး တစ်ခုဖြစ်ကြောင်း ကရင်ပြည်နယ်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဦးနိုင်မင်းစိုးသိန်းက ပြောကြားခဲ့ပါသည်။ “အခုက ငြိမ်းချမ်းရေးလည်း ရသွားပြီဆိုတော့ ဒီလမ်းကို သုံးလို့ရပြီလေ။ မြ၀တီ-ကော့ကရိတ် လမ်းကတော့ ကရင်ပြည်နယ်ရဲ့ ထွက်ကုန်တွေ၊ ကုန်စည်စီးဆင်းမှုတွေအတွက် အရေးပါတာတင်မကဘူး။ ကျန်တဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေဘက်ကို ကုန်စည်ကူးသန်းဖို့အတွက် အရေးပါတဲ့ စီးပွားရေးလမ်းမ ဖြစ်ပါတယ်။ တစ်နှစ်ခွဲအတွင်းပြီးဖို့ ကျွန်တော်တို့ကတော့ မျှော်မှန်းတာပေါ့” ဟု ပြည်နယ်ဝန်ကြီး ဦးနိုင်မင်းစိုးသိန်းက ပြောကြားခဲ့ပါသည်။ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွင် မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှာ အရေးပါဆုံးဖြစ်ခဲ့သောကြောင့် ကုန်သွယ်မှု ပြန်လည်များပြားခဲ့ပြီး ယခုတည်ဆောက်မည့်လမ်း ပြီးစီးသွားပါက ကုန်သွယ်မှုပမာဏ ပိုမိုမြင့်တက်လာနိုင်ကြောင်း နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များက သုံးသပ်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်ဝါရီလ ၂၇ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်