From : မအိလေး
ကလေးမြို့၏ မြောက်ဘက် ၁၄ မိုင်ခန့် အကွာတွင် တည်ရှိသော လက်ပံချောင်း စံပြ ကျေးရွာနေ အဖ ဦးငွန်တောင်းလိန်နှင့် အမိ ဒေါ်ဆွီးခင်တောင်းတို့မှ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီ ၄ရက်တွင် သားလေး တစ်ဦး မွေးဖွားခဲ့ပြီး အဆိုပါ ကလေးသည် စအိုပေါက် မပါသဖြင့် ကလေး ပြည်သူ့ ဆေးရုံ၌ သွားရောက် ဆေးကုသရာ ဆေးရုံမှ ဆရာဝန်များက ကလေး၏ ဗိုက်ကို အပေါက်ဖောက်ပြီး အူမကြီးထုတ်ကာ မစင်သွားစေခဲ့သည်။
၂၀၀၉ခုနှစ် သြဂုတ် ၅ရက်တွင် မန္တလေး ပြည်သူ့ ဆေးရုံကြီးမှ ထိုကလေး၏ စအိုပေါက်ကို အောင်မြင်စွာ ခွဲစိတ် အပေါက်ဖောက် ပေးနိုင်ခဲ့သည်။ ယခုအခါ ကလေး ဗိုက်မှ ဖောက်၍ ထုတ်ထားသော အူမကြီးကို ဗိုက်ထဲ ပြန်ထည့်ပြီး ပုံမှန် အတိုင်း ဖောက်ထား သည့် စအိုပေါက်နှင့် ဆက်သွယ်ရန် အတွက် ကလေး အားနည်း နေသေး၍ မဆောင်ရွက် နိုင်သေးဟု ဆိုသည်။
ကလေးအား အာဟာရရှိသော အစားအစာများ ကျွေးရန် ဆရာဝန်များက ညွှန်ကြား ထားသော်လည်း မိဘများမှာ ငွေရေး ကြေးရေး တတ်နိုင်မှု မရှိ၍ ရှိသလောက် ဖြင့် ကျွေးမွေး ပြုစုထားသည်။ ကလေး ဆေးကုသမှု စရိတ်လည်း လိုအပ်နေရာ စေတနာရှင်များ အနေဖြင့် ဦးငွန်တောင်းလိန်+ဒေါ်ဆွီးခင်တောင်း ဖုန်း- (တစ်ဆင့်) ၀၇၃-၂၂၀၀၇ သို့ ဆက်သွယ် လှူဒါန်း နိုင် ကြောင်းသိရှိရသည်။
Myanmar Express
ကလေးမြို့၏ မြောက်ဘက် ၁၄ မိုင်ခန့် အကွာတွင် တည်ရှိသော လက်ပံချောင်း စံပြ ကျေးရွာနေ အဖ ဦးငွန်တောင်းလိန်နှင့် အမိ ဒေါ်ဆွီးခင်တောင်းတို့မှ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီ ၄ရက်တွင် သားလေး တစ်ဦး မွေးဖွားခဲ့ပြီး အဆိုပါ ကလေးသည် စအိုပေါက် မပါသဖြင့် ကလေး ပြည်သူ့ ဆေးရုံ၌ သွားရောက် ဆေးကုသရာ ဆေးရုံမှ ဆရာဝန်များက ကလေး၏ ဗိုက်ကို အပေါက်ဖောက်ပြီး အူမကြီးထုတ်ကာ မစင်သွားစေခဲ့သည်။
၂၀၀၉ခုနှစ် သြဂုတ် ၅ရက်တွင် မန္တလေး ပြည်သူ့ ဆေးရုံကြီးမှ ထိုကလေး၏ စအိုပေါက်ကို အောင်မြင်စွာ ခွဲစိတ် အပေါက်ဖောက် ပေးနိုင်ခဲ့သည်။ ယခုအခါ ကလေး ဗိုက်မှ ဖောက်၍ ထုတ်ထားသော အူမကြီးကို ဗိုက်ထဲ ပြန်ထည့်ပြီး ပုံမှန် အတိုင်း ဖောက်ထား သည့် စအိုပေါက်နှင့် ဆက်သွယ်ရန် အတွက် ကလေး အားနည်း နေသေး၍ မဆောင်ရွက် နိုင်သေးဟု ဆိုသည်။
ကလေးအား အာဟာရရှိသော အစားအစာများ ကျွေးရန် ဆရာဝန်များက ညွှန်ကြား ထားသော်လည်း မိဘများမှာ ငွေရေး ကြေးရေး တတ်နိုင်မှု မရှိ၍ ရှိသလောက် ဖြင့် ကျွေးမွေး ပြုစုထားသည်။ ကလေး ဆေးကုသမှု စရိတ်လည်း လိုအပ်နေရာ စေတနာရှင်များ အနေဖြင့် ဦးငွန်တောင်းလိန်+ဒေါ်ဆွီးခင်တေ
Myanmar Express
1 comments:
ဟုတ်.... လှူချင်ပါတယ်...
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်