Subscribe to our RSS Feed

ဦးမင်းကိုနိုင် ငွေတောင်းခိုင်းလို့ သွားတောင်းသည့် ၈၈ မျိုးဆက် ၅ ဦး အဖမ်းခံနေရ

တောင်ငူမြို့ "စည်ပင်ဂိုဏ်းအုပ်ကျောင်း" ဆရာတော် ဦးဥာဏိဿလင်္ကာရထံမှ ဦးမင်းကိုနိုင်နှင့် ၈၈မျိုးဆက် ကျောင်းသား တို့ ငွေတောင်းခိုင်းလို့ ကျပ်လေးသိန်းတစ်ကြိမ်၊ ငါးသိန်းတစ်ကြိမ် လာရောက်တောင်းယူခဲ့သူ ၈၈ မျိုးဆက် ငါးဦးကို ဆရာတော်က တိုင်ကြားလိုက်လို့ တောင်ငူရဲစခန်းက ဖမ်းလိုက်ပြီလို့ သတင်းရရှိပါတယ်။ ငွေတောင်းရာတွင် အသုံးပြုခဲ့ကားကိုလည်း ယင်းရဲစခန်းတွင်ပင် သိမ်းဆည်းထားကြောင်းသိရပြီး ယင်း ၈၈ မျိုးဆက် တို့ကို ယခုလ ၂၃ ရက်နေ့တွင် ရုံးတင်စစ်ဆေးမှာ ဖြစ်ပါတယ်။

မင်းကိုနိုင် ဟာ အခုလိုပဲ အကျီဖြူဝတ်ထားတဲ့ လူတွေလွှတ်ပြီး ဘုန်းကြီးကျောင်းတွေမှာ လိုက်ကာ ပိုက်ဆံတောင်းတတ်ကြောင်းနဲ့ ကျောင်းသားတွေ အကျိုးဆောင်ရွက်ဖို့ တောင်းတယ် လို့ ပြောကြောင်းကို ပဲခူးမြို့က ဆရာတော် တစ်ပါး
မှ အခုလို မိန့်ကြားပါတယ် "ဦးဇင်းတို့ကတော့ ကိုယ့်မှာလည်း သိပ်မရှိတော့ အများကြီးမပေးနိုင်ဘူး... မပေးနိုင်ဘူးဆိုပေမယ့်လည်း စုစုပေါင်း ၆ သိန်း ၇ သိန်းလောက်တော့ ရှိမယ်ထင်တယ်... ဒီလိုပဲ ခဏခဏ တော့ လာတောင်းတယ်.... အစိုးရက နိပ်စက်လို့ ကျောင်းသားတွေကို ကူညီဖို့လို့ပြောတာပဲ..." လို့ မိန့်ကြားသွားပါတယ်။

ဦးမင်းကိုနိင် နဲ့ အဖွဲ့ ဟာ မြန်မာနိုင်ငံ အနှံ့လျှောက်သွားနေကြပြီး ကချင် ပြည်နယ်နှင့် ကရင်ပြည်နယ်များမှ ဘုန်းကြီးကျောင်းများသို့ သွားရောက်ခဲ့ပြီး ဖြစ်တယ်လို့ သိရပြီး အခု အဖမ်းခံရသူ ၈၈ မျိုးဆက် ၅ ဦး နဲ့ ပတ်သက်ပြီး ဦးမင်းကိုနိုင်တို့ဖက်မှ တစုံတရာ ကြေညာချက် ထုတ်ပြန်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

၈၈ မျိုးဆက်များအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မသိသလို နေနိုင်ကြောင်း နဲ့ အရင် ဦးဌေးကြွယ်တုန်းက ဒေါ်စန္ဒာမင်းနဲ့ အတူအိပ်ခဲ့တာကိုလည်း ၈၈ မျိုးဆက်တို့ ခုထိ ဘာမှ ပြန်မဖြေရှင်းနိုင်ပဲ ဖြစ်ခဲ့ကြောင်းကို မြန်မာ့အရေး ကျွမ်းကျင်သူ တစ်ဦးက အခုလို ပြောပြပါတယ်.... "၈၈ ခေါင်းရှောင် တွေကတော့ ထုံးစံအတိုင်း ခေါင်းရှောင်ဖို့ များတယ်ဗျ... သူတို့မသိဘူး.. မဟုတ်ဘူး... ပေါ့... ကြားထဲက တောင်းခိုင်းလို့ သွားတောင်းတဲ့ ၅ ယောက်ကိုတော့ ထောင်ကျကျ သေသေ ဂရုစိုက်ကြမှာ မဟုတ်ဘူး... ဒေါ်စန္ဒမင်းနဲ့ ကိုဌေးကြွယ် အတူအိပ်တုန်းက အဲလိုပဲ... " လို့ ပြောပါတယ်။

ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဌေးကြွယ် တို့ ဦးစီးတဲ့ ၈၈ ကျောင်းသား များ အားလုံးဟာ အခုချိန်ထိ လက်ဆုတ်လက်ကိုင် ပြနိုင်စရာ အခြေတကျ စီးပွားရေးလုပ်ငန်း တစ်ခုမှ မရှိပဲ သွားလာ သုံးစွဲ စားသောက်နေတာနဲ့ ပတ်သက်ပြီး ပြည်သူအများက စိတ်ဝင်းစားလျှက် ရှိနေချိန်မှာ အခုလို ဘုန်းကြီးကျောင်းတွေကနေ ပိုက်ဆံလိုက်တောင်း တဲ့ သတင်း ထွက်လာတာ ဖြစ်ပါတယ်။



Myanmar Express

6 comments:

ဘုန်းကြီးဆီက ငွေလိမ်တဲ့ ကောင်တွေ .. စားလို့ ၇တုန်းတော့ အဲ့ လည်ချောင်းကြီးနဲ့ မျိုထားကြအုံးပေါ့.. လည်ချောင်း ပေါက်ပီး အသေဆိုးနဲ့ သေကြမှာ မကြောက်ြ ကဘူးလားးးးး

ပြောမနေပါနဲ့ဗျာ။ ငရဲမကြောက်လို့လုပ်ကြတာနေမှာပါ။ င၇ဲမကြောက်လို့ကတော့ သရဲခြောက်တာထက် ပိုဆိုးမယ် ၈၈ခုနှစ်ကတည်းက ကျောင်းမပြီးသေးတဲ့ ကောင်လေးတို့ရေ့။

phone-gyi tway ko pyi-thu tway ga hlu del, 88 kaung dway ga phone-gyi shi ga pyan lane del, ah-wi-zi net nii pyi.

ဟုတ်ပါ့ဗျာ.... အဲ့တာ သွယ်ဝိုက်သော နည်းနဲ့ ပြည်သူကို လိမ်တာပဲပေါ့... ဟုတ်ဘူးလား.. အပေါ်က နောင်တော်ရေ...

ကျော်သူကိုလဲ စိတ်ပျက်မိပါ့.. စောက်မွှေး တကားကားနဲ့ .... ဘာနဲ့ တူနေမှန်းကို မသိဘူးး ၇ွံစရာတော့ ကောင်းသားးး ထ၀ီးးးးးးးးးးး

ပြည်သူများမှထောက်ခံအားပေးနေကြသူများ.....
ဒေါ်စု.....နိုင်ငံခြားသားမယား၊ဖခင်မျက်နှာကိုမထောက်သူ၊သားသမီးဝတ်(စောင့်လေမျိုးနွယ်)ကိုမသိသူ
စန္ဒာမင်း(NLD လွှတ်တော်အမတ်).....၈၈မျိုးဆက်ဌေးကြွယ် နဲ့အိမ်ထောင်ရေးဖောက်ပြန်သူ
ဇေယျာသော်.....4သမား၊ထောင်ထွက်
မင်းကိုနိုင်.....ဘုန်းကြီးများထံမှတောင်းစားသူ
၈၈မျိုးဆက်များ.....ရခိုင်ပြည်နယ်ကိုရိုဟင်ဂျာအားရောင်းစားချင်သူ
များ
မျက်စိကိုဖွင့်ပြီးဦးနှောက်နဲ့တွေးတောစဉ်းစားကြပါဗျာ.....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်