Subscribe to our RSS Feed

ကဆုန်လ - သင်္ကြန် ပွဲ


မြန်မာ့ရိုးရာ လစဉ် ပွဲများကို အသိပညာ ချို့တဲ့သော ယနေ့ လူရွှင်တော်အချို့ကြောင့် ကပြောင်းကပြန် ဖြစ်ကုန်ကြောင်း စင်္ကာပူရောက် မြန်မာလူငယ်တစ်ဦးက ဝေဖန်လိုက်ပါတယ်။ ရှေးနှစ်ပေါင်းများစွာ ကတည်းကပင် တန်ခူးလ - သင်္ကြန်၊ ကဆုန်လ - ညောင်ရေသွန်းပွဲ ဟူ၍ အစဉ်အလာ ရိုးရာမပျက် ကျင်းပခဲ့ရာ ယခုနှစ် ၂၀၁၂ (၁၃၇၄) ခုနှစ် မှာတော့ လူရွှင်တော် ဇာဂနာ နဲ့ မေတ္တာတို့ ဦးစီးတဲ့ အငြိမ့်အဖွဲ့က အစဉ်အလာကို ဖျက်ကာ ကဆုန်လတွင် သင်္ကြန်အငြိမ့်ပဲ ကျင်းပလျှက် ရှိပါတယ်။ ယင်းသင်္ကြန် အငြိမ့်ပွဲကို ၁၃၇၄ ခုနှစ် ကဆုန်လဆန်း ၉ ရက် တနင်္ဂနွေနေ့က စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တာ ဖြစ်ပြီး ညောင်ရေသွန်းပွဲ ကျင်းပဖို့ ၅ ရက် အလိုမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မဟာသင်္ကြန် အငြိမ့်ပွဲလို့ နာမည်တပ်ထားသော်လည်း သင်္ကြန်ရဲ့ အနှစ်သာရ တစ်ခုမှ မပါပဲ လူဗြိန်းကြိုက် ဟာသ တွေပဲ များနေခဲ့တာကြောင့် ပရိတ်သက်များက စိတ်ပျက်ခဲ့ကြကြောင့် ပွဲမပြီးခင် ပြန်လာသူ တစ်ဦးက ပြောပါတယ်။ ဒါပေမယ့်လည်း အကောင်းမြင်သူ များကတော့ လူရွှင်တော်ဆိုတာ ပရိတ်သက် ကျွေးတဲ့ ထမင်း စားနေရတာကြောင့် ပရိတ်သက်ကြိုက်မယ်ထင်ရင် အကုန် လုပ်ရ၊ ပြောရတာ ဖြစ်ကြောင်းနဲ့ အစဉ်အလာတွေ၊ ရိုးရာနဲ့ ယဉ်ကျေးမှုတွေကို ဘေးချိတ်သင့်လျှင့် ဘေးချိတ်ထားရမည်ဖြစ်ကြောင်း သုံးသပ်ကြပါတယ်။

ကဆုန်ုလ တွင် ကျင်းပခဲ့သော သင်္ကြန်အငြိမ့်ပွဲကြောင့် ဇာဂနာ တို့အဖွဲ့ဟာ ဒေါ်လာတွေ အတော် များများ ခိုင်သွားကြောင်းလည်း သိရပြီး တွက်ခြေကိုက်တာကြောင့် နောက်လည်း ထပ်လာဦးမယ်လို့ ပြောသွားကြောင်း သိရပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်