Subscribe to our RSS Feed

NLD ကိုယ်စားလှယ်များမှ မဲပေးခဲ့သူ ပြည်သူများအား မထီလေးစား လုပ်မှုကြောင့် ပြည်သူများက မကျေမနပ်ဖြစ်နေ


လွှတ်တော်ထဲရောက်ရင် ဆင်ဖမ်း၊ ကျားဖမ်းမယ် ပြောခဲ့တဲ့ NLD ကိုယ်စားလှယ်တွေဟာ အခု လွှတ်တော်မတတ်ပဲ နေမယ်လို့ ကြေညာလိုက်တဲ့အတွက် မဲဆွယ်တုန်းက ပြောခဲ့သမျှကို ယုံကြည်ပြီး မဲပေးခဲ့သူ ပြည်သူလူထုက မကျေမနပ်ဖြစ်နေကြောင်း သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲလိုချင်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်သွားရင် ကချင်အဝတ်အစားဝတ်၊ ရှမ်းပြည်နယ်သွားရင် ရှမ်းအဝတ် အစားကြီးဝတ်ကာ မျက်နှာကို တက်နိုင်သမျှ ပြုံးပြီး လွှတ်တော်ထဲရောက်ရင် ဘာလုပ်ပါမယ်၊ ညာလုပ်ပါမယ်..၊ ဒါကြောင့် NLD ကို မဲပေးပါလို့ ပြောခဲ့ပါတယ်။ ၎င်း စကားကို ယုံကြည်ကာ မဲ ပေးခဲ့ကြပြီးမှ အခုတော့ ပြည်သူတွေက ရွေးချယ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကပဲ လွှတ်တော် မတတ်ဘူးလို့ ပြောနေကြပြန်ပါတယ်။ အခုလို ကတိမတည်မှု၊ ကိုယ့်စကားကိုယ် တာဝန်မယူမှုနဲ့ ပြည်သူတွေကို လိမ်ညာ လှည့်ဖျားပြောဆို မှုနဲ့ ပြည်သူ့ဆန္ဒကို မထီမဲ့မြင်ပြုကာ စော်ကားမှု တို့အတွက် လူထုတရပ်လုံးက NLD ကို စိတ်ပျက်နေကြောင်း သတင်းရရှိပါတယ်။

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ ဒီကနေ့ မနက်က တံခါးပိတ် အစည်းအဝေးလုပ်ခဲ့ပြီးနောက် လွှတ်တော် မတက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

စင်္ကာပူရောက် မြန်မာ သင်္ဘောသား တစ်ဦးကတော့ ယခု ကိစ္စနဲ့ ပတ်သက်ပြီး NLD ကို အလွန်စိတ်ပျက်မိကြောင်း ၊ အခြေခံဥပဒေကို ဘောင်ထဲကပဲ ပြင်စေချင်ကြောင်းနဲ့ ဖျက်ပြီး ကပြောင်းကပြန် မလုပ်စေချင်ကြောင်း၊ NLD ပါတီမှ အရည်အချင်း ဘာမှမရှိတဲ့ ဒေါ်စု မျက်နှာနဲ့ ကိုယ်စားလှယ်ဖြစ်သူများ အတွက် ရင်လေးကြောင်း အခုလို ပြောဆိုပါတယ်...

" တော်တော်စိတ်ပျက်ဖို့ကောင်းတာပဲဗျာ။ အခြေခံဥပဒေကိုနားမလည်ဘူးလား ။ ကျနော်တို့ လုပ်ချင်တာက ၂၀၀၈ ဥပဒေကို ဥပဒေက ခွင့်ပြုထားတဲ့အတိုင်း ဘောင်းအတွင်းကနေ ပြင်ဆင်ချင်တာ ။ ၂၀၀၈ ဥပဒေကိုဖောက်ဖျက်ပြီး ကပြောင်းကပြန်လုပ်ချင်တာမဟုတ်ဘူး။ အခု သူ တို့က မေမေစု မျက်နှာနဲ့ ထောက်ခံလို့ရတဲ့မဲတွေနဲ့နိုင်လာပြီး ကိုယ်ပိုင်အရည်အချင်းဘာမှမရှိယုံမက ..အခု လွှတ်တော်ထဲတောင်မ၀င်ရသေးဘူး ..အခြေခံဥပဒေကိုကျေအောင်မဖတ်ဘဲ ကပြောင်းကပြန်တွေလုပ်မယ်လို့ စိုင်းပြင်းနေပြီ ..။ ဒီလို ဝေဖန် ပြောဆိုသုံးသပ်ချက်တွေဟာ အခုလို အရေးကြီးတဲ့ အချိန်မှာ မလိုလားအပ်ဘဲ ..နားလည်မှု အမှားတွေ ကိုသာ ဖြစ်ပေါ်စေလိမ့်မယ် ။ အမေဆုရော၊ နေက်လိုက် အဘိုးကြိး အချို့ နဲ့ သက်ကြားအို တွေ ငဖားငယား တွေ သာကူးတွေ နဲ့ အတိပြိးတဲ့ အင်အားစု အချို့အနေနဲ့လဲ လူထုခေါင်းဆောင် နဲ့ နောက်လိုက်ပီသအောင် ကိုယ့်ကိုကိုယ် အရည်အချင်းရှိအောင် ကြိုးစားကြဖို့လိုပြိ ..။" လို့ ပြော ပြောခဲ့ပါတယ်။


ပြည်သူလွတ်တော် ဥပဒေကော်မရှင် ထဲက အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးသန်းမောင်ကတော့ ပြည်သူက ရွေးကောက်တင်မြှောက်ထားတယ်လို့ ပြောနေကြပြီး လွှတ်တော်အမတ်လုပ်မယ့်လူများအနေနဲ့ စကားလုံး အသုံးအနှုန်းတွေ ကို တွယ်ကပ်နေတာနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း အခုလို ပြောဆိုပါတယ်...

“ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခါမှာ သုံးတဲ့ စကားလုံးက ကာကွယ်စောင့်ရှောက်တယ် လို့ဘဲ ပြောပြော လေးစား လိုက်နာတယ် လို့ဘဲ ပြောပြော ကျနော်ကတော့ အတူတူဘဲ သက်ရောက်မှု လည်း ရှိတယ်။ ဘာလို့လည်း ဆိုတော့ လေးစား လိုက်နာတယ် ဆိုတော့ လေးစားတယ် ဆိုတော့ Pay respect ပေါ့။ လိုက်နာတယ် ဆိုတော့ to comply ပေါ့ဗျာ။ ကာကွယ် စောင့်ရှောက်တယ် ဆိုတာတော့ safeguard ပေါ့ဗျာ။ ကာကွယ် စောင့်ရှောက် တာလည်း အခြေခံ ဥပဒေ အရ ဖြစ်လာတဲ့၊ ရွေးကောက်ပွဲ အရဖြစ်လာတဲ့ လွှတ်တော် အမတ်တွေ ဟာ အခြေခံ ဥပေဒအရ လုပ်ရမယ် ကိုင်ရမယ့် ဟာတွေ ရှိတယ်။ အဲဒီတော့ အခြေခံ ဥပေဒ အရ ပြင်ဆင်ခွင့်ကိုလည်း အခြေခံ ဥပဒေထဲမှာ သွားတွေ့တယ်။ ဒီဟာတွေက ကျနော် ထင်တာတော့ လွှတ်တော်ထဲကို ရောက်ပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာတဲ့ အခါမှ လိုအပ်တဲ့ ဟာတွေ ကို ဆက်လက် ကျင့်သုံးသင့်တယ် ထင်တယ်။ ဒီ အဝင်မှာ အဲဒီ ကိစ္စတွေ ကို၊ စကားလုံး အသုံးအနှုန်းတွေ ကို သိပ်ပြီးတော့ တွယ်ကပ်နေပြီးတော့ ကြိုးစားနေမယ် ဆိုလို ရှိရင် အစ မကောင်းဘူး ဖြစ်သွားမှာ ကို ကျနော် က စိုးရိမ်တယ်။" လို့ ပြောကြားခဲ့ပါတယ်။

NLD ရဲ့ ယခု လုပ်ဆောင်ပုံနဲ့ ပတ်သက်ပြီး ဖိုးသင်းမျောက် လို ပွဲကောင်းမှ ဖင်လှန်ပြ တယ်လို့ ယူဆကြသူတွေရှိသလို ဆင်ကောင်ကြီး အမြီးကျမှ တစ်နေတယ်လို့ ဝေဖန်ကြသူတွေလည်း ရှိနေပါတယ်။

NLD ပါတီဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အပြီးမှာ ပြည်ထောင်စု လွှတ်တော်မှာ အမတ် ၇% ခန့် အမတ်နေရာ ရခဲ့တဲ့ ပါတီဖြစ်ပါတယ်။ အမတ်အင်အားနည်းမှုနဲ့ အရည်အချင်းမပြည့်မှီမှုများကြောင့် လွှတ်တော် တက်ရန် စိုးရွံ့နေကြတယ်လို့လည်း ပြည်သူလူထုက သုံးသပ်နေကြပါတယ်။

Myanmar Express

13 comments:

STUPID NLD!

STUPID NLD!

STUPID NLD!

STUPID NLD!

STUPID NLD!

STUPID NLD!

STUPID NLD!

STUPID NLD!

STUPID NLD!

STUPID NLD!

NLD always let myanmar people down.They should study international constitutions.For this case,it is right not to reconsider for them.Nobody should above the law.

လွှတ်တော်ထဲမှာ ၀င် တင်ပြဖို့နေနေသာသာ..ထပြောရဲတဲ့ အရည်အချင်းတောင်မှ ရှိပါ့မလား စိုးရိမ်မိတယ်...

မသမာလို့ အနိုင်ရတဲ့ငဖွတ်တွေ နိုင်ငံရေးတွေ့ကြုံဆိုလို့ ထောင်ထဲမှာ အာချောင်တာလောက်သာ တွေ့ဖူးတဲ့ကောင်တွေ ကောင်မတွေပဲ

Hello ME! Please try to write the article like

" Ta Nar Loe Noe Pay Kaing Dar Saput Yan Shar Chin Taw NLD arr Lee Pal Ya Mal Hu Pyaw Yar NLD Hma LEE Pal You Dot Mal Hu Pyan Pyaw Chin"

Sorry! I don't know how to type Myanmar fonts.

သောက်ရူးတွေ၊ အသုံးမကျလို့ထောင်ထဲဝင်၊ အလုပ်မရှိတော့ နိုင်ငံရေးလုပ်၊ ထမင်းဖိုးရအောင် အသံကောင်းလွှင့်၊ အခုကြတော့ လူတောတိုးဖို့ ကြောက်နေတဲ့ ငဒူတသိုက် NLD .

တတ်ရောင်ကားတွေရဲ့ ဇာတ်လမ်းကတော့ စပြီဟေ့..

လွှတ်တော်ထဲ မ၀င်ရဲတာပဲ ဖြစ်မယ်.. အရည်ချင်းမှ့ မ၇ှိတာ.. လွှတ်တော်ထဲမှာ မင်းမဲ့ စ၇ိုက်လုပ်လို့ မ၇ဘူးဆိုတာ သူတို့တွေ သိတယ်လေ.. ဒါကြောင့် လမ်းဘေး အဆင့်သာသာ ၇ှိကြတဲ့ NLD က လွှတ်တော် ကိုယ်စလှယ်တွေ ဘယ်လို လှည့်ပြောအုံး မလဲဆိုတာ စောင့်ကြည့် နေကြပါတယ်... နောက်ပီး စကားကိုလဲ ခုတစ်မျိုး တော်ကြာတမျိုး နဲ့ ဘာတွေမှန်းလဲ မသိဘူးး ကြာရင် NLD ကို ပြည်သူတွေ စိတ်ပျက်လာ မှာတော့ သေခြာနေပါပီးးးးး

အ၇ည်အချင်းမ၇ှိတဲ့ NLD .အခြေခံဥပဒေတောင်မသိပဲနဲ့ အမတ်လုပ်ချင်နေသေးတယ်...fuk NLD

From myanmaralways.wordpress.com

“မယောင်ရာဆီလူးလို့ကောင်းနေတဲ့ စုစု နဲ့ သောင်းပြောင်းများ”

သုံးရက်တောင် စောင့်ကြည့်လိုက်တယ်၊ အဖွဲ့ချုပ်က လွှတ်တော်မတက်တော့ဘူးလို့ စဟစ်တဲ့နေ့ကစလို့ပေါ့။ လွှတ်တော်တက်ရင် ကျမ်းသစ္စာကျိန်ဆိုရမယ်၊ “ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်” လို့ ကျိန်ရမယ်။ မကျိန်နိုင်ဘူး၊ ဒီဥပဒေကို အစကတည်းက လက်မခံခဲ့တာ ဘာလို့ကာကွယ်စောင့်ရှောက်ရမှာလဲ။ ဘယ်သူကဖျက်မလဲ ဖျက်ပေါ့၊ ကိုယ်လဲ ကြိုးစားဖျက်မှာပဲ။ အော် . . . ဒီလိုလား။

“ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လေးစားလိုက်နာပါမည်” ဒီလိုပြောင်းပေးရင် ကျမ်းကျိန်ပေးမယ်၊ အဲဒီလို ပြောင်းလဲပေးလို့လဲ ပါတီမှတ်ပုံတင်ခဲ့တယ်။ ခုလဲ အဲဒီအတိုင်း ပြောင်းလိုက်ပါ။”

အင်း၊ ဒီလိုလား။ ဟုတ်ပြီလေ။ ကဲ၊ ကျနော်ကပဲ ကြားထဲကနေပြီး ပြောင်းပေးလိုက်ပါတယ်။ စုစုတို့ဖက်ကလဲ ကိုယ့်စကားအတိုင်း၊ ကိုယ်ကျိန်တွယ်ခဲ့တဲ့အတိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို လေးစားကြပေတော့၊ လိုက်နာကြပေတော့။ ဘာမှ အထွန့်တက်မနေကြနဲ့တော့၊ လေးစားပါတယ်၊ လိုက်နာပါတယ်ဆိုမှတော့ ရေးထားသမျှ ပြဋ္ဌာန်းထားသမျှ လိုက်နာအကောင်အထည်ဖော်ကြပေတော့။

တကယ်ကတော့ စုတို့အဖွဲ့နဲ့ အထူးသဖြင့်ပြည်ပက အိယောင်ဝါးတွေဟာ စုကိုယ်တိုင် လေးစားလိုက်နာပါမည်လို့ ပြီးခဲ့တဲ့နှစ်နိုဝင်္ဘာကတည်းက လက်မှတ်ထိုးမှတ်ပုံတင်ခဲ့ပေမဲ့၊ ခုထိ မြန်မာနိုင်ငံကို ဘာသာခြားစကားနဲ့ မြန်မာလို့ မခေါ်နိုင်ပဲ တစ်ဗားမားထဲဗားမားနေတာ လူတိုင်းကြားဖူးမှာပါ။ ဖွဲ့စည်းအုပ်ချုပ်ပုံထဲမှာ ပြည်တွင်းကော ပြည်ပကော မြန်မာနိုင်ငံလို့ခေါ်တွင်စေရမည်တဲ့လေ။ ဒါမျိုးကအစ ပြောင်းပြန်လှန်ပစ်ဖို့ကြိုးစားနေတာ တယ်လဲ တိမ်ပါကလားနော်။ တကယ်လုပ်ရမှာက လူ့အခွင့်အရေးတိုးတက်ကောင်းမွန်အောင်၊ ပြည်သူတွေ စားဝတ်နေရေးစိတ်အေးရအောင်၊ သားသမီးတွေ ပညာသင်ပေးနိုင်အောင်၊ တစ်မျိုးသားလုံး ကျန်းမာအောင်၊ ဖြစ်နေဆဲ စစ်ပွဲတွေ အဆုံးသတ်သွားအောင် စတဲ့စတဲ့ တကယ့်လုပ်စရာတွေ အများကြီးပါဗျာ။

တကယ်တော့ စုစုတို့အဖွဲ့ဟာ နှစ်နှစ်ဆယ်ကျော် မှားယွင်းတဲ့ပေါ်လစီအမှားကြီးကို ကိုင်တွယ်ခဲ့တာကို ဖုံးဖိကွယ်ကာလိုတဲ့အတွက် အရေးမပါတာနဲ့ သိက္ခာပြန်တင်ဖို့ကျိုးစားနေတာပါ။ ပျက်အစဉ် ပြင်ခဏ အခုပြင်ဖို့သတိဝင်လာလို့ ပြင်ခဲ့ပြီပဲ၊ ရဲရဲပေါ့၊ ဘာဖြစ်လို့ မဏ္ဍပ်တိုင်တက်ပြချင်နေသလဲ။ ပြည်သူတွေကလဲ ဘယ်သူမှ ဒီအမှားကြီးကို ရမယ်ဖွဲ့ပြီး အပြစ်ပြောမနေပါဘူး။ သူတို့ဝိုင်းလို့ဝန်းလို့လဲပဲ ပြိုင်သမျှနေရာတိုင်းလောက် နိုင်ခဲ့ပြီပဲ၊ သဘောပေါက်သင့်၊ ကိုယ့်ဖက်ကလဲ ပြန်လည် ရိုးသားသင့်၊ ပွင့်လင်းသင့်တယ်မဟုတ်ပါလား။

ဒီဖွဲ့စည်းအုပ်ချုပ်ပုံကို ကိုယ်အားအင်ပြည့်ဖြိုးတဲ့အချိန်မှာ တစ်ပုဒ်ခြင်းပြင်မလား ပြင်နိုင်တယ်၊ တစ်အုပ်လုံး မြောင်းထဲပစ်ထည့်လိုက်ပြီး အသစ်ပြန်ရေးမလား၊ ရေးနိုင်တယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၀၀၈ ခုနှစ်တုန်းကလဲ ကျနော် ပြောခဲ့တယ်။ ဘီဘီစီရေဒီယိုကနေ တစ်ဖက်က အခုအမတ်ဖြစ်နေတဲ့ အဲဒီအချိန်က အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ဦးသိန်းညွန့်၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊ သြစတြေးလျက မြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ချိုတို့ ၃ ဦးနဲ့ အတိုက်အခံလုပ်ပြီး ကျနော်ပြောခဲ့တယ်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို လက်ခံလိုက်ကြပါ၊ ခုကတည်းက ၂၀၁၀ ရွေးကောက်ပွဲနိုင်ရေးကို ပြင်ဆင်စည်းရုံးကြပါလို့ ကျနော်ဆော်သြခဲ့တယ်။ နောင် ကိုယ်အင်အားရှိတဲ့အခါမှာ အသစ်ထပ်ရေးမလား ရေးနိုင်တယ်၊ ကျနော်တို့အိမ်နီးခြင်း ထိုင်းနိုင်ငံမှာ ၁၇ ခုမြောက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးနေတယ်လို့ နမူနာပေးပြီး ထောက်ပြခဲ့တယ်။ ဘာလို့ထောက်ခံရမလဲဆိုတော့ တခြားရွေးစရာလမ်းမရှိလို့၊ ကြိုက်လို့မဟုတ်ဘူးလို့ ပြောခဲ့တယ်လေ။ ကဲ၊ အခု ရွေးစရာမရှိတော့ စုစုတို့လဲ ထောက်ခံလိုက်ကြရပြီ၊ ခေါင်းငုံ့ဝင်လိုက်ကြရပြီ မဟုတ်လား။ ခေါင်းငုံ့ဝင်ရာက နည်းနည်းလေး မေးကလေးဆွဲတင်နိုင်အောင် ရွေးကောက်ပွဲဥပဒေမှာ ကာကွယ်စောင့်ရှောက်ပါမည်အစား လေးစားလိုက်နာပါမည် လိုက်တယ်ပေါ့။ ဒီလောက်တော့ ငတုံးမဟုတ်သူ ဘယ်သူမဆိုနားလည်ပါတယ်။ ကုလားကြီးနဲ့အရာကြီးပါ။

From myanmaralways.wordpress.com
သတင်းလောက အထူးသဖြင့် အာရ်အက်ဖ်အေကလဲ ဒီစကားရပ်၂ ခုဟာ မိုးနဲ့မြေခြားနားသယောင်ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းပေးနေတာတွေ့ရပါတယ်။ ထူးပြီး စိတ်မပျက်ပါဘူး။ ဒီအသံလွှင့်ဌာနဟာ နောင်ဆိုရင် အဲန်အယ်လ်ဒီရေဒီယိုလို့ နာမည်တောင် ပြောင်းဖို့များပါတယ်။ တစ်လျှောက်လုံး အဖွဲ့ချုပ်စင်မြင့်လုပ်ပေးနေတာပါ။ စုစုက အပတ်စဉ် အစီအစဉ် ၂ ခု၊ ဦးဝင်းတင်က ၂ ခု၊ ဦးတင်ဦးက ၁ ခု စသဖြင့် ပြတ်တယ်ကို မရှိပါဘူး။ အဲဒါ လွတ်လပ်တဲ့သတင်းအဖွဲ့အစည်းရဲ့ပြယုဂ်ပါပဲ။ မနေ့က ဘုန်းကျော်ရေးတဲ့ မြန်မာတွေဖားတာ ဗီဇကိုကပါလာတာဆိုတာကို ထောက်ခံသူတွေများလာတာ မဆန်းပါလားလို့တောင် မြင်မိပါတယ်။

အော်၊ ဟို တောခိုကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်နဲ့ အပေါင်းပါ ၁၄ ဦး၊ ပေါင်း ၁၅ ဦးကို ပထမဆုံးအကြိမ်ခေါင်းဖြတ်သတ်တာဟာ မှန်ကန်တယ်လို့ ထုတ်ပြန်ကြေငြာဖူးတဲ့ ကိုအောင်ထူးဆိုသူကိုလဲ အာရ်အက်ဖ်အေက ပွဲထုတ်ပြီးတော့ ဥပဒေအမြင်နဲ့ ဒီစကား ၂ရပ်ရဲ့ မဟာခြားနားခြင်းကို ဖွင့်ခိုင်းပါတယ်။ အဲဒီအထဲမှာ အမေရိကားက ပါမောက္ခ ဂျိုးဇက်ဖ် ဆီလ်ဗာစတိန်းလဲပါပါတယ်။ အားလုံးဟာ စုစုဖက်က ဖားကြတဲ့သူတွေချည်းပါပဲ။

အခု နည်းနည်းအရေးပါတာတစ်ခုကို ပြောပါရစေ။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရှိတဲ့ နိုင်ငံတိုင်းမှာ ဒီဥပဒေကို ပြင်ဆင်ခွင့်ဆိုတာ ပါမြဲဖြစ်ပါတယ်။ ကျနော်တို့ဆီမှာတော့ ဒီပြင်ဆင်ခွင့်ကို ခက်ခဲအောင်၊ မဖြစ်နိုင်လောက်အောင် ကန့်သတ်ထားတယ်။ ဥပမာ ပြင်ဆင်ချင်ရင် လွှတ်တော်အမတ် ၇၅% အထက် ထောက်ခံမှ ပြင်နိုင်တယ်ပေါ့ဗျာ။ အခုပြီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲကိုကြည့်ရင် အဖွဲ့ချုပ်ဟာ ၂၀၁၀ ကသာ ဝင်ခဲ့ရင် လွှတ်တော်ထဲမှာ သေချာပေါက် အများစုဖြစ်မှာပဲ။ အဲဒါကိုအစိုးရိမ်လွန်ပြီး ရွေးကောက်ပွဲအနိုင်အရှုံးစာရင်းမကြေငြာခင် စစ်တပ်က အာဏာထပ်သိမ်းတာလဲ ဖြစ်ချင်ဖြစ်သွားနိုင်တာပဲ။ သေချာတာတစ်ခုကတော့ အဖွဲ့ချုပ်မှားခဲ့တယ်ဆိုတာပါပဲ။

ခုတော့ ၂၀၁၅ ကို အဖွဲ့ချုပ်က ဣနြေ္ဒရရစောင့်သင့်တယ်လေ။ ဒါဆိုရင် သေချာပေါက် ပါလီမာန်မှာ အများစုဖြစ်မယ်။ အစိုးရဖွဲ့နိုင်မယ်။ စုစုကတော့ ကံမပါဘူးပြောရမလား၊ ဥပဒေပုဒ်မ ၅၉ (စ) အရ သမတမဖြစ်နိုင်ဘူး၊ ဦးဥာဏ်ဝင်းဖြစ်မလား၊ ဦးဟံသာမြင့်ဖြစ်မလား၊ မလား မလားပေါ့ဗျာ။ လွှတ်တော်ထဲရောက်၊ အများစုဖြစ်ရုံနဲ့လဲ မကြိုက်တဲ့ဥပဒေတွေကို အကုန်မပြင်နိုင်သေးပါဘူး။ စစ်တပ်က ၂၅%ကိုင်ထားတယ်။ စစ်တပ်ပါတီနဲ့ မဟာမိတ်ပြုထားတဲ့ပါတီလဲ အနည်းအကျဉ်းရှိနိုင်တယ်။ ဒီတော့ အမြဲတမ်း အဖွဲ့ချုပ်ဟာ ၇၅%အထက်ရအောင် လုပ်နိုင်ကောင်းမှ လုပ်နိုင်မယ်။ မလုပ်နိုင်ရင် မပြင်နိုင်ဘူး။

အခုဆိုရင် ကိုယ်မှားခဲ့တဲ့အမှားကို ရိုးရိုးသားသားဝန်မခံပဲ ကပ်သီးကပ်သပ်ကော တစာစာကော အလုပ်လွန်လို့ အများပြောတဲ့စစ်တပ်က အမာလိုင်းကများ အာဏာတက်သိမ်းလိုက်ရင် (တက်သိမ်းဆိုတာထက် လွှဲယူလိုက်ရင်) သောက်ကျိုးနဲ နောက်ထပ် ဆယ်စုနှစ်ဘယ်နှစ်စုဆုတ်သွားမလဲဆိုတာ မတွက်ကြဘူး။ အမေရိကန်နဲ့ ဥရောပ အထူးသဖြင့် အင်္ဂလန်က ယှဉ်တွဲရပ်ပြတာနဲ့ ကဲမဆုံးရင် ဘုန်းဘုန်းလဲသွားနိုင်တယ်ဆိုတာ ထည့်မတွက်ဘူး။ တကယ်လုပ်လိုက်ရင် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုကို အလွယ်တကူဝင်ရောက်စွက်ဖက်လို့ မရဘူး။ စွက်ဖက်မယ်ဆိုရင် မဆိုကောင်းဆိုစကောင်း အရှောင်မကောင်းရင် အလောင်းတောင်ရှာတွေ့မှာမဟုတ်ဘူး။ သူတို့မှာလဲ သူတို့စိုးရိမ်ပူပန်ချက်တွေနဲ့ ဖြေးဖြေးခြင်းပြောင်းတာကိုပဲ မျှောလိုက်ရင်း အခြေအနေကောင်းလာတော့ ကမ်းပေါ်တက်ကျန်ရစ်ကြချင်မှာပေါ့။

တပ်အနေနဲ့ကလဲ တင်းတိုင်းသာလျှော့ပေးရမယ်ဆိုရင် ဘာသိက္ခာမှလဲ ကုန်းကောက်စရာကျန်မှာမဟုတ်ဘူး။ ဒီဖက်ကလဲ ရလေတောင်းလေ နေမှာပဲ။ သမတကြီးဦးသိန်းစိန်လဲ သူလုပ်နိုင်တဲ့ဘောင်အတွင်းကနေ တတ်နိုင်တာမှန်ရင် လိုက်လျောနေတယ်။ သူလဲ အကုန်မပိုင်ဘူးဆိုတာထည့်မတွက်ရင် အတူအလုပ်လုပ်လို့ရတဲ့သူကို မောင်းထုတ်ပစ်သလိုတောင် ဖြစ်သွားနိုင်တယ်။ မထူးဇာတ်ခင်းရင် ခံရမှာက ကိုယ်ကအရင်ဖြစ်တယ်၊ ပြီးတော့ ကိုယ်က အလုပ်အကြွေးပြုချင်လှပါတယ်ဆိုတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ရောင်ခြည်ကို ကိုယ်ကပဲ မှုတ်ပစ်လိုက်တာ ငြှိမ်းပစ်လိုက်တာဖြစ်တယ်ဆိုတာလောက်တော့ အောင်မြင်မှုတွေအပေါ်တက်နေတဲ့ မာနကလေးကို ဘေးမှာအသာချပြီး စဉ်းစားတတ်ဖို့ တွေးတောတတ်ဖို့လိုတယ်လို့ သတိပေးချင်တယ်။

ဒီတစ်ခါ နိဂုံးချုပ်အနေနဲ့ပြောချင်တာကတော့၊ ရွေးကောက်ပွဲဝင်ခဲ့တဲ့ရည်ရွယ်ချက်၊ မဲဆွယ်တုန်းက ပြည်သူလူထုအပေါ်ပေးခဲ့တဲ့ကတိဆိုတာတွေနဲ့ ပြည်သူကို မလှည့်စားပါနဲ့၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကိုပြင်ချင်ရင် လွှတ်တော်ထဲမှာ နေရာများနိုင်သလောက်များအောင်လုပ်ပါ။ နောက်ဆုံး ၇၅%ရတဲ့အခါမှာ စစ်ဗိုလ်တွေထဲကလဲ ဖောက်ပြီး ထောက်ခံမဲ့မနှိပ်ဘူးမထင်ပါနဲ့၊ အပြုတ်ခံ အညှင်းဆဲခံပြီး နိုင်လောက်တဲ့အချိန်မှာ ဝင်နှိပ်မဲ့သူတွေလဲ ရှိလာနိုင်ပါတယ်။ အဓိကက အခုပြည်သူအများစုခံစားနေရတဲ့ အခြေခံစားဝတ်နေရေး၊ အခြေခံကျန်းမာရေး၊ အခြေခံပညာရေးတွေကို အမြန်ဆုံးစတင်ကုစားကြဖို့ဖြစ်ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပြင်ဆင်ရေးဆိုတာ တမဟုတ်မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် မယောင်ရာ ဆီမလူးနဲ့ ယောင်တဲ့နေရာတွေကို အရင်ဆီလူးပါ၊ ကုသပါလို့ သတိပေးလိုက်ကြောင်းပါခင်ဗျား။

သူတို့က လမ်းမပေါ်မှာ မင်းမဲ့စရိုက်တွေကို ပြည်သူတွေဆီ ချပြဖို့နဲ့ မူးရူးပြီး ၀ူးဝါးဝူးဝါး လောက်ပဲလုပ် လုပ်တတ်ကြ
တာ ကလားဗျ

လွှတ်တော် တတ်တာတောင် နှစ်ရက် မပြည့်သေးဘူး.. ဆဲနေတယ်လို့ ဘယ်သူပြောတာလဲ.. မနေ့ကတော့ ဖုန်းကိစ္စပြောသေးတယ်ဆို

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်